နိုင်ငံ၏ ဂုဏ်သိက္ခာနှင့်အညီ ဆောင်ရွက်

 

မိမိတို့နိုင်ငံသည် အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ သို့သော်လည်း နိုင်ငံတကာနှင့် ဆက်ဆံရာတွင် နိုင်ငံ၏ဂုဏ်သိက္ခာနှင့်အညီ  ဆောင်ရွက်နေခြင်းကို အချို့သောပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မျက်ကွယ်ပြု၍ဆောင်ရွက်နေကြ ကြောင်း၊ ပြည်ပနိုင်ငံများနှင့် နယ်နိမိတ်ထိစပ်နေသော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တာဝန်ရှိသူများအနေဖြင့် နယ်စပ်ဒေသဆက်ဆံရေးနှင့်စပ်လျဉ်း၍ နိုင်ငံတော်၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပြီး နိုင်ငံတကာကတိကဝတ်၊ သဘော တူညီချက်များနှင့်အညီ  ပြောဆိုပြုမူ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နိုင်ငံ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် ကိစ္စရပ်များကို ရှောင်ရှားကြရန်လိုအပ်ကြောင်း။  

 

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   ၇-၉-၂၀၂၁ ရက်နေ့တွင်   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၁) ၌  ပြောကြားသည့်အမှာစကားမှ ကောက်နုတ်ချက်)