နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

ရန်ပုံငွေမှထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ တိုးပွားလာစေရန်  ကြိုးပမ်းဆောင်ရွက်

 

နေပြည်တော်  နိုဝင်ဘာ   ၁၁
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
အစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌ၊    စီမံကိန်းနှင့်   ဘဏ္ဍာရေး ဝန်ကြီးဌာန            ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်က နိုင်ငံအတွက် လျင်မြန်စွာ အကျိုးရလဒ်ရရှိနိုင် သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သော မတည်ရင်းနှီးငွေများ   ရရှိနိုင်စေ ရန်       စီမံဆောင်ရွက်ပေးသည့် အနေဖြင့်      အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ    လက်ကျန်ငွေမှ    ကျပ် ဘီလီယံ   ၄၀၀  ကို   နိုင်ငံ့စီးပွား မြှင့်တင်ရေး    ရန်ပုံငွေအမည်ဖြင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင် ၍   ပြည်တွင်းစီးပွားရေးလုပ်ငန်း များကို  အတိုးနှုန်းသက်သာသော ချေးငွေများ   ထုတ်ချေးပေးနိုင် ရေး  ဆောင်ရွက်မည်ဖြစ်ကြောင်း ဇူလိုင် ၂၃ ရက်က သတင်းထုတ်ပြန် ခဲ့ကြောင်း၊    အဆိုပါရန်ပုံငွေမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနသို့ ကျပ် ၂၃၀ ဘီလီယံ၊ ကယားပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သို့ ကျပ် ၁၀ ဘီလီယံစီ၊ ကချင်ပြည် နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီ တိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့သို့ ကျပ်ရှစ်ဘီလီယံ စီနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း နှင့်   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံအုပ်ချုပ်ရေးအဖွဲ့ ခြောက်ခု တို့သို့     ကျပ်ငါးဘီလီယံစီဖြင့် စုစုပေါင်းရန်ပုံငွေကျပ်   ဘီလီယံ ၃၃၀ ကို    မတည်ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း။
မတည်ထောက်ပံ့ငွေဆိုင်ရာဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းကို ပြည်ထောင်စု    အစိုးရအဖွဲ့က တိုင်းဒေသကြီး၊          ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံ အုပ်ချုပ်ရေးအဖွဲ့များသို့ အကြောင်း ကြားခဲ့ပြီးဖြစ်ကြောင်း၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းနှင့် စပ်လျဉ်း၍ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ    လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့    သွားရောက်ရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေအတွက် ဘဏ္ဍာရေး စည်းမျဉ်းကိုလည်း ပြည်ထောင်စု အစိုးရအဖွဲ့၏   ခွင့်ပြုချက်ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယင်း နှင့် စပ်လျဉ်း၍ ချေးငွေစိစစ်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းနိုင်ရေး အတွက်     ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဖြစ် ကြောင်း၊ ထို့ပြင် မတည်ထောက်ပံ့ ငွေမှ ချေးငွေထုတ်ချေးခြင်း မရှိ သေးသည့်   ကျန်တိုင်းဒေသကြီး နှင့်    ပြည်နယ်များ၊   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့်   ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ       ဒေသများသို့ ချေးငွေများကို ဘဏ္ဍာရေးလုပ်ထုံး လုပ်နည်းနှင့်အညီ       စိစစ်၍ ထုတ်ချေးပေးနိုင်ရေး      ညှိနှိုင်း ဆောင်ရွက်ပေးရန်  ဖြစ်ကြောင်း၊ ရန်ပုံငွေမှ   ထုတ်ပေးထားသည့် အရင်းမပျောက်မတည်ငွေများကို မပျောက်ပျက်စေဘဲ      တိုးပွား လာစေရန်     ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်ကြောင်း    ပြောကြား သည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီဝင်များဖြစ်ကြသည့်  ပြည်ထောင်စု ဝန်ကြီး ဦးတင်ထွဋ်ဦးနှင့် ဦးလှမိုး၊ ဒုတိယဝန်ကြီးများနှင့် ကော်မတီ အဖွဲ့ဝင်များက    သက်ဆိုင်ရာ ကဏ္ဍအလိုက်    ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြရာ   ကော်မတီဥက္ကဋ္ဌ က ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်