နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ငွေဖြင့် ကချင်ပြည်နယ် စီးပွားမြှင့်တင်ရေးအတွက် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်စနစ်များ‌၊ စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 

မြစ်ကြီးနား   သြဂုတ်   ၃၀


နိုင်ငံ့စီးပွားရေး       မြှင့်တင်ရေး ရန်ပုံငွေမှ    မတည်ငွေဖြင့်   ကချင် ပြည်နယ်     စီးပွားမြှင့်တင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ် စနစ်များ၊  စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊       ဘဏ္ဍာ ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာ     ဆောင်ရွက်နိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး      မလိခ ခန်းမ၌ ကျင်းပသည်။

 


ညှိနှိုင်း  အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်     ဦးခက် ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ         မတည်ငွေကျပ် ၈ ဘီလီယံကို   ပြည်နယ်စီးပွား မြှင့်တင်ရေးအတွက်  နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြား ချက်နှင့်အညီ စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ရသော ရင်းနှီးမြှုပ်နှံ မည့် စီမံကိန်းလုပ်ငန်းများအတွက် လုပ်ငန်းစဉ်စနစ်များ    ရေးဆွဲပြီး စီမံကိန်းလုပ်ငန်းများ မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေး၊    ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်း   ညွှန်ကြားချက်များ နှင့်အညီ     ဆောင်ရွက်သွားနိုင် ရေး၊   သက်ဆိုင်ရာ၊   ဌာနဆိုင်ရာ များအနေဖြင့်    လုပ်ငန်းတာဝန် များအလိုက်     စနစ်တကျစီမံ ဆောင်ရွက်ရမည်     ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။ 

 


ထို့နောက်   ပြည်နယ်စီးပွား မြှင့်တင်ရေးကော်မတီ   ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်     စီးပွား ရေးရာဝန်ကြီး       ဦးမျိုးဆွေက စီမံကိန်းလုပ်ငန်းများ    အတွက် ဘဏ္ဍာရေး    လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး     ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ပြည်နယ်သမဝါယမ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန တို့မှ    ပြည်နယ်ဦးစီးမှူးများက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သမဝါယ လုပ်ငန်းများနှင့် ငါးလုပ်ငန်းများ တွင် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ဖြင့်     ကျေးရွာများ    ရွေးချယ် သတ်မှတ်၍    အရင်းမပျောက် မတည်ငွေဖြင့်   ဆောင်ရွက်သွား မည့်     စီမံကိန်းလုပ်ငန်းစဉ်များ၊    အတိုးနှုန်းနှင့် ချေးငွေသက်တမ်း     သတ်မှတ်   ဆောင်ရွက်နိုင်ရေး၊     လေ့ကျင့်ပညာပေးသင်တန်းများ နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များ နှင့်      တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက စီမံကိန်း လုပ်ငန်းများအပေါ်     ဆွေးနွေး တင်ပြကြသည်။

 


တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေ များကို    ဘဏ္ဍာရေး   လုပ်ထုံး လုပ်နည်းနှင့်အညီ       အမြန်ဆုံး ဆောင်ရွက်ရေး၊ စီမံကိန်းအကောင် အထည်ဖော်       ဆောင် ရွက်မည့် လုပ်ငန်းများ စိစစ်တင်ပြနိုင်ရေး နှင့် လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)