နိုင်ငံပိုင်မီဒီယာများသည် နိုင်ငံတော်အစိုးရနှင့်  ပြည်သူများအကြား အပြန်အလှန် ပေါင်းကူးဆက်သွယ်ခြင်းသာမက   ပြည်ပနိုင်ငံများကပါ မိမိတို့၏သတင်းမှန်၊ အခြေအနေမှန်များကို သိရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားရမည်

 

 

ရန်ကုန်    ဒီဇင်ဘာ    ၆
ပြန်ကြားရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့  ဗဟန်းမြို့နယ်ရှိ မြန်မာ့အလင်း သတင်းစာတိုက်နှင့်   တာမွေမြို့နယ်ရှိ   The Global New Light of Myanmar   သတင်းစာတိုက်တို့ကို   သွားရောက်ကြည့်ရှုစစ်ဆေးပြီး      ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးသည်။
ရင်းရင်းနှီးနှီးနှုတ်ဆက်
ရှေးဦးစွာ       မြန်မာ့အလင်း သတင်းစာတိုက် ရှင်းလင်းဆောင် ၌ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး    က ရန်ကုန်မြို့ရှိ     မြန်မာ့အလင်း၊ ကြေးမုံနှင့်   The  Global  New Light of Myanmar သတင်းစာ များ    ပုံနှိပ်ထုတ်ဝေဖြန့်ချိနေမှု၊ နေပြည်တော်နှင့်          ကိုယ်ပွား သတင်းစာတိုက်များမှ              ပုံနှိပ် ထုတ်ဝေ           ဖြန့်ချိနေမှုတို့နှင့် စပ်လျဉ်း၍    ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက    လိုအပ် သည်များ    ဆွေးနွေးမှာကြားပြီး  မြန်မာ့အလင်းသတင်းစာတိုက်မှ  ဝန်ထမ်းများအား    ရင်းရင်းနှီးနှီး  နှုတ်ဆက်ကာ ပုံနှိပ်စက်ခန်းနှင့်  ဝန်ထမ်းအိမ်ရာများကို   ကြည့်ရှု စစ်ဆေးသည်။  
ရှင်းလင်းတင်ပြ
ထို့နောက် The Global New Light  of  Myanmar  သတင်း စာတိုက်သို့ရောက်ရှိရာ  အစည်း အဝေးခန်းမ၌ တာဝန်ရှိသူများက  Joint Venture အဖြစ် ဆောင်ရွက် လျက်ရှိသည့် The Global New Light of Myanmar သတင်းစာ ပုံနှိပ်ထုတ်ဝေ        ဖြန့်ချိနေမှုနှင့် စပ်လျဉ်း၍      ရှင်းလင်းတင်ပြ ကြသည်။ 
အထူးအလေးထား
ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးက   တွေ့ဆုံပွဲသို့   တက် ရောက်လာကြသည့် သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း          (ရုံးချုပ်)၊ မြန်မာ့အလင်း၊  ကြေးမုံနှင့်  The Global New Light of Myanmar သတင်းစာတိုက်တို့မှ     တာဝန်ရှိ သူများ၊ စာတည်းအဖွဲ့ဝင်များအား  လိုအပ်သည်များ     မှာကြားပြီး ပုံနှိပ်စက်ခန်းနှင့် စာတည်းဌာန တို့ကို  လှည့်လည်ကြည့်ရှုစစ်ဆေး သည်။
မြန်မာ့အလင်း        သတင်း စာတိုက်နှင့် The Global New Light of Myanmar သတင်းစာ တိုက်တို့သို့ ရောက်ရှိစဉ်အတွင်း  ဝန်ထမ်းများ၊ စာတည်းအဖွဲ့ဝင် များအား ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံမှာကြားရာတွင် ပြန်ကြား ရေးဝန်ကြီးဌာနသည် နုပျိုသစ်လွင် သည့် တင်ဆက်မှုများကို အများ ပြည်သူဝန်ဆောင်မှု မီဒီယာပုံစံဖြင့်  ပြည်သူ့အတွက် ဦးစားပေးဆောင် ရွက်နေပါကြောင်း၊    နိုင်ငံတော် ဝန်ကြီးချုပ်က ပုံနှိပ်မီဒီယာ အပါ အဝင် မီဒီယာ၏အခန်းကဏ္ဍကို  အထူးအလေးထား    ပါကြောင်း၊ ဒီမိုကရေစီစနစ်တွင်       မီဒီယာ ကဏ္ဍသည်    အလွန်အရေးပါပြီး နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးအောင် တည်ဆောက်ရာတွင်   အရေးကြီး ပါကြောင်း။
ပိုမိုဖော်ပြ
မြန်မာ့အသံနှင့်          ရုပ်မြင် သံကြားကို    ခေတ်နှင့်လျော်ညီ သော၊ နုပျိုသစ်လွင်သော စိတ်ဝင် စားဖွယ်  အစီအစဉ်ကောင်းများ စီစဉ်ထုတ်လွှင့်နိုင်ရေး ပြောင်းလဲ ဆောင်ရွက်စေလျက်ရှိပါကြောင်း၊ အလားတူ သတင်းနှင့်စာနယ်ဇင်း လုပ်ငန်းကထုတ်ဝေသည့် သတင်း စာများတွင်လည်း      သတင်းမှန် များ အချိန်နှင့်တစ်ပြေးညီဖော်ပြခြင်း၊ ခေါင်းကြီးများ၊ ဆောင်းပါး များ ရေးသားခြင်းနှင့် လူငယ်များ စိတ်ဝင်စားသည့်      နည်းပညာ ကဏ္ဍများ၊ အားကစားကဏ္ဍများ  ယခုထက်     ပိုမိုဖော်ပြခြင်းများဆောင်ရွက်သွားစေလိုပါကြောင်း။
ကြိုးပမ်းဆောင်ရွက်
ဒီမိုကရေစီစနစ်ကို       တည် ဆောက်ရာတွင်    ပြည်သူများ၏ အခန်းကဏ္ဍသည်            လွန်စွာ အရေးကြီးသည့်အတွက် ပြည်သူ များ အသိမှန်၊ အမြင်မှန်၊ အတွေး မှန်စေရန် မီဒီယာနည်းလမ်းများ ဖြင့်       ကြိုးပမ်းဆောင်ရွက်ကြ စေလိုပါကြောင်း၊            သို့မှသာ  အနာဂတ် မျိုးဆက်သစ်များသည်   မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်ရှိမည်      ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်မီဒီယာများသည်   နိုင်ငံ တော်အစိုးရနှင့်    ပြည်သူများ အကြား  အပြန်အလှန်ပေါင်းကူး ဆက်သွယ်ခြင်းသာမက  ပြည်ပ နိုင်ငံများကပါ   မိမိတို့၏သတင်း မှန်၊ အခြေအနေမှန်များကို သိရှိ စေရန် ကြိုးပမ်းဆောင်ရွက်သွား ရမည်ဖြစ်ပါကြောင်း။
ထင်သာမြင်သာရှိအောင် ကြိုးပမ်း
The Global New Light of Myanmar သတင်းစာအနေဖြင့် လည်း      မြန်မာ့ပုံရိပ်မှန်များကို ဘက်လိုက်မှု     ကင်းကင်းဖြင့် ကမ္ဘာသို့      တင်ပြပေးစေလိုပါ ကြောင်း၊     သတင်းတင်ဆက်မှု အရည်အသွေး ပိုမိုကောင်းမွန်စွာ ဖြင့် နိုင်ငံတကာနှင့် အများပြည်သူ  ပိုမို         စိတ်ဝင်စားလာစေရန် ထင်သာမြင်သာရှိအောင် ကြိုးပမ်း လုပ်ဆောင်      သွားကြစေလိုပါ ကြောင်း။
အတတ်နိုင်ဆုံး ကြိုးပမ်း
မိမိတို့    ဝန်ကြီးဌာနသည် အလွှာအသီးသီး၊      နယ်ပယ် အသီးသီးတွင် ထိတွေ့ဆောင်ရွက် ရသည့်အတွက် အများပြည်သူတို့  စိတ်ကျေနပ်မှုရစေမည့် ဝန်ဆောင် မှုများ ဆောင်ရွက်ပေးနိုင်ရန်နှင့်  ပြည်သူလူထု၏ အသိအမှတ်ပြုမှု  ပိုမိုရရှိစေရေးအတွက် ဆောင်ရွက် သွားကြရမည်           ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာမြင့်မား ရေး၊      တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး         အတွက် မီဒီယာ           နည်းလမ်းများဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင် ရွက်သွားရန်     ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
နေ့စဉ်ထုတ်ဝေ
သတင်းနှင့်     စာနယ်ဇင်း လုပ်ငန်းက    နိုင်ငံပိုင်သတင်းစာ များဖြစ်သော  မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့ကို  လည်း ကောင်း၊ ပုဂ္ဂလိကကုမ္ပဏီတစ်ခု နှင့်   Joint   Venture   အဖြစ် ပူးပေါင်း၍   The   Global   New  Light of Myanmar သတင်းစာကို လည်းကောင်း    နေ့စဉ်ထုတ်ဝေ လျက်ရှိသည်။           သတင်းစဉ်