နိုင်ငံခြားသွားရောက်မည့် ပညာတော်သင်များ လမ်းညွှန်မှုခံယူခြင်း အခမ်းအနားကျင်းပ


 

နေပြည်တော် စက်တင်ဘာ ၁၃


ဥပဒေရေးရာ      ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်     ပြည် ထောင်စုရှေ့နေချုပ်    ဒေါက်တာ သီတာဦးသည်     ဂျပန်နိုင်ငံရှိ ကျူရှူးတက္ကသိုလ်၊     ကိုဘေး တက္ကသိုလ်နှင့်  နာဂိုရာတက္ကသိုလ် များသို့ ပညာသင်သွားရောက်မည့် ဥပဒေအရာရှိများအား    Online စနစ်ဖြင့်   လမ်းညွှန်အမှာစကား ပြောကြားသည်။
ပညာသင်များသည်    ၂၀၁၉ ခုနှစ်မှ စတင်၍ ဂျပန်နိုင်ငံ၏ The Project for Human Resource Development   Scholarship (JDS) ပညာသင်ဆုကို ရရှိခဲ့ခြင်း ဖြစ်ပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် ဥပဒေရေးရာဝန်ကြီးဌာန နှင့်  ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဦးစီးအရာရှိ တစ်ဦးနှင့်   ဒုတိယ ဦးစီးအရာရှိ  သုံးဦး  စုစုပေါင်း   လေးဦး   ဂျပန်နိုင်ငံသို့    ပညာ ဆက်လက်      သင်ယူရန်နှင့် သုတေသနစာတမ်း     ပြုစုရန်   သွားရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်