နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါးစီမံကိန်းအတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးပွဲကျင်းပ

 

ကျောက်ဆည်   မတ်   ၂၄


မန္တလေးတိုင်းဒေသကြီး    ကျောက်ဆည်မြို့နယ်၌    နိုင်ငံ့ စီးပွားမြှင်တင်ရေး  ရန်ပုံငွေဖြင့်  ဆောင်ရွက်သည့်  နွေစပါး စီမံကိန်းအတွက်  ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်းကို    ယနေ့    နံနက် ၉ နာရီက ကျောက်ဆည်မြို့နယ်    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားတွင်   ကျောက်ဆည်ခရိုင်  စီမံအုပ်ချုပ်ရေး အဖွဲ့ အဖွဲ့ဝင်(၂) ဦးအောင်သူက ကျောက်ဆည်ခရိုင်အနေဖြင့် နွေစပါးများကို   ကျေးရွာအုပ်စု  ငါးအုပ်စုတွင်   ၄၂၆ ဧက စိုက်ပျိုးသွားမည်ဖြစ်ရာ  ကျောက်ဆည်မြို့နယ်အနေဖြင့် ကျေးရွာအုပ်စု သုံးအုပ်စု၌ ၃၂၆ ဧက စိုက်ပျိုးသွားမည်ဖြစ် ကြောင်း၊ တောင်သူများအနေဖြင့်  မိမိနယ်မြေဖွံ့ဖြိုးတိုးတက် ရေး စံနမူနာပြဆောင်ရွက်သွားကြရန် အမှာစကားပြောကြား ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ    ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်းက တိုင်းဒေသကြီး အတွင်း   နွေစပါးများကို   ဧက သုံးသောင်း စိုက်ပျိုးသွားမည် ဖြစ်ကြောင်း၊ လာမည့်မိုးရာသီတွင်လည်း ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ တောင်သူများအနေ ဖြင့်  လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန် ကြိုးစားဆောင်ရွက်ကြ စေလိုကြောင်း ရှင်းလင်းပြောကြားသည်။

 


ဆက်လက်၍ ကျောက်ဆည်မြို့နယ် လုပ်ငန်းကြီးကြပ် မှုကော်မတီ  အတွင်းရေးမှူး ဦးမြင့်အောင်က နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစီမံကိန်း အတွက် ချေးငွေသဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြား ခဲ့ပြီး ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးငွေဒိုး၊ မန္တလေးတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးဇော်ဝင်းထွန်း၊    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့    ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အာမိုကုမ္ပဏီမှ နယ်မြေတာဝန်ခံ ဦးနိုင် နိုင်အောင်တို့က   တောင်သူများအား  ငွေကျပ်နှစ်သိန်းဖြင့် ညီမျှသော သွင်းအားစုပစ္စည်းများ တောင်သူများ လက်ဝယ် ထောက်ပံ့ပေးအပ်ခဲ့သည်။            

 

 မြို့နယ်(ပြန်/ဆက်)