
ပုသိမ်ကြီး မတ် ၃၀
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး စီမံကိန်းအတွက် ချေးငွေသဘောတူ စာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစု ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အောင်မြေသာစံခရိုင် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေ က အမှာစကားပြောကြားပြီး မန္တလေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး ဦးဇော် ဝင်းထွန်း က ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့် က မြို့နယ်အတွင်း ယခုနှစ် နွေစပါး စိုက်ပျိုးမှုအခြေအနေများနှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းရှင်၊ မျိုးစေ့ထုတ်အစုအဖွဲ့နှင့် သမဝါယမအသင်းများဖြင့် နွေစပါး စီမံကိန်း စိုက်ဧက ၃၅၂၂ ဧကအတွက် တစ်ဧကလျှင် နှစ်သိန်းကျပ်နှုန်းဖြင့် ညီမျှသည့် သွင်းအားစုစိုက်ပျိုးရေး မြေဩဇာများကို ထုတ်ပေးရန် ချေးငွေ စာချုပ် ချုပ်ဆိုခဲ့ပြီး တက်ရောက်လာ သည့် ဒေသခံတောင်သူများအား စိုက်ပျိုး ရေးသွင်းအားစုမြေဩဇာများကို တာဝန် ရှိသူများက ပေးအပ်ရာ တောင်သူများ ကိုယ်စား တောင်သူတစ်ဦးကကျေးဇူးတင် စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ဇော်ဘီ