နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများအကြား အပြန်အလှန် ပေါင်းကူးဆက်သွယ်ခြင်းသာမက ပြည်ပနိုင်ငံများကပါ မိမိတို့၏ သတင်းမှန်၊ အခြေအနေမှန်များကို သိရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်

ရန်ကုန်  ဒီဇင်ဘာ  ၆


ပြန်ကြားရေး    ဝန်ကြီးဌာန ပြည်ထောင်စု       ဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်း မြို့နယ်ရှိ မြန်မာ့အလင်း  သတင်း စာတိုက်နှင့် တာမွေမြို့နယ်ရှိ The Global New Light of Myanmar သတင်းစာတိုက်တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး     ဝန်ထမ်း များအား  ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးသည်။


ရှင်းလင်းတင်ပြ


ရှေးဦးစွာ    မြန်မာ့အလင်း သတင်းစာတိုက်      ရှင်းလင်း ဆောင်၌  သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး က  ရန်ကုန်မြို့ရှိ   မြန်မာ့အလင်း၊ ကြေးမုံနှင့် The Global New Light of Myanmar  သတင်း စာများ ပုံနှိပ်ထုတ်ဝေဖြန့်ချိနေမှု၊ နေပြည်တော်နှင့်    ကိုယ်ပွား သတင်းစာတိုက်များမှ   ပုံနှိပ်
ထုတ်ဝေ     ဖြန့်ချိနေမှုတို့နှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက   လိုအပ် သည်များ   ဆွေးနွေးမှာကြားပြီး မြန်မာ့အလင်းသတင်းစာတိုက်မှ ဝန်ထမ်းများအား   ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ ပုံနှိပ်စက်ခန်းနှင့် ဝန်ထမ်းအိမ်ရာများကို    ကြည့်ရှု စစ်ဆေးသည်။  
ထို့နောက်  The Global New Light of Myanmar သတင်းစာ တိုက်သို့ရောက်ရှိရာ    အစည်း အဝေးခန်းမ၌   တာဝန်ရှိသူများက Joint Venture အဖြစ် ဆောင်ရွက် လျက်ရှိသည့် The Global New Light of Myanmar သတင်းစာ ပုံနှိပ်ထုတ်ဝေ     ဖြန့်ချိနေမှုနှင့် စပ်လျဉ်း၍   ရှင်းလင်းတင်ပြကြ သည်။ 
ယင်းနောက်   ပြည်ထောင်စု ဝန်ကြီးက တွေ့ဆုံပွဲသို့ တက်ရောက် လာကြသည့်သတင်းနှင့် စာနယ် ဇင်းလုပ်ငန်း(ရုံးချုပ်)၊     မြန်မာ့ အလင်း၊ ကြေးမုံနှင့် The Global New Light  of  Myanmar သတင်းစာတိုက်တို့မှ   တာဝန်ရှိ သူများ၊ စာတည်းအဖွဲ့ဝင်များအား လိုအပ်သည်များ    မှာကြားပြီး ပုံနှိပ်စက်ခန်းနှင့်     စာတည်း ဌာနတို့ကို     လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


မြန်မာ့အလင်း   သတင်းစာ တိုက်နှင့် The Global New Light of Myanmar သတင်းစာတိုက် တို့သို့     ရောက်ရှိစဉ်အတွင်း ဝန်ထမ်းများ၊  စာတည်းအဖွဲ့ဝင် များအား ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံ       မှာကြားရာတွင် ပြန်ကြားရေး ဝန်ကြီးဌာနသည် နုပျိုသစ်လွင်သည့်  တင်ဆက်မှု များကို        အများပြည်သူ ဝန်ဆောင်မှု     မီဒီယာပုံစံဖြင့်  ပြည်သူ့အတွက်    ဦးစားပေး ဆောင်ရွက်နေပါကြောင်း၊ နိုင်ငံ တော်ဝန်ကြီးချုပ်က ပုံနှိပ်မီဒီယာ အပါအဝင်  မီဒီယာ၏  အခန်း ကဏ္ဍကို     အထူးအလေးထား ပါကြောင်း၊  ဒီမိုကရေစီစနစ်တွင် မီဒီယာကဏ္ဍသည် အလွန်အရေး ပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုး အောင်    တည်ဆောက်ရာတွင် အရေးကြီးပါကြောင်း။


မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကို ခေတ်နှင့်လျော်ညီသော၊  နုပျို သစ်လွင်သော   စိတ်ဝင်စားဖွယ် အစီအစဉ်ကောင်းများ     စီစဉ် ထုတ်လွှင့်နိုင်ရေး     ပြောင်းလဲ ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ အလားတူ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းက     ထုတ်ဝေသည့် သတင်းစာများတွင်လည်း သတင်း မှန်များ   အချိန်နှင့်တစ်ပြေးညီ ဖော်ပြခြင်း၊    ခေါင်းကြီးများ၊ ဆောင်းပါးများ  ရေးသားခြင်းနှင့် လူငယ်များ    စိတ်ဝင်စားသည့် နည်းပညာကဏ္ဍများ၊ အားကစား ကဏ္ဍများ  ယခုထက် ပိုမိုဖော်ပြ ခြင်းများဆောင်ရွက်သွားစေလို ပါကြောင်း။


ယခုထက်ပိုမိုဖော်ပြ


ဒီမိုကရေစီ      စနစ်ကို တည်ဆောက်ရာတွင်   ပြည်သူ များ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးကြီးသည့်အတွက်  ပြည်သူ များ အသိမှန်၊ အမြင်မှန်၊ အတွေး မှန်စေရန်   မီဒီယာနည်းလမ်း များဖြင့်    ကြိုးပမ်းဆောင်ရွက် ကြစေလိုပါကြောင်း၊     သို့မှသာ အနာဂတ် မျိုးဆက်သစ်များသည် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိမည်      ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်     မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့် ပြည်သူများ အကြား  အပြန်အလှန်  ပေါင်းကူး ဆက်သွယ်ခြင်းသာမက    ပြည်ပ နိုင်ငံများကပါ  မိမိတို့၏  သတင်း မှန်၊ အခြေအနေမှန်များကို သိရှိ စေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။


The Global New Light of Myanmar  သတင်းစာအနေဖြင့် လည်း    မြန်မာ့ပုံရိပ်မှန်များကို ဘက်လိုက်မှုကင်းကင်းဖြင့် ကမ္ဘာ သို့  တင်ပြပေးစေလိုပါကြောင်း၊  သတင်းတင်ဆက်မှု အရည်အသွေး ပိုမိုကောင်းမွန်စွာဖြင့်    နိုင်ငံ တကာနှင့်   အများပြည်သူ  ပိုမို စိတ်ဝင်စားလာစေရန်   ထင်သာ မြင်သာရှိအောင်     ကြိုးပမ်း လုပ်ဆောင်       သွားကြစေလို ပါကြောင်း။


ထိတွေ့ဆောင်ရွက်ရ


မိမိတို့ဝန်ကြီးဌာနသည် အလွှာ အသီးသီး၊ နယ်ပယ်အသီးသီးတွင် ထိတွေ့     ဆောင်ရွက်ရသည့် အတွက်     အများပြည်သူတို့ စိတ်ကျေနပ်မှု     ရစေမည့် ဝန်ဆောင်မှုများ    ဆောင်ရွက် ပေးနိုင်ရန်နှင့်   ပြည်သူလူထု၏ အသိအမှတ်ပြုမှု   ပိုမိုရရှိ‌စေရေး အတွက်     ဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် ၏ဂုဏ်သိက္ခာ     မြင့်မားရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက်     မီဒီယာ နည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်း   ဆောင်ရွက်သွားရန်
ဖြစ်ပါကြောင်း ပြောကြားသည်။


သတင်းနှင့်   စာနယ်ဇင်း လုပ်ငန်းက     နိုင်ငံပိုင်သတင်းစာ များဖြစ်သော  မြန်မာ့အလင်းနှင့် ကြေးမုံ      သတင်းစာတို့ကို လည်းကောင်း၊  ပုဂ္ဂလိကကုမ္ပဏီ တစ်ခုနှင့် Joint Venture အဖြစ် ပူးပေါင်း၍   The Global New Light of Myanmar သတင်းစာကို လည်းကောင်း  နေ့စဉ်ထုတ်ဝေ လျက်ရှိသည်။ 


သတင်းစဉ်