နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမေရိကဇုန်၊ ဥရောပဇုန်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဇုန်တို့ရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ သံရုံးအကြီးအကဲများနှင့် သံရုံးယာယီတာဝန်ခံများအား Video Conferencing စနစ်ဖြင့် တွေ့ဆုံ

 

နေပြည်တော် ဖေဖော်ဝါရီ  ၂၃


နိုင်ငံခြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဦးသန်းဆွေသည် အမေရိကဇုန်၊ ဥရောပဇုန်၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဇုန်တို့ရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှ သံရုံးအကြီးအကဲ များ၊ သံရုံးယာယီတာဝန်ခံများကို ယနေ့မွန်းလွဲပိုင်းတွင် Video Confer-encing စနစ်ဖြင့် တွေ့ဆုံသည်။

 


အမှန်တရားကို ရှင်းပြကြရန် တာဝန်ရှိ


တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက  နိုင်ငံ့အကျိုး  အများပြည်သူ အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်ကြစေလိုပါကြောင်း၊ ရှေ့တန်း ခံစစ်စည်းမှ ထမ်းဆောင်နေကြသည့်  သံရုံးအကြီးအကဲများ  ရင်ဆိုင် နေရသည့်   အခက်အခဲများကို   နားလည်ပါကြောင်း၊  မှန်ကန်သည့်  သတင်းအချက်အလက်များကို သက်ဆိုင်ရာများထံသို့ရောက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လွဲမှားသည့် သတင်းများကို ချေဖျက်နိုင်ရန် မှန်ကန်သည့်သတင်း၊ ရိုးသားမှုတို့နှင့် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထိတွေ့ဆက်ဆံမှုနှင့် ပတ်သက်၍ အခက် အခဲများ ရှိနိုင်သော်လည်း အမှန်တရားကို ရှင်းပြကြရန် တာဝန်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေမှန်ကို သိရှိခြင်းမရှိဘဲ၊ မဟုတ်မမှန် ဝါဒဖြန့်နေသော မီဒီယာများ၏  သတင်းများသာ  လွှမ်းမိုးနေသည်ကို သံရုံးအကြီးအကဲများ  သဘောပေါက်နားလည်ရန်   လိုအပ်ကြောင်း၊ သံတမန်တိုက်စစ်မှူးများ၏ တာဝန်မှာ မိတ်ဝတ်မပျက်  ပွင့်ပွင့်လင်း လင်း အမှန်တရားအပေါ်  အခြေခံပြီး  ဆက်ဆံဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊  တိုင်းပြည်နှင့်  နိုင်ငံတော်၏ အကျိုးစီးပွားကို  ကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း။

 


အသိအမှတ်ပြုဂုဏ်ယူ


နိုင်ငံတော်ကိုသစ္စာရှိရန် ဖြစ်ပါကြောင်း၊ ဦးစီးဦးဆောင် လုပ်သူများ က တော်တည့်  မှန်ကန်စွာ ဆောင်ရွက်မှသာ  နောက်ပါဝန်ထမ်းများ လိုက်ပါဆောင်ရွက်ပြီး   ရည်မှန်းချက်တာဝန်များ   ပြည့်မြောက် အောင်မြင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ဒုက္ခရောက်စေမည့်ကိစ္စကို မိမိ၏ အသက်မွေးဝမ်းကျောင်း မဖြစ်စေရန်လိုအပ်ပါကြောင်း၊ ဝန်ထမ်း များကိုလည်း  ထမ်းဆောင်ရမည့်တာဝန်၊ လိုက်နာရမည့်  စည်းကမ်း၊ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့်အညီ ကျရာနေရာမှ စိတ်ဓာတ်၊စည်းကမ်း နှင့် စာရိတ္တကောင်းသူများ   ဖြစ်စေရန်   လေ့ကျင့်ပျိုးထောင်ပေးကြပါရန် မှာကြားလိုပါကြောင်း၊ သံရုံးအကြီးအကဲများအနေဖြင့်  နိုင်ငံတော်ကို သစ္စာရှိရှိနှင့် အပင်ပန်းခံ၊ အခက်အခဲမျိုးစုံကို ရင်ဆိုင်လျက် ဆောင်ရွက် နေကြသည့်အတွက် အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ ယင်းစိတ်ဓာတ် များကို လက်ဆင့်ကမ်း ပေးသွားကြရန်နှင့် မိမိတို့၏ လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းများကိုလည်း အသိပညာပေးပြီး ဆွေးနွေးဆောင်ရွက်ပေးသွား ကြရန် လိုအပ်ပါကြောင်း။

 


နိုးကြားတက်ကြွစွာ ဆောင်ရွက်ကြရန်လို


နိုင်ငံ့ဝန်ထမ်းများအနေဖြင့် နိုင်ငံရေးနှင့် မပတ်သက်ကြရန် ဥပဒေ ကလည်း   သတ်မှတ်ထားပါကြောင်း၊  အချို့သော   နိုင်ငံများဆိုပါက နိုင်ငံ့ဝန်ထမ်းများသာမက ၎င်းတို့၏ မိသားစုဝင်များကိုပါ နိုင်ငံရေးပါတီ နှင့်   မပတ်သက်ရန်   တားမြစ်ချက်များရှိကြပါကြောင်း၊   တာဝန်အရ ပေးအပ်ထားသည့် အမိန့်ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက် ရန်နှင့် တာဝန်အရအပ်နှင်းထားသည့် လုပ်ပိုင်ခွင့်များကို အလွဲသုံးစား ပြုခြင်း၊ တာဝန်ပျက်ကွက်ခြင်းများ မဖြစ်ပေါ်စေဘဲ တာဝန်ကျေပွန်စွာ နှင့် ရိုးသားဖြောင့်မတ်စွာ နိုးကြားတက်ကြွစွာ ဆောင်ရွက်ကြရန်လိုအပ်ပါ ကြောင်း၊ သံရုံးအကြီးအကဲများနှင့် ဝန်ထမ်းများအကြား အပြန်အလှန် လေးလေးစားစား ဆက်ဆံကြရန်နှင့် တစ်ဦးအပေါ်တစ်ဦး ဂါရဝတရား ဖြင့် မိသားစုသဖွယ် ကူညီဖေးမ နေထိုင်ကြရန် မှာကြားလိုပါကြောင်း။

 


အရည်အသွေးတိုးတက်ရန် ကြိုးစားကြစေလို


သစ္စာရှိမှု    အရေးကြီးသည်ကို   ထပ်မံ၍ပြောကြားလိုပါကြောင်း၊ အခက်အခဲများရှိပါက အချိန်မရွေး လွတ်လွတ်လပ်လပ် တင်ပြနိုင်ပါ ကြောင်း၊ ထို့ပြင် ကျန်းမာရေးနှင့် ပတ်သက်၍  ဂရုပြုအလေးထားရန် မှာကြားလိုကြောင်း၊ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်လုပ်ကိုင်ကြ ရန် ထပ်လောင်းမှာကြားလိုကြောင်း၊ လေ့လာသင်ယူကြရန်နှင့် မိမိတို့၏ အရည်အသွေး တိုးတက်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

 


တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်နှင့် ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြသည်။ 

သတင်းစဉ်