နိုင်ငံ၏ လူဦးရေအပေါ်မူတည်၍ တစ်နေ့လျှင် လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို စနစ်တကျ သုံးသပ်တွက်ချက်၍ မွေးမြူဇုန်များ တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးကို ဆောင်ရွက်

 

နေပြည်တော် အောက်တိုဘာ  ၂၁


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး  မင်းအောင်လှိုင်သည်  ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊   ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်   တာဝန်ရှိသူများ   လိုက်ပါ၍   ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန် လုပ်ငန်းဆောင်ရွက်ထားရှိမှု  အခြေအနေများကို  သွားရောက်ကြည့်ရှု အားပေးသည်။


ဦးစွာ   ရှမ်းရိုးမမွေးမြူရေးဇုန်ရှင်းလင်းဆောင်၌   မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန    ပြည်နယ်ဦးစီးမှူး   ဒေါက်တာဝင်းဇင်မောင်က ရှမ်းရိုးမမွေးမြူရေးဇုန်ဆိုင်ရာ   အချက်အလက်များနှင့်   ဇုန်အတွင်း မွေးမြူရေးလုပ်ငန်းများ  ဆောင်ရွက်နေမှုများ၊  မွေးမြူရေးဇုန်အတွင်း လုပ်ငန်းကော်မတီဖွဲ့စည်း၍  လုပ်ငန်းဆောင်ရွက်မှုများကို  ကြီးကြပ် လျက်ရှိမှု၊    တိရစ္ဆာန်ကျန်းမာရေးအတွက်     သက်ဆိုင်ရာဝန်ကြီး ဌာနများ၊   စောင့်ရှောက်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု၊    ဇုန်အတွင်း   ဥစားကြက်  မွေးမြူထားရှိမှု၊   နှစ်အလိုက် ကြက်ခြံ        အရေအတွက်နှင့်  ကောင်ရေ   တိုးတက်လာမှုအခြေအနေများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ တိုင်းဒေသ ကြီးနှင့်    ပြည်နယ်များသို့    ကြက်ဥများ ဖြန့်ဖြူးပေးလျက်ရှိမှု၊      အဆင့်မြင့် နည်းပညာအသုံးပြု   ဥစားကြက်ခြံများ ဆောင်ရွက်လျက်ရှိမှု၊    မွေးမြူရေးဇုန် အတွင်း   ဖြစ်ပေါ်လာနိုင်သည့်  ရောဂါ များဆိုင်ရာ  အသိပညာပေးဟောပြောမှု များ ဆောင်ရွက်လျက်ရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြကြသည်။ 


ဥစားကြက်မွေးမြူရေးလုပ်ငန်း


ရှင်းလင်းတင်ပြမှုများအပေါ်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ    ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မွေးမြူရေးဇုန် အတွင်း အစာထုတ်လုပ်မှု၊ ကျွေးမွေးမှုနှင့် ရေပြည့်ဝစွာရရှိရေး ဆောင်ရွက်ထားရှိမှု နှင့်   ပတ်သက်၍    သိရှိလိုသည်များ မေးမြန်းဆွေးနွေးပြီး  ယခု  အေးသာယာ စက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန် တွင်     လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုအပ်သည်များကိုဖြည့်ဆည်း ပေးနိုင်ရန်နှင့်      အားပေးရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊    ဒေသ ထွက်   စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ကို  အခြေခံသည့်   စက်မှုလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် အေးသာယာ စက်မှုဇုန်ကို       အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊     နို့နှင့် နို့ထွက်ပစ္စည်းများကို ပြည်ပမှ တင်သွင်း နေရမှု   လျော့နည်းသွားစေရန်အတွက် နို့စားနွား မွေးမြူရေးကို ဆောင်ရွက်ကြရန် ဦးစွာရည်ရွယ်ခဲ့သော်လည်း ဒေသခံများ ပိုမိုစိတ်ဝင်စားသည့်   ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို       အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသည့် အတွက် ဝမ်းမြောက်မိပါကြောင်း။    


ဈေးနှုန်းကြီးမြင့်မှု လျှော့ချနိုင် 


ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများ ကြောင့် အခက်အခဲများ  ဖြစ်ပေါ်ခဲ့ချိန်တွင် အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမ မွေးမြူရေးဇုန်မှ ကြက်ဥများကို တစ်နိုင်ငံ လုံးအတိုင်းအတာဖြင့်    အရေအတွက် များစွာ   ဖြန့်ဖြူးပေးနိုင်ခဲ့သည့်အတွက် တစ်ဖက်တစ်လမ်းမှ    အထောက်အကူ ဖြစ်စေခဲ့ပါကြောင်း၊ ဆက်လက်၍လည်း မွေးမြူရေးဇုန်တိုးချဲ့နိုင်ရေးနှင့်    တိုးချဲ့ မွေးမြူနိုင်ရေးအတွက်လည်း လိုအပ်သည် များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြက်ဥလိုအပ်ချက်သည် နေ့စဉ်ရှိနေပြီး ဈေးကွက်လိုအပ်ချက်ကို  ပြည့်မီအောင် ထုတ်လုပ်နိုင်မည်ဆိုပါက       ကြက်ဥ ဈေးနှုန်းကြီးမြင့်မှုကိုလည်း လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ လူဦးရေအပေါ် မူတည်၍  တစ်နေ့လျှင် လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို စနစ်တကျ သုံးသပ်တွက်ချက်၍     မွေးမြူဇုန်များ တိုးချဲ့နိုင်ရေးနှင့်    တိုးချဲ့မွေးမြူနိုင်ရေးကို ဆောင်ရွက်ကြစေလိုကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)အနေဖြင့်     အစာစပ်စက်ရုံ ဆောင်ရွက်ပြီး    မွေးမြူရေးအစာလိုအပ် ချက်ကို  ဖြည့်ဆည်းပေးနိုင်မည့်  အခြေ အနေရှိပြီးဖြစ်ကြောင်း၊ မွေးမြူရေးအစာ ထုတ်လုပ်ရန်   ဒေသတွင်းထွက်ရှိသည့် ကုန်ကြမ်းများလည်း   ရှိပြီးဖြစ်သဖြင့် အစာစပ်စက်ရုံကို စနစ်တကျဆောင်ရွက် ပြီး   ဒေသတွင်းနှင့်    နိုင်ငံတစ်ဝန်းသို့ ဖြန့်ဖြူးပေးနိုင်ရမည်ဖြစ်ကြောင်း။


အေးသာယာစက်မှုဇုန်သည် တစ်နိုင်ငံ လုံးသို့ ကြက်ဥများအဓိက ဖြန့်ဖြူးသည့် နေရာတစ်ခုဖြစ်ကြောင်း၊  ကြက်ခြံများ တိုးချဲ့နိုင်ရေးအတွက်လည်း သမားရိုးကျ နည်းလမ်းများအပြင်  ခေတ်မီနည်းစနစ် များဖြင့်   တိုးချဲ့ဆောင်ရွက်သင့်ကြောင်း၊ အလုံပိတ် အအေးခန်းစနစ်(Evaporated Cooling System)  ဖြင့်   အဆင့်မြင့် ကြက်မွေးမြူခြင်းသည် အရင်းအနှီးအား ဖြင့် များသည်ဖြစ်သော်လည်း ဇီဝလုံခြုံ မှုအပြည့်အဝရှိမည်ဖြစ်ပြီး အထွက်နှုန်း ကောင်းမွန်ခြင်း၊     အရည်အသွေးမြင့် ကြက်ဥများ   ရရှိနိုင်ခြင်းအပြင်   အခြား အကျိုးကျေးဇူးများစွာ   ရရှိနိုင်မည်ဖြစ် ကြောင်း၊    အေးသာယာစက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  လိုအပ်သည်များ ကို    နိုင်ငံတော်မှ     ဖြည့်ဆည်းပေးမည် ဖြစ်သဖြင့်  သက်ဆိုင်ရာ ဦးစီးဌာနများ၊ ဝန်ကြီးဌာနများနှင့်  ပြည်နယ်အဆင့်တို့ မှတစ်ဆင့်  ဆက်သွယ်ဆောင်ရွက်နိုင်ပါ ကြောင်း ဆွေးနွေးပြောကြားသည်။ 


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရှမ်းရိုးမမွေးမြူရေးဇုန် အတွင်းရှိ ဒေါက်တာစိုင်းလုံ၏ အလုံပိတ် အအေးခန်းစနစ်(Evaporated Cooling System)ဖြင့် အဆင့်မြင့်ကြက်မွေးမြူရေး ဆောင်ရွက်ထားရှိမှုကို    သွားရောက် ကြည့်ရှုအားပေးခဲ့ပြီး    မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည့်အခြေအနေများနှင့်  ပတ်သက်၍ လိုအပ်သည်များ     ဆွေးနွေးမှာကြားခဲ့ ကြောင်း သတင်းရရှိသည်။    

သတင်းစဉ်