နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့် ငှားရမ်းစက်ရုံများ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

 

နေပြည်တော်  ဩဂုတ်  ၂၄


နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများနှင့်  ငှားရမ်းစက်ရုံများ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက်   ရှေ့ဆက်လက် ဆောင်ရွက်မည့်       အစီအမံများနှင့်စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက  စက်မှု ဝန်ကြီးဌာန ရုံးအမှတ်(၃၀)  အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊     ဒုတိယဝန်ကြီး    ဦးရင် မောင်ညွန့်၊  ညွှန်ကြားရေးမှူးချုပ်များ၊  ဦးဆောင် ညွှန်ကြားရေးမှူးများ၊  ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊      အထွေထွေ မန်နေဂျာများ၊   စက်ရုံမှူးများ၊   စိုက်ကွင်း/စိုက်ခြံ တာဝန်ခံများနှင့်   တာဝန်ရှိသူများ  တက်ရောက်ကြ သည်။


စက်ရုံများကို ပြန်လည်လည်ပတ်


ဦးစွာ   ပြည်ထောင်စုဝန်ကြီးက   စက်မှုဝန်ကြီး ဌာန   စက်မှုလုပ်ငန်းများ   ကြီးကြပ်မှုအောက်ရှိ လည်ပတ်နေသည့်  စက်ရုံ/အလုပ်ရုံများ၊ ငှားရမ်း စက်ရုံများနှင့်ပတ်သက်၍ ရှေ့ဆက်လက်ဆောင်ရွက် ရမည့်  အစီအမံများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာပြီး ထွက်ရှိလာသည့် ရလဒ်များကို  ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်     ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း၊  စက်မှုဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားနှင့် လုံခြုံရေး မဟာဗျူဟာကို ထိခိုက်စေနိုင်သော စက်မှုလုပ်ငန်း များ၊ ပုဂ္ဂလိကကဏ္ဍမှ နည်းပညာလက်လှမ်းမမီနိုင် သော စက်မှုလုပ်ငန်းများကို စနစ်တကျ ကိုင်တွယ်၍ ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို  ဆက်လက်ဆောင် ရွက်ပြီး  ကျန်စက်ရုံများအနက်  မဖြစ်မနေသွင်းကုန် အစားထိုးထုတ်လုပ်ရမည့် စက်ရုံများကို  ပြန်လည် လည်ပတ်စေပြီး  နှစ်အလိုက်သတ်မှတ်၍  ပုဂ္ဂလိက အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊       စက်ရုံများ ငှားရမ်းဆောင်ရွက်ခြင်းတို့ဖြင့်    လက်ဆင့်ကမ်း လွှဲပြောင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း။


ပြင်ဆင်ဆောင်ရွက်ရမည်

နိုင်ငံပိုင်အဖြစ်    မဖြစ်မနေလည်ပတ်ဆောင်ရွက်ရ မည့်  စက်ရုံများအတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေး    အလေးထားရန် လိုအပ်သဖြင့်     အဓိကကျသောသွင်းအားစုများဖြစ် သည့်  စွမ်းအင်၊ ကုန်ကြမ်းနှင့် စက်အရန်ပစ္စည်းများကို ပြည်တွင်း၌ လုံလုံ လောက်လောက်ရရှိရေး စနစ်တကျ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊  စက်မှုဝန်ကြီးဌာန အနေဖြင့် ငွေကြေးအရင်းအနှီး၊ စွမ်းအင်နှင့် နည်းပညာ များကန့်သတ်ချက်ရှိခြင်း၊   အရည်အသွေးနှင့် တီထွင် ထုတ်လုပ်မှုနည်းပညာအားနည်းနေခြင်း၊  ကျွမ်းကျင် လုပ်သား  မလုံလောက်ခြင်း၊  ပြည်ပဈေးကွက်မထိုးဖောက်နိုင်ခြင်း၊  ကုန်ကြမ်းနှင့်  ထုတ်လုပ်မှုစရိတ်ကြီး မြင့်ခြင်း   စသည့်    စိန်ခေါ်မှုများနှင့်    ရင်ဆိုင်နေရပြီး ခေတ်နှင့်လျော်ညီမှုမရှိသည့်  လုပ်ထုံး  လုပ်နည်းများ ကိုလည်း    ပြင်ဆင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏  အမျိုးသားစက်မှုဖွံ့ဖြိုးရေးအတွက်  မရှိမဖြစ်   လိုအပ်နေသောစက်ရုံများ၊ စက်လိုင်းများ၊ စက်ပစ္စည်းများကို    ထုတ်လုပ်ပေးနိုင်သော   စက်မှု လုပ်ငန်းနှင့်  သက်ဆိုင်သည့်ရင်းမြစ်များ  (သို့မဟုတ်) ပင်မစက်မှုလုပ်ငန်းများကို       တည်ဆောက်လျက် အမျိုးသားစက်မှုလုပ်ငန်း စွမ်းအားစုတစ်ရပ်ပေါ်ထွန်း လာစေရေး  ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြော ကြားသည်။


ရှင်းလင်းဆွေးနွေး


ယင်းနောက်ဒုတိယဝန်ကြီးက  နိုင်ငံပိုင်စက်ရုံ/အလုပ်ရုံများအနေဖြင့်  ပြည်ပသွင်းကုန် အစားထိုး နိုင်ရန်၊     ပြည်တွင်းသုံးစွဲမှုဖူလုံစေရန်တို့အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရာ တွင် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ဈေးကွက် သုတေသနလုပ်ငန်းများ   ဆောင်ရွက်ရန်လိုအပ်မှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင်  သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ   လိုက်နာဆောင် ရွက်ရန်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။ 


ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီး ဌာန    ဒုတိယညွှန်ကြားရေးမှူးချုပ်က     အလုပ်ရုံ ဆွေးနွေးပွဲပြုလုပ်ရမှု၊   ဦးစီးဌာနနှင့် စက်မှုလုပ်ငန်း များက   နိုင်ငံပိုင်စက်ရုံ/ အလုပ်ရုံများနှင့်  ငှားရမ်း စက်ရုံများ၏   လူ့စွမ်းအားအရင်းအမြစ်၊   စီမံခန့်ခွဲမှု၊ နည်းပညာ၊ ကုန်ကြမ်းရရှိမှု၊  ငွေလုံးငွေရင်း၊ ဘဏ္ဍာ ရေး၊ ဈေးကွက်၊ ကုန်ချောထုတ်လုပ်နိုင်မှုနှင့် နိုင်ငံတော် အတွက်   အကျိုးဖြစ်ထွန်းမှုတို့ကို   ဆွေးနွေးတင်ပြ သည်။ 


ဝိုင်းဝန်းအကြံပြု  


ထို့အပြင်  အဖွဲ့များဖွဲ့စည်း၍ အဖွဲ့လိုက်ဆွေးနွေး ခြင်း၊  အဖွဲ့အလိုက်ဆွေးနွေးရရှိသည့်  အချက်များကို ဝိုင်းဝန်းအကြံပြု  သုံးသပ်ဆွေးနွေးခြင်းများ  ဆောင် ရွက်ပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။           
 သတင်းစဉ်