နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ်သဘောခရီးစဉ် သွားရောက်

နေပြည်တော်  ဒီဇင်ဘာ  ၈


ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးနှင့်  အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ ပရတ်ဆုတ်ခွန်း၏    ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်   စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်       နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏  အထူး ကိုယ်စားလှယ်အဖြစ်    နိုင်ငံခြားရေး ဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဒီဇင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံသို့ အလုပ် သဘောခရီးစဉ်  သွားရောက်ခဲ့သည်။


ပြည်ထောင်စုဝန်ကြီးသည် ဖနောင် ပင်မြို့သို့     ရောက်ရှိနေစဉ်အတွင်း ဒီဇင်ဘာ ၇ ရက်     နံနက်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ       ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆင်အား ဂါရဝပြုတွေ့ဆုံပြီး      မြန်မာနိုင်ငံနှင့်  ကမ္ဘောဒီးယားနိုင်ငံတို့ အကြား   ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့်   ဆက်ဆံရေးနှင့်  ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်    ခိုင်မာစေရေးသာမက  အာဆီယံနည်းလမ်းနှင့်  စိတ်ဓာတ်ကို   အခြေခံလျက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ အဖြစ်     တာဝန်ယူ ဆောင်ရွက်စဉ်ကာလ အတွင်း   ဦးစားပေး  ပူးပေါင်းဆောင်ရွက်မှု  နယ်ပယ်များနှင့်  စပ်လျဉ်း၍  ဆွေးနွေးခဲ့ ကြသည်။ 


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး သည် ကမ္ဘောဒီးယားနိုင်ငံ  ဒုတိယဝန်ကြီး ချုပ်နှင့်   နိုင်ငံခြားရေးနှင့်  အပြည်ပြည် ဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာပရတ်ဆုတ်ခွန်းနှင့်လည်း တွေ့ဆုံ ခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ နှင့်    ကမ္ဘောဒီးယားနိုင်ငံတို့အကြား 
ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့်   နှစ်နိုင်ငံ ဆက်ဆံရေး   ပိုမိုတိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံအကြား     အကျိုးတူပူးပေါင်း
ဆောင်ရွက်မှုများ     တိုးမြှင့်အကောင် အထည်ဖော်သွားနိုင်မည့်  အလားအလာ များနှင့် ဒေသတွင်းနှင့်     နိုင်ငံတကာ မျက်နှာစာတို့တွင်  နီးကပ်စွာ ဆက်လက် ပူးပေါင်း  ဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍      ရင်းနှီး ပွင့်လင်းစွာ      အမြင်ချင်းဖလှယ်ခဲ့ကြသည်။


ရှင်းလင်းပြောကြား


ထို့ပြင်  မြန်မာ-အာဆီယံ  ပူးပေါင်း ဆောင်ရွက်ရေးနှင့်     အာဆီယံမိသားစု စိတ်ဓာတ်နှင့်    စည်းလုံးညီညွတ်ရေး စိတ်ဓာတ်တို့ကို  အခြေခံလျက် အာဆီယံ မူဘောင်အောက်တွင်     ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး    ကိစ္စ တို့ကိုလည်း    ဆွေးနွေးခဲ့ကြသည်။ ယင်းတွေ့ဆုံမှုအတွင်း   ပြည်ထောင်စု ဝန်ကြီးသည်   မြန်မာနိုင်ငံ၏  နိုင်ငံခြား ရေးမူဝါဒ၊ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှု များနှင့်   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှချမှတ်ထားသည့်  နိုင်ငံရေး၊ စီးပွားရေး၊   လူမှုရေးဦးတည်ချက်များ ကိုလည်း  ရှင်းလင်းပြောကြားခဲ့သည်။
တည်ခင်းဧည့်ခံ


ပြည်ထောင်စုဝန်ကြီးနှင့်   မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် မွန်းလွဲပိုင်းတွင်         ကမ္ဘောဒီးယားနိုင်ငံ  ဒုတိယဝန်ကြီးချုပ် နှင့်  နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး    ဝန်ကြီးက တည်ခင်းဧည့်ခံသည့်     နေ့လယ်စာ စားပွဲသို့  တက်ရောက်ခဲ့သည်။ 
ပြည်ထောင်စုဝန်ကြီးနှင့် ကိုယ်စား လှယ်အဖွဲ့သည်     ညနေပိုင်းတွင် နေပြည်တော်သို့   ပြန်လည်ရောက်ရှိခဲ့ ကြောင်း သိရသည်။        

   
 သတင်းစဉ်