နိုင်ငံ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် စာရင်းပညာနှင့် စာရင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးပါသည့်ကဏ္ဍမှပါဝင်

 

ရန်ကုန်    မတ်    ၁၄


မြန်မာနိုင်ငံစာရင်းကောင်စီ  အလုပ် အမှုဆောင်အဖွဲ့  ၂/၂၀၂၃ အစည်း အဝေးကို     ယမန်နေ့    နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံ စာရင်း ကောင်စီရုံး အစည်းအဝေးခန်းမ၌  ကျင်းပရာ      မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဋ္ဌ     ပြည်ထောင်စု စာရင်းစစ်ချုပ်   ဦးတင်ဦး    တက် ရောက်၍        အဖွင့်အမှာစကား ပြောကြားသည်။


အစည်းအဝေးတွင်     ပြည် ထောင်စုစာရင်းစစ်ချုပ်က နိုင်ငံ ၏ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် မှုတွင်    စာရင်းပညာနှင့်   စာရင်း  လုပ်ငန်းများ  ဖွံ့ဖြိုးတိုးတက်ရေး  သည် အရေးပါသည့်ကဏ္ဍမှ ပါဝင် ပါကြောင်း၊  စာရင်းပညာရပ်များ  အစဉ်တစိုက်    ခေတ်မီတိုးတက် စေရေး၊       စာရင်းပညာရှင်များ တိုးပွားစေရေး၊  ကျင့်ဝတ်သိက္ခာ  စောင့်ထိန်းလိုက်နာမှု      မြင့်မား စေရေး၊      စာရင်းစံများနှင့်အညီ လိုက်နာ     ကျင့်သုံးနိုင်စေရေးတို့ သည်       လွန်စွာအရေးကြီးပါ ကြောင်း၊   သို့ပါ၍   Regulatory Body တစ်ရပ်အနေဖြင့် ရပ်တည် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံပိုင် ကဏ္ဍနှင့်    ပုဂ္ဂလိကကဏ္ဍနှစ်ရပ်  လုံးတွင်       စာရင်းလုပ်ငန်းများ  ဖွံ့ဖြိုး      တိုးတက်စေရေးအတွက် မြန်မာနိုင်ငံ  လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းနှင့် ပူးပေါင်း ၍ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊  ထို့ပြင်  ငွေကြေး ခဝါချမှုနှင့် အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ငွေကြေးထောက်ပံ့မှု  တိုက်ဖျက်ရေး     လုပ်ငန်းအဖွဲ့၏ တာဝန်ပေးမှုများကိုလည်း အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေး  ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ် ပါကြောင်း၊      ထိုတာဝန်များကို ဆောင်ရွက်ရာတွင်      ကိုယ်ကျင့် သိက္ခာနှင့် အလေ့အကျင့်ကောင်း များ  ပြည့်မြောက်အောင်မြင်စေ ရေး   တက်ညီလက်ညီ   ဝိုင်းဝန်း ကြိုးပမ်းကြစေ      လိုပါကြောင်း တိုက်တွန်း ပြောကြားသည်။ 


ထို့နောက် အလုပ်အမှုဆောင် အဖွဲ့ဝင်များက      ယခင်အစည်း အဝေး      ဆုံးဖြတ်ချက်များအရ ဆောင်ရွက်ပြီးစီးမှု    အခြေအနေ များ၊      ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်        ဆက်လက် ဆောင်ရွက်မည့်  လုပ်ငန်းဆိုင်ရာ များကို အစီအစဉ်အတိုင်း  ရှင်းလင်း တင်ပြကြပြီး ပြည်ထောင်စုစာရင်း စစ်ချုပ်က  နိဂုံးချုပ်အမှာစကား ပြောကြားကာ  အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


အဆိုပါ     အစည်းအဝေးသို့  ဒုတိယစာရင်းစစ်ချုပ်၊     အမြဲတမ်း အတွင်းဝန်နှင့်    တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရ     ပြည်သူ့ စာရင်းကိုင်များအသင်း နာယက များ၊ မြန်မာနိုင်ငံစာရင်း ကောင်စီ  အလုပ်အမှုဆောင်အဖွဲ့ဝင်     (၂) ဦးတို့က Online ဖြင့် တက်ရောက် ကြပြီး  မြန်မာနိုင်ငံ  လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ    အသင်း  ဥက္ကဋ္ဌနှင့်     အလုပ်အမှုဆောင် အဖွဲ့ဝင်များ      တက်ရောက်ကြ ကြောင်း သိရသည်။


အလားတူ     ပြည်ထောင်စု စာရင်းစစ်ချုပ်သည် ယနေ့တွင် မြန်မာနိုင်ငံ    စာရင်းကောင်စီရုံး အစည်းအဝေးခန်းမ၌      ကျင်းပ သည့်   မြန်မာနိုင်ငံလူမွဲခံယူခြင်း ဆိုင်ရာ ကျွမ်းကျင်သူများကြီးကြပ် ရေးကောင်စီ အကြိုညှိနှိုင်းဆွေးနွေး ပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး ကော်မတီဝင်များ၏ ရှေ့ဆက်လက်    ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်    စပ်လျဉ်း၍ ဆွေးနွေး      တင်ပြမှုများအပေါ် မှာကြားခဲ့ကြောင်း သိရသည်။    

                 
သတင်းစဉ်