နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဈေးကွက်ကိုဦးတည်သည့် ထုတ်လုပ်မှုလုပ်ငန်း မဟာဗျူဟာအားကောင်းလာစေရေး အလုပ်ရုံဆွေးနွေး

 

နေပြည်တော်  ဇွန်   ၂၃ 


နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ ဈေးကွက်ကို ဦးတည် သည့် ထုတ်လုပ်မှုလုပ်ငန်း မဟာဗျူဟာအားကောင်း လာစေရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေး ခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာချာလီသန်း၊  ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊   ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာ များ၊ စက်ရုံအလုပ်ရုံများမှ စက်ရုံမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်သည်။

 


စွမ်းဆောင်ရည်မြှင့်တင်ခြင်း


ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီး ဌာနရှိ နိုင်ငံပိုင်စက်ရုံအလုပ်ရုံများ၏ ဈေးကွက်ကို ဦးတည်သည့် ထုတ်ကုန်များ ထုတ်လုပ်လာနိုင်စေရေး အတွက်    အရာရှိကြီးများ၊    စက်ရုံမှူးကြီးများ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန်     ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း၊ စွမ်းဆောင် ရည်မြှင့်တင်ခြင်းဆိုင်ရာ      ကိစ္စရပ်များအတွက် ကျွမ်းကျင်မှုများ၊    အရင်းအမြစ်များ၊   အခြေခံ အဆောက်အဦ၊  ဆက်ဆံရေး၊ တန်ဖိုးများ၊ ပဋိပက္ခ ဖြေရှင်းခြင်း၊   ထိတွေ့ဆက်ဆံမှု၊   နိုင်ငံရေး၊  ဖွံ့ဖြိုး တိုးတက်မှု စသည်တို့ကို ထည့်သွင်းစဉ်းစားရမည် ဖြစ်ကြောင်း၊ ရေရှည်ကတိကဝတ်၊ လုပ်ငန်းရှင်များ နှင့် ပူးပေါင်းဖန်တီးခြင်း၊ ဂေဟစနစ်ကို အားကောင်း စေခြင်း၊  နည်းပညာပိုင်းနှင့်  လိုက်လျောညီထွေ ပြုပြင်နိုင်သော စွမ်းရည်နှစ်မျိုးလုံးကို ပံ့ပိုးပေးခြင်း၊ သာတူညီမျှရှိရေး အခြေခံစွမ်းဆောင်ရည်မြှင့်တင် ခြင်း စသည့်အချက် (၅)ချက်သည် စွမ်းရည်ကို ထိထိ ရောက်ရောက်မြှင့်တင်ရန်   ကြိုးပမ်းနေသည့်  အဖွဲ့ အစည်းများအတွက်     လမ်းညွှန်များဖြစ်ကြောင်း၊ ယနေ့အလုပ်ရုံဆွေးနွေးပွဲမှ ကောင်းမွန်သည့်ရလဒ် များ    ထွက်ပေါ်လာမည်ဟု   ယုံကြည်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေး ရေးဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ်က  နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏    ဈေးကွက်အခြေအနေ၊ အလုပ်ရုံဆွေးနွေးပွဲ   ကျင်းပပြုလုပ်မည့်အစီအစဉ်၊ ရရှိလာမည့်    အကျိုးကျေးဇူးများ၊   ဆွေးနွေးမည့် ခေါင်းစဉ်များကို ရှင်းလင်းတင်ပြသည်။

 


ဆွေးနွေးပွဲ၌ ဈေးကွက်သဘောတရားများကို သိရှိနိုင်စေရန်   ဈေးကွက်အငယ်စား  ဘာသာရပ်၊ ဈေးကွက်ရှာဖွေရေးလမ်းကြောင်းများကို    ပုံဖော် ခြင်းနှင့် စီမံခန့်ခွဲခြင်းဘာသာရပ်၊ ဈေးကွက်သုတေ သနပြုလုပ်ခြင်း  ဘာသာရပ်၊  တီထွင်ဆန်းသစ်မှု ဆိုင်ရာ အခြေခံသဘောတရားနှင့် အမျိုးအစားများ ထုတ်လုပ်မှုတိုးတက်ရေးအတွက်   အလေအလွင့် လျှော့ချရေးဘာသာရပ်များကို  စက်မှုဝန်ကြီးဌာန အရာထမ်းများက နှစ်ရက်ကြာ ဆွေးနွေးသွားမည် ဖြစ်သည်။ 

 


ဆန်းသစ်တီထွင်သည့် အလေ့အကျင့်ကောင်းများဖြင့်


အဆိုပါ    ဆွေးနွေးပွဲ၌   စက်မှုထုတ်ကုန်များ အရောင်းမြှင့်တင်ရေးမူဝါဒနှင့်     လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရန်၊        ထုတ်ကုန်ဦးစားပေးစနစ်မှ ဈေးကွက်ဦးစားပေးထုတ်လုပ်သည့်စနစ်သို့ ပြောင်းလဲ နိုင်ရန်၊      ဆန်းသစ်တီထွင်သည့်    အလေ့အကျင့် ကောင်းများဖြင့် လုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် အလေအလွင့်များလျှော့ချ၍ ထုတ်လုပ်မှုတိုးတက် စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ဈေးကွက်ရှာဖွေ ရေး  လမ်းကြောင်းများကို  ခေတ်နှင့်လျော်ညီစွာ အသုံးပြုလာနိုင်ခြင်း၊    ဈေးကွက်သုတေသနကို ပြန်လည်ဆန်းစစ်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူး များ ရရှိမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်