နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများ၏အားသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်ပြီး ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိ

 

နေပြည်တော်    ဇွန်    ၉ 


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး   အစိုးရအဖွဲ့ဝန်ကြီးများနှင့်   တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။

 


အဆိုပါတွေ့ဆုံပွဲသို့      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ  ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင် များ၊ ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဘာသာရေးဆိုင်ရာ အသင်း အဖွဲ့များ၊   ပရဟိတအသင်းအဖွဲ့များ၊   စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများ  တက်ရောက်ကြသည်။ 

 


ဒေသဆိုင်ရာ အချက်အလက်များနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုများတင်ပြ


ဦးစွာ     ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်က တိုင်းဒေသကြီးဆိုင်ရာ    အချက်အလက်များ၊ တိုင်းဒေသကြီးအတွင်း   အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များ    ဖြစ်ပေါ်ခဲ့သည့်     အခြေအနေနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည့်   အခြေအနေ၊  လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ စိုက်ပျိုး၊ မွေးမြူရေးနှင့် ကဏ္ဍပေါင်းစုံတွင်   ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှုအခြေအနေ၊   ပန်းခင်းစီမံချက်  အကောင် အထည်ဖော်    ဆောင်ရွက်နေမှု     အခြေအနေ၊ တိုင်းဒေသကြီး သာယာလှပရေး စီမံဆောင်ရွက်နေမှု အခြေအနေများနှင့်   ပတ်သက်၍  ရှင်းလင်းတင်ပြသည်။

 


နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ငန်းယန္တရားများအားလုံး အမြဲမပြတ်လည်ပတ်နေရမည်ဖြစ် 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ    နိုင်ငံတော်ဝန်ကြီးချုပ်က   အမှာစကား ပြောကြားရာတွင် မိမိတို့အနေဖြင့် ဖြစ်ပေါ်လာသော အခြေအနေများအရ   နိုင်ငံတော်၏  တာဝန်များကို တာဝန်ယူထမ်းဆောင်ခဲ့ရပြီး       ထိုသို့တာဝန်ယူ ဆောင်ရွက်နေစဉ်အတွင်း   နိုင်ငံရေးအရ  ဖြေရှင်း၍ ရသည်များကိုလည်း     ဖြေရှင်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံများအားလုံးသည် မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲမပြတ် ဆောင်ရွက် နေကြသည်ဖြစ်သဖြင့်     မိမိတို့အနေဖြင့်လည်း ရပ်တန့်နေ၍မရကြောင်း၊   ထို့ကြောင့်  လုပ်သင့် လုပ်ထိုက်သည်များအားလုံးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊   နိုင်ငံတော်အတွက် အဓိကလိုအပ်ချက်ဖြစ်သည့်   စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ၊      ပညာသင်ကြားရေးလုပ်ငန်းများ၊ ကျန်းမာရေးလုပ်ငန်းများနှင့်   အခြားလိုအပ်ချက် ရှိသည့် ကဏ္ဍပေါင်းစုံတို့ကို အမြဲမပြတ် ဆောင်ရွက် နေရမည်ဖြစ်ကြောင်း။

 


နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်   အသိပညာ၊ အတတ်ပညာများကြွယ်ဝသည့်      မျိုးဆက်သစ် ပညာတတ်လူသားအရင်းအမြစ်များ များစွာမွေးထုတ် ပေးနိုင်ရန် လိုအပ်ကြောင်း၊ အတန်းပညာရှိမှသာလျှင် အတတ်ပညာကို   တတ်မြောက်အောင်   သင်ကြား နိုင်မည်ဖြစ်သဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားနိုင်ရေး   ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊   ၂၀၁၉  ခုနှစ်  ထုတ်ပြန်သည့်  လူဦးရေ သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် ပညာရေးနှင့် ပတ်သက်၍ အားနည်းမှုများရှိသည်ကို တွေ့ရှိရမည် ဖြစ်ကြောင်း၊   ထို့ကြောင့်  ပညာရည်မြင့်မားရေး အတွက် မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊   ယခင်က  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့ သဖြင့်    ပညာသင်ကြားမှုများ   ခေတ္တရပ်တန့်ခဲ့ရ ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရမှ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးပြီး     ပညာသင်ကြားနိုင်ရေး စီမံဆောင်ရွက်   ပေးထားသည့်အခါတွင်လည်း အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဝန်ထမ်း များ၊ ကျောင်းသား၊ ကျောင်းသူများကို ခြိမ်းခြောက် သတ်ဖြတ်ခြင်း၊   အစိုးရမှ  ထောက်ပံ့ပေးသည့် သင်ကြားမှု၊ သင်ယူမှုအထောက်အကူပြုပစ္စည်းများ နှင့် ပညာရေး အဆောက်အဦများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို စိတ်မကောင်းဖြစ်ဖွယ် ကြားသိနေရကြောင်း၊    အကြမ်းဖက်သမားများ အနေဖြင့်   ထိုသို့   ဆောင်ရွက်နေခြင်းမှာ  နိုင်ငံကို ဖျက်ဆီးနေခြင်းပင်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ များ၊ မိဘများနှင့် နိုင်ငံတော်အတွက် များစွာနစ်နာ မှုများ ဖြစ်ပေါ်စေကြောင်း၊   ရန်ကုန်မြို့တွင်  ပညာ သင်ကြားရေးနှင့်  ပတ်သက်၍  အဓိကကျသည့် တက္ကသိုလ်ကြီးများရှိသည့်အပြင်  အဘက်ဘက်မှ အားသာချက်များရှိကြောင်း၊   ယခင်က  အစိုးရရုံး စိုက်ရာ မြို့တော်တစ်ခုဖြစ်ခဲ့ပြီး အခြေခံကောင်းများ ရှိပြီးဖြစ်သဖြင့်        အသုံးချဆောင်ရွက်ကြရန် လိုကြောင်း။

 


အဓိက မောင်းနှင်အားဖြစ်သည့် စီးပွားရေး မောင်းနှင်အားကို ဖွံ့ဖြိုးတိုးတက်အောင် မဖြစ်မနေဆောင်ရွက်ရမည်
နိုင်ငံတစ်နိုင်ငံကို   တည်ဆောက်မောင်းနှင်ကြ ရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင် အားနှင့် ကာကွယ်ရေးမောင်းနှင်အားဟူ၍ မောင်းနှင် အား သုံးမျိုးရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံး မှုရှိပါက    နိုင်ငံရေးအားကောင်းမွန်ပြီး  စစ်ရေး အင်အား၊     လုံခြုံရေးအင်အား  ကောင်းမွန်ပါက ကာကွယ်ရေးအင်အား ကောင်းမွန်မည်ဖြစ်ကြောင်း၊ ယင်းအင်အားနှစ်ခု ကောင်းမွန်ရန်အတွက် အခြေခံ မှာ စီးပွားရေးအင်အားဖြစ်၍  စီးပွားရေးမောင်းနှင်အား သည်    တိုင်းပြည်အတွက်   အဓိကကျကြောင်း၊ ထို့ကြောင့်   မြို့နယ်စီးပွားရေးမှ  ခရိုင်စီးပွားရေး၊ ယင်းမှ ဒေသအဆင့်၊ ယင်းမှ နိုင်ငံတော်အဆင့်အထိ စီးပွားရေးကောင်းမွန်အောင်   ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ အမျိုးသားရေးရည်မှန်းချက်မှာ တိုင်းပြည်သာယာဝပြောရေးနှင့်    စားရေရိက္ခာ ပေါများရေးပင်ဖြစ်ကြောင်း၊ ယခင်  အစိုးရအဆက် ဆက်မှ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားရေရိက္ခာ ပေါများရေးအတွက်     ကြိုးပမ်းဆောင်ရွက်ခဲ့ကြ ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် ရေခံ၊ မြေခံ ကောင်းများရှိသည့်     တိုင်းဒေသကြီးတစ်ခုဖြစ် ကြောင်း၊   သို့သော်  စိုက်ပျိုးရေးလုပ်ငန်းများတွင် အထွက်နှုန်းများ   နည်းနေသေးသည်ကို  တွေ့ရှိရ ကြောင်း၊    ထို့ကြောင့်    စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်     အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်၍ တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက် ကောင်းမွန်အောင်    ဆောင်ရွက်ကြရန်လိုကြောင်း၊ နိုင်ငံအတွင်းစားရေရိက္ခာပေါများလာပါက နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင် စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။ 

 


မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားများ ထုတ်ယူ နိုင်သည့်   မြစ်ချောင်းများ  များစွာရှိသော်လည်း အကြောင်းအမျိုးမျိုးကြောင့်  အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများ  မရှိသေးကြောင်း၊  ထို့ကြောင့် မြန်ဆန်စွာပြီးမြောက်နိုင်မည့် နေရောင်ခြည်စွမ်းအင် သုံး   လျှပ်စစ်ဓာတ်အား  ထုတ်လုပ်ခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လျှပ်စစ်မီးလုံလောက်စွာရရှိရေးအတွက် ဘက်ပေါင်း စုံမှ   ကြိုးပမ်းဆောင်ရွက်ရန်  လိုသကဲ့သို့  လျှပ်စစ် ဓာတ်အားများကိုလည်း         ချွေတာသုံးစွဲကြရန် လိုကြောင်း၊ စက်သုံးဆီသုံးစွဲမှုများကိုလည်း ခြိုးခြံ ချွေတာကြရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် လျှပ်စစ်ဓာတ်အားလုံလောက်စွာရရှိရေး   ကြိုးပမ်း ဆောင်ရွက်နေသကဲ့သို့ လျှပ်စစ်ဓာတ်အား သုံးစွဲမှု များကိုလည်း စည်းကမ်းစနစ်တကျဖြင့် သုံးစွဲရန် လိုကြောင်း၊   လျှပ်စစ်ဓာတ်အား  ချွေတာနိုင်သည့် လျှပ်စစ်မီးများကို       ပြောင်းလဲအသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 


စားသုံးဆီနှင့်  ပတ်သက်၍  မိမိတို့နိုင်ငံတွင် ဆီထွက်သီးနှံများကို    စိုက်ပျိုးလျက်ရှိကြောင်း၊ သို့သော်   ဆီထုတ်လုပ်ရာတွင်  အထွက်နှုန်းများ နည်းပါးသဖြင့်  ထုတ်လုပ်မှုကုန်ကျစရိတ် မြင့်မား ကြောင်း၊   ထို့ကြောင့်   စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုးကောင်းရန်၊ မြေကောင်းရန်၊ ရေလုံလောက်စွာရရှိရန်၊       နည်းစနစ်မှန်ကန်ရန် စသည့်အချက်များနှင့် ပြည့်စုံပါက တစ်ဧကအထွက် နှုန်းများ  တိုးတက်ကောင်းမွန်လာမည်ဖြစ်သဖြင့် တာဝန်ရှိသူများအနေဖြင့် အလေးထားဆောင်ရွက် ရန်လိုကြောင်း။

 


ရန်ကုန်မြို့နေပြည်သူများ စားရေးအဆင်ပြေမှု ရှိစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ နှင့် ရန်ကုန်တိုင်းစစ်ဌာနချုပ်တို့မှ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများဆောင်ရွက်၍    ရောင်းချပေးလျက် ရှိကြောင်း၊ ဒေသတွင်း စားရေးဖူလုံအောင် ဆောင် ရွက်နိုင်မည်ဆိုပါက   ဒေသတွင်းရောင်းဝယ်မှုများ ကောင်းမွန်လာပြီး    စီးပွားရေးကောင်းမွန်လာမည် ဖြစ်ကြောင်း၊    နိုင်ငံတစ်ခုအနေဖြင့်လည်း      ပြင်ပမှ ဝယ်ယူသုံးစွဲခြင်းထက် နိုင်ငံအတွင်း ကုန်ထုတ်လုပ်မှု များဆောင်ရွက်၍     ဖြည့်ဆည်းဆောင်ရွက်မည် ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုများကို လျှော့ချနိုင်ပြီး ကုန်သွယ်မှုလိုငွေပြမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခင်အစိုးရနှစ်ခု လက်ထက်က ကုန်သွယ်မှုလိုငွေ များစွာရှိခဲ့ကြောင်း၊ ပြည်ပနိုင်ငံများသို့ သွားရောက်၍ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက် ခြင်းအပါအဝင်   အကြောင်းအမျိုးမျိုးဖြင့်   ပြည်ပ ငွေကြေးသုံးစွဲမှုများရှိကြောင်း။

 


ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်နှင့် ငြိမ်းချမ်းရေး


နိုင်ငံရေးအရ သဘောထားကွဲလွဲမှု၊ တိုင်းရင်းသား ရေးအရ သဘောထားကွဲလွဲမှုများကြောင့် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများဖြစ်ပွားခဲ့၍   စီးပွားရေး လုပ်ငန်းများတွင်      ထိခိုက်နစ်နာမှုဖြစ်ပေါ်ခဲ့ ကြောင်း၊  ယခုအခါ ပြည်တွင်းငြိမ်းချမ်းရေးရရှိရန် အတွက် မိမိတို့အနေဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံ လွတ်လပ်ရေးရရှိချိန်မှ စ၍ နိုင်ငံရေးစနစ်အမျိုးမျိုးဖြင့် လျှောက်လှမ်းခဲ့ပြီး ယခုအခါ   ပြည်သူများ   လိုလားသည့်  နိုင်ငံရေး ရည်မှန်းချက်နှစ်ရပ်ဖြစ်သည့်  ပါတီစုံဒီမိုကရေစီစနစ် ကို လျှောက်လှမ်းလျက်ရှိကြောင်း၊ ပါတီစုံဒီမိုကရေစီ စနစ်ကို မှန်မှန်ကန်ကန် ဖော်ဆောင်ရမည်ဖြစ်ပြီး တစ်ဆက်တည်းတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို လျှောက်လှမ်း နိုင်ရမည်ဖြစ်ကြောင်း၊  ဖက်ဒရယ်ဆိုသည်မှာ မတူ ကွဲပြားသည့်  တိုင်းနှင့်ပြည်နယ်များ၊  လူမျိုးစုများ စုစည်းလုပ်ကိုင်ခွင့်များကို ပေါင်းစည်းနေထိုင်သည့် အယူအဆ၊ မျှဝေခံစားသည့် အယူအဆဟု မှတ်သား ဖူးကြောင်း၊ ဖက်ဒရယ်စနစ်ကို  ကျင့်သုံးနေသည့် နိုင်ငံများသည်လည်း တစ်နိုင်ငံနှင့်တစ်နိုင်ငံ အုပ်ချုပ် မှုပုံစံများ မတူညီကြဘဲ မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် အုပ်ချုပ်ရေးစနစ်ကိုသာ   ကျင့်သုံးနေကြကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း သဘောထားကွဲပြားမှုကြောင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း။

 


ဒီမိုကရေစီတွင်    တူညီသည့်အခွင့်အရေးများ ပေးရမည်ဖြစ်သကဲ့သို့  ဖက်ဒရယ်စနစ်တွင်လည်း တူညီသည့် အခွင့်အရေးများ ပေးရမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့်     ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးရာတွင် အဆင်ပြေမှုများရှိခဲ့ပြီး ကောင်းမွန်သည့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်၍ နိုင်ငံ  ငြိမ်းချမ်းရေးရရှိအောင်  ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။ 

 


နိုင်ငံရေးအရ သဘောထားကွဲလွဲမှုကို အကြောင်း ပြ၍ အကြမ်းဖက်သတ်ဖြတ်မှုများ ဆောင်ရွက်နေသူ များကို   ဥပဒေနှင့်အညီ   တရားဥပဒေစိုးမိုးရေး၌ ထိရောက်ဟန့်တားသည့်       ပြစ်ဒဏ်များချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊         အကြမ်းဖက် သတ်ဖြတ်မှုများကို နိုင်ငံတကာတွင်လည်း လက်မခံ ကြောင်း၊  နိုင်ငံရေးအရဖြစ်ပေါ်လာသည့် မတည်ငြိမ်မှု များကို ဖြေရှင်းဆောင်ရွက်ရာတွင်  မိမိတို့အနေဖြင့် ဒီမိုကရေစီနည်းလမ်းများအရ  ဥပဒေနှင့်အညီသာ အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊   အချို့ သော      တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ အကြောင်းအမျိုးမျိုးဖြင့် တွေ့ဆုံဆွေးနွေးမှု မပြုနိုင် ကြကြောင်း၊   မိမိတို့သည်  နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်အတိုင်း    ခိုင်မြဲစွာ   ဆောင်ရွက်သွားမည် ဖြစ်သဖြင့် ဆွေးနွေးရန်ကျန်ရှိသည့် အဖွဲ့များအနေ ဖြင့် မိမိကမ်းလှမ်းထားသည့်အတိုင်း ထပ်မံဖိတ်ခေါ် ကြောင်း။

 


နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် မိမိတာဝန်ယူရသည့်
လုပ်ငန်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရမည်


ပြည့်အင်အားသည်    ပြည်တွင်းမှာသာရှိပြီး ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများ ကောင်းမွန် မှသာလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်   ဌာနဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့်    တာဝန်ကို   ကျေပွန်စွာ ထမ်းဆောင်ပြီး ပြည်သူများ၏ ယုံကြည်မှုရှိစေရေး နေထိုင်ပြုမှုဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ မည်သည့်လုပ်ငန်းတာဝန်ကို     ထမ်းဆောင်သည် ဖြစ်စေ    အလေးထားဆောင်ရွက်ရန်နှင့်   မိမိ၏ လုပ်ငန်းတာဝန်ကို    လေးစားစွာ  ဆောင်ရွက်ရန် လိုကြောင်း၊    မိမိတာဝန်ယူ   ဆောင်ရွက်ရသည့် လုပ်ငန်းများကို အလေးထားဆောင်ရွက်မည်ဆိုပါက လုပ်ငန်းအောင်မြင်မှုများ ရရှိလာမည်ဖြစ်ပြီး ပညာ ရပ်ပိုင်းဆိုင်ရာများကိုလည်း     အလေးထားသင်ယူ လေ့လာ၍   ပညာရပ်ပိုင်းနှင့်  လုပ်ငန်းပိုင်းတို့တွင် အောင်မြင်မှုများရရှိအောင်၊ မိမိတာဝန်ကို ကျေပွန် အောင်   ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊  ထို့ပြင် လုပ်ငန်းဆောင်ရွက်ရာ၌ တစ်ဦးနှင့်တစ်ဦး လေးစား စွာဖြင့် ဆောင်ရွက်ကြရန်လိုပြီး ထိုသို့ ဆောင်ရွက်မှ သာလျှင် လုပ်ငန်းများအားလုံးကို အောင်မြင်စွာဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း မှာကြားသည်။

 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ်နှင့်  အဖွဲ့ဝင်များသည် မြန်မာ-ကိုရီးယား   ချစ်ကြည်ရေး(ဒလ)တံတား တည်ဆောက်ရေးစီမံကိန်းသို့    ရောက်ရှိကြရာ စီမံကိန်းအစည်းအဝေးခန်းမတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးရွှေလေးက တံတားတည်ဆောက်ရေးစီမံကိန်း၏ သမိုင်းကြောင်း နှင့်   စီမံကိန်းဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တံတားတည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာ တွင်   ရေရှည်တည်တံ့ခိုင်မြဲရေးနှင့်    သဘာဝဘေး အန္တရာယ်ဒဏ်ခံနိုင်မှုအားတို့ကိုပါ  ထည့်သွင်းစဉ်းစား တွက်ချက်ဆောင်ရွက်ကြစေလိုကြောင်း၊   တံတား ချဉ်းကပ်လမ်းပိုင်းနေရာများသည် လူနေတိုက်များနှင့် နီးကပ်မှုရှိနေသဖြင့်      သဘာဝဘေးအန္တရာယ်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အလေးထား စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ ရေယာဉ်များ လွတ်ကင်းစွာ   ဖြတ်သန်းသွားလာနိုင်ရေးအတွက် လည်း ရေလမ်းကင်းလွတ်အမြင့်ကို တွက်ချက်ဆောင် ရွက်ရမည်ဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်း များကို သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေးနှင့် ဦးစားပေးအလိုက် ဆောင်ရွက်သင့်သည်များ ပြီးစီး ရေး ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာကြားသည်။

 


ယင်းနောက်        နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည်   တံတားတည်ဆောက်ရေးစီမံကိန်းရှိ ရန်ကုန်ဘက်ခြမ်း Main Bridge Pylon 2 နေရာတွင် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးရာ   တာဝန်ရှိသူများက  ရှင်းလင်း တင်ပြကြသည်။

 


အဆိုပါ မြန်မာ-ကိုရီးယား ချစ်ကြည်ရေး(ဒလ)တံတားတည်ဆောက်ရေးစီမံကိန်းကို ၂၀၁၂ ခုနှစ် တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်အတွင်း    မြန်မာနိုင်ငံတွင် မြန်မာ - ကိုရီးယား ချစ်ကြည်ရေးတံတားစီမံကိန်း တစ်ခု      အကောင်အထည်ဖော်ဆောင်ရွက်ရန် ဆွေးနွေးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် စီမံကိန်းကို  စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကာ ၂၀၁၅ ခုနှစ် တွင် တည်ဆောက်ရေးလုပ်ငန်းများကို စတင်ဆောင် ရွက်ခဲ့ကြောင်း၊ တံတားအမျိုးအစားမှာ ကြိုးဆိုင်း တံတား (Cable – Stayed Bridge) အမျိုးအစားဖြစ် ကြောင်း၊ တံတားတည်ဆောက်ပြီးစီးပါက ရန်ကုန် မြို့မှ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ် များသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် ရန်ကုန်မြို့၏ ယာဉ်ကြော ပိတ်ဆို့မှုများသည်လည်း အတိုင်းအတာတစ်ခုအထိ လျော့ပါးသက်သာသွားမည်ဖြစ်ကြောင်း       သိရသည်။  


သတင်းစဉ်