
နေပြည်တော် မေ ၁၈
နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြား ငွေကြေးပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ဘဏ်စနစ်အသုံး ပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီက မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌ များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ အတွင်းရေးမှူးနှင့် နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေ ဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန် မူဝါဒများ ချမှတ်၍ ထိန်းကျောင်းလျက်ရှိ ကြောင်း၊ Online Trading Plat-form သည် တရားဝင်နိုင်ငံခြား ငွေရောင်းချဝယ်ယူသည့် တရား ဝင်ဈေးကွက်ဖြစ်ကြောင်း၊ ဘဏ် များမှတစ်ဆင့် ဝယ်လိုသူ/ ရောင်းချ လိုသူတို့သည် ၎င်းတို့ ရောင်းချ/ ဝယ်ယူလိုသည့် Rate ကို နေ့စဉ် တင်ပြပြီး ဈေးကွက်ပေါက်ဈေး အတိုင်း ရောင်းချသည့်တရားဝင် Foreign Exchange Market ဖြစ်ကြောင်း၊ အများပြည်သူသိရှိ စေရန်အတွက်လည်း မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ နေ့စဉ် Face-book Page နှင့် ဗဟိုဘဏ် We-bsite ၌ ကြေညာပေးလျက်ရှိ ကြောင်း၊ တရားမဝင်ဈေးကွက် များ (Online, Facebook)တို့တွင် ရောင်းချနေမှုများကို အရေးယူ လျက်ရှိပြီး တရားမဝင်ဈေးကွက် တွင် ရောင်းချမှုများကြောင့် ဆုံးရှုံး မှုများကိုလည်း တွေ့မြင်ရကြောင်း၊ စည်းမျဉ်းစည်းကမ်းနှင့် အညီ ရောင်းချနေသည့် ဈေးကွက်ကို သာလျှင် ပြည်တွင်း/ ပြည်ပအဖွဲ့ အစည်းများက ယုံကြည်မှုရှိမည် ဖြစ်ကြောင်း။
တရားမဝင် ငွေလွှဲဟွန်ဒီများဆောင်ရွက်မှုများကိုလည်း နိုင်ငံ တကာကစောင့်ကြည့်နေပြီး ဗဟို ဘဏ်အချင်းချင်း ပူးပေါင်းဆောင် ရွက်မှုများကြောင့်လည်း အရေးယူ ခံရနိုင်မှုများရှိကြောင်း၊ Online Trading Platform မှတစ်ဆင့် ဈေးကွက်ဝယ်လိုအား/ရောင်းလို အားအပေါ် မူတည်၍ မြန်မာ နိုင်ငံတော်ဗဟိုဘဏ်မှ လိုအပ်သည့် နိုင်ငံခြားငွေများကို ဝင်ရောက် ရောင်းချပေးလျက်ရှိကြောင်း၊ နိုင်ငံ ခြားငွေလဲလှယ်နှုန်းနှင့် ပတ်သက် ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ချမှတ်ထားသည့် မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက် ရာတွင် ဈေးကွက်၌ ပါဝင်သူများ အားလုံး (အစိုးရ/ ပုဂ္ဂလိကကဏ္ဍ) မှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လွတ်လပ်စွာ ရောင်းချသည့် နိုင်ငံခြားငွေဈေးကွက်ဖော်ဆောင်ရာတွင် အဟန့် အတားများကို အထူးသဖြင့် ကောလာဟလများကြောင့် ဈေး ကစားသူများကို ထိန်းကျောင်း ရန် လိုအပ်ပါကြောင်း၊ သို့မှသာ လွတ်လပ်စွာရောင်းဝယ်နိုင်သည့် ဈေးကွက်ကို ဖော်ဆောင်နိုင်မည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား သည်။
ဆက်လက်၍ ကုန်သွယ်မှု လုပ်ငန်းများအတွက် ငွေပေးချေမှု များဆောင်ရွက်ရာတွင် တရားဝင် ဘဏ်စနစ်မှ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည် ဝင်ရောက်ရေးအတွက် ပူးပေါင်း ကြီးကြပ်ဆောင်ရွက်ရန် လိုအပ် ကြောင်း၊ AD လိုင်စင်ရဘဏ်များ အနေဖြင့် Online Trading Platform ၌ နိုင်ငံခြားငွေများ ဝယ်ယူ ဆောင်ရွက်ပေးရာတွင် Beneficiary Owner သို့သာ ရောက်ရှိရန် လိုအပ်ကြောင်း၊ နယ်စပ်ကုန်သွယ်ရေး၌ လည်း သွင်းကုန်လိုင်စင်များ ချပေးရာ တွင် ဘဏ်စနစ်မှသွားရန် လိုအပ် ကြောင်း၊ နိုင်ငံခြားငွေများ ရောင်း ဝယ်ရာ၌ Online Market Rate အတိုင်း ဝယ်/ရောင်းရန် လိုအပ် ကြောင်း၊ အဆိုပါအချက်အလက် များကို ကုန်ဈေးနှုန်းထိန်းကျောင်း ရန် ဆက်စပ်ကော်မတီများသို့ လည်း သတင်းပို့ထားပြီး ဖြစ်ပါ ကြောင်း။
AD လိုင်စင်ရဘဏ်များအနေ ဖြင့် ဗဟိုဘဏ်မှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း၊ Onsite စစ်ဆေး ပေါ်ပေါက်ပါက သက်ဆိုင်ရာ ဥပဒေများအရ စီမံခန့်ခွဲမှုဆိုင်ရာအရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိတွင် ငွေ လဲလှယ်နှုန်းတည်ငြိမ်မှုကို အဟန့် အတားဖြစ်စေသော ရွှေနှင့်နိုင်ငံခြား ငွေဈေးကစားနေသူများကို ရွှေ နှင့် ငွေကြေးဈေးကွက်စောင့် ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီမှ စိစစ်အရေးယူ လျက်ရှိကြောင်း၊ ငွေသားအမြောက် အမြား ထုတ်ယူနေခြင်းများနှင့် စပ်လျဉ်း၍ ဒစ်ဂျစ်တယ်ငွေပေးချေ မှု နည်းလမ်းဖြင့် လွှဲပြောင်းဆောင် ရွက်ရန်လိုအပ်ပါကြောင်း၊ ဒစ်ဂျစ် တယ်နည်းလမ်းဖြင့် သွားရောက် မှသာ လိုအပ်သည့်ကြီးကြပ် စစ်ဆေးမှုများနှင့် AML / CFT ဆိုင်ရာ ကိစ္စရပ်များအတွက် ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည် ဖြစ်ပါ ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက ကုန်သွယ် မှုဆိုင်ရာမူဝါဒများ ချမှတ်ဆောင် ရွက်နေမှုများကို လည်းကောင်း၊ UMFCCI မှ အတွင်းရေးမှူးက သိလိုသည်များနှင့် အကြံပြုချက် များကိုလည်းကောင်း ဆွေးနွေးပြီး AD လိုင်စင်ရဘဏ်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်