
စိုးထွန်းနိုင် (ပန်းတနော်)
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ပါက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုသည် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်သည်ကို တွေ့ရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် လမ်းနှင့်တံတားသည် နိုင်ငံတစ်နိုင်ငံ၏ အင်အားလည်းဖြစ်ပါသည်။
လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နိုင်သည့် နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်သကဲ့သို့ နိုင်ငံအတွင်း လမ်းပန်းဆက်သွယ် ရေးကောင်းမွန်သည့် မြို့ရွာဒေသသည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် မြို့ရွာဒေသများထက် ပိုမိုဖွံ့ဖြိုးတိုးတက်သည်ကို တွေ့ရမည်ဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ အင်အားဖြစ်သည့် လမ်းနှင့်တံတားများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေး ထား ဆောင်ရွက်ရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျေးလက်နေလူဦးရေသည် ၇၀ ရာခိုင်နှုန်းခန့်ရှိသည်ဖြစ်ရာ ကျေးလက် ဒေသနေပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်ဒေသများ၏ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရေး အကောင် အထည်ဖော်ဆောင်ရွက်မှုသည် အရေးကြီးသည့် လုပ်ငန်းတစ်ခုပင်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာချင်းဆက်လမ်းများ၊ တံတားများ တည် ဆောက်ခြင်းသည် အဓိကလုပ်ငန်းစဉ်ပင်ဖြစ်ပါ သည်။
“မိမိတို့နိုင်ငံတစ်ဝန်းတွင် အေးအတူပူအမျှ လက်တွဲပြီး မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်ရာတွင် လမ်းပန်းဆက်သွယ်ရေး ကဏ္ဍသည် အလွန်အရေးကြီးကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးကောင်းမွန်လာရေးအတွက် ပထဝီ အနေအထားအရ သဘာဝအတားအဆီးဖြစ်သည့် နေရာများတွင် တံတားများတည်ဆောက်ပေးခြင်း၊ လမ်းများကို ရာသီမရွေးသွားလာနိုင်အောင် ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို နိုင်ငံတော်အနေဖြင့် ဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထို့အပြင် မြို့ပြဒေသများသာမက ဝေးလံ ခေါင်ပါးသည့် နယ်စပ်ဒေသများပါမကျန် အချိုး ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လမ်းများ အဆင့်မြှင့်တင်ပေးခြင်း၊ လမ်းကွန်ရက်များ တိုးချဲ့ ခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ်-၃) ဖွင့်ပွဲအခမ်းအနား တွင် ပြောကြားခဲ့သည်။
မဟာဗျူဟာ ချမှတ်ဆောင်ရွက်
နိုင်ငံတော်အစိုးရအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ခေတ်မီ ဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်း၊ တံတားများ တည် ဆောက်ခြင်း၊ ရာသီမရွေးသွားလာနိုင်အောင် အဆင့် မြှင့်တင်ခြင်း၊ လမ်းကွန်ရက်များ တိုးချဲ့ခြင်းတို့ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်း အတွက် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက် လမ်းများအသုံးပြုနိုင်ရေး မဟာဗျူဟာချမှတ် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံရှိ ကျေးရွာများ၏ ငါးပုံတစ်ပုံခန့် သည် လမ်းများနှင့် ဆက်သွယ်ထားခြင်းမရှိပါ။ လမ်းများဖြင့် ဆက်သွယ်ထားသော ကျေးရွာ ထက်ဝက်ကျော်မှာလည်း မိုးရာသီတွင် ဖြတ်သန်း သွားလာရန်မဖြစ်နိုင်သော နွေရာသီသုံး ကျေးလက် လမ်းများဖြင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ ထိုသို့ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသအများစုတွင် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ရန် လိုအပ် လျက်ရှိသည်ဖြစ်ရာ အဆိုပါလိုအပ်ချက်များကို သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနသည် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးလက် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး ကဏ္ဍဖြစ်သော ကျေးလက်လမ်း၊ တံတားများကို ရေရှည်တည်တံ့ ခိုင်မြဲရေး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက် ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကျေးရွာ ၅၇၂၂၈ ရွာ၌ လူဦးရေ ၁၀၀၀ နှင့်အထက် ကျေးရွာများ အားလုံးကို ၂၀၂၀ ပြည့်နှစ်တွင်လည်းကောင်း၊ လူဦးရေ ၅၀၀ နှင့်အထက်ရှိ ကျေးရွာအားလုံး၏ ၉၅ ရာခိုင်နှုန်းကို ၂၀၂၅ ခုနှစ်တွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လူဦးရေ ၂၅၀ နှင့် အထက်ရှိ ကျေးရွာများအားလုံး၏ ၇၅ ရာခိုင်နှုန်းနှင့် လူဦးရေ ၂၅၀ အောက်ရှိ ကျေးရွာ ၅၀ ရာခိုင်နှုန်းကို ၂၀၃၀ ပြည့်နှစ်တွင်လည်းကောင်း ရာသီမရွေးသွား လာနိုင်သော ကျေးလက်လမ်းဆောင်ရွက်ရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီး၌ လူဦးရေ မည်သို့ပင်ရှိစေကာမူ တူညီသည့်အခွင့်အရေးရရှိရန် လူဦးရေနည်းသည့် ပြည်နယ်များကိုလည်း ခြွင်းချက်အနေဖြင့် သီးခြားစဉ်းစားပေးရန် မဟာဗျူဟာရည်မှန်းချက်အဖြစ်ထားရှိ၍ အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်သည်။
အသစ်ဖောက်လုပ်
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကျေးလက် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးကဏ္ဍဖြစ်သော ကျေးလက်လမ်း၊ တံတားများကို ရေရှည်တည်တံ့ ခိုင်မြဲရေး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော် အပါအဝင်
တိုင်းဒေသကြီး/ ပြည်နယ် ၁၇ ခုတွင် ကွန်ကရစ်လမ်း (၂၆/၄ ဒသမ ၀၃)မိုင်၊ ကတ္တရာလမ်း (၂၈/၄ ဒသမ ၉၂)မိုင်၊ ကတ္တရာထပ်ပိုးလွှာ (၃/၀ ဒသမ ၄၄)မိုင်၊ ကျောက်လမ်း(၅၅/၀ ဒသမ ၆၆)မိုင်၊ အမာခံလမ်း(၄၀/၇)မိုင်၊ မြေနှင့်မြေချဲ့ (၃၄/၁ ဒသမ ၄၃) မိုင်၊ အခြားလုပ်ငန်း (၁/၆ ဒသမ ၃၈) မိုင်၊ စုစုပေါင်းလမ်းမိုင် (၁၉၀/၀ ဒသမ ၈၆) မိုင်၊ ကွန်ကရစ် တံတား ၆၉ စင်း၊ Box Culvert ၆၉ စင်း၊ ရေကျော် ခြောက်စင်း၊ အခြားလုပ်ငန်း ၂၅ ခု၊ တံတားလုပ်ငန်း စုစုပေါင်း ၁၆၉ စင်းတို့အား အဆင့်မြှင့်တင်ခြင်း၊ အသစ်ဖောက်လုပ်ခြင်းလုပ်ငန်းများကို ဘဏ္ဍာ ငွေကျပ် ၄၉၆၁၆ ဒသမ ၁၁၄ သန်း ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
အဆင့်မြှင့်တင်
ထို့ပြင် တိုင်းဒေသကြီး/ ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ကတ္တရာကွန်ကရစ်လမ်း (၀/၄ ဒသမ ၅) မိုင်၊ ကွန်ကရစ်လမ်း (၁၆၇/၃ ဒသမ ၇၃) မိုင်၊ ကတ္တရာ လမ်း (၇၅/၆ ဒသမ ၉၆) မိုင်၊ ကတ္တရာထပ်ပိုး (၂၆/၁ ဒသမ ၁၂) မိုင်၊ ကျောက်လမ်း (၂၁၅/၅ ဒသမ ၂၇) မိုင်၊ အမာခံလမ်း (၁၈၅/၁ ဒသမ ၉၃) မိုင်၊ မြေနှင့် မြေချဲ့(၂၄၇/၆ ဒသမ ၄၂)မိုင်၊ အခြားလုပ်ငန်း (၁၂/၀ ဒသမ ၁၅) မိုင် စုစုပေါင်းလမ်းမိုင် (၉၃၀/ ၆ ဒသမ ၀၈) မိုင်နှင့် ကွန်ကရစ်တံတား ၁၈၈ စင်း၊ သစ်သားတံတား လေးစင်း၊ ကြိုးတံတား/ဘေလီ တံတားသုံးစင်း၊ Box/ Pipe Culvert အစင်း ၇၉၀၊ ရေကျော် ၁၆ စင်း၊ အခြားလုပ်ငန်း ၇၁ ခု၊ တံတား လုပ်ငန်း စုစုပေါင်း ၁၀၇၂ စင်းတို့ကို အဆင့် မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းလုပ်ငန်း များအား ဘဏ္ဍာငွေကျပ် ၂၁၀၇၄၀ ဒသမ ၇၈၃ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင် ခဲ့ပါသည်။
ပြင်ဆင်ထိန်းသိမ်း
ထို့အတူ ကျေးလက်လမ်း၊ တံတားများ ပြင်ဆင် ထိန်းသိမ်းရေးလုပ်ငန်းများ တိုင်းဒေသကြီး/ ပြည်နယ်များသို့ လမ်းပြင်ဆင်ထိန်းသိမ်းခြင်း (၂၁၈/၃ ဒသမ ၁၅၄) မိုင်၊ တံတားပြင်ဆင်ထိန်း သိမ်းခြင်း ၂၂၅ စင်းနှင့် အဆောက်အအုံနှင့် ဆက်စပ် လုပ်ငန်းများ ပြင်ဆင်ထိန်းသိမ်းခြင်း ၂၉ ခုတို့ အတွက် ငွေကျပ် ၉၆၅၉ ဒသမ ၈၅၃ သန်းအသုံးပြု၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။
ဒီဇိုင်းများရေးဆွဲ
လမ်းတံတားများ တည်ဆောက်ခြင်းလုပ်ငန်း များ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့သည့် လမ်း တံတားများဖြစ်မှသာ နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုနည်းပါးမည်ဖြစ်ရာ တည်ဆောက် မည့် လမ်းတံတားများသည် ဒေသနှင့်ကိုက်ညီသော ဒီဇိုင်းများရရှိစေရန်အတွက် ကျေးလက်လမ်း တံတားလုပ်ငန်းများ၏ လမ်းလွှာဒီဇိုင်း၊ Geometric Design၊ ကွန်ကရစ်တံတား၊ သံပေါင်တံတား၊ ဘေလီတံတား၊ ကြိုးတံတား၊ ရေပြွန်၊ ရေကျော်၊ ရေနိမ့်တံတားနှင့် မြေထိန်းနံရံ စသည့် ဒီဇိုင်းများ အား အချိန်မီရေးဆွဲဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လမ်း ၃၃၆ လမ်း၊ အရှည် ၄၁၁ ဒသမ ၁၃၇၅ ကီလိုမီတာအတွက် Pavement Design များ ဆောင်ရွက်ခြင်း၊ လမ်း ခုနစ်လမ်း၊ အရှည် ၂ ဒသမ ၃၉၂၃၂ ကီလိုမီတာ အတွက် Geometric Design များ ဆောင်ရွက်ခြင်း၊ တံတား ၁၀၅ စင်း စုစုပေါင်းအရှည် ၁၁၅၀၈ ပေ အတွက် Bridge Design များ ဆောင်ရွက်ခြင်း၊ စုစုပေါင်းတံတား ၁၇ စင်း၊ တံတားအရှည်စုစုပေါင်း ၁၈၄၅ ပေအတွက် SIT Result အပေါ် Analysis and Design ဆောင်ရွက်ခြင်း၊ လုပ်ငန်း ၁၅ ခု၊ အရှည်စုစုပေါင်း ၄၁၁၃ ပေနှင့် မြို့နယ်ရုံးအဆောက် အအုံနှစ်ခုအတွက် Analysis and Design ဆောင်ရွက်ခြင်း၊ စုစုပေါင်းလုပ်ငန်းခြောက်ခု၊ စုစုပေါင်းအရှည်ပေ ၂၆၄၉ ပေ သဘာဝဘေးနှင့် ထူးခြားဖြစ်စဉ်အတွက် ဒီဇိုင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။
အရည်အသွေးစစ်ဆေး
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် သည့် လုပ်ငန်း ၁၁၃၈ ခုတို့အား လုပ်ငန်းအရည် အသွေးပြည့်မီစွာနှင့် အချိန်မီပြီးစီးစေရန်အတွက် အရည်အသွေး စစ်ဆေးထိန်းသိမ်းခြင်းလုပ်ငန်း များကို ဆောင်ရွက်နိုင်ခဲ့သည်။
အရည်အသွေးစစ်ဆေး
ကျေးလက်လမ်း၊ တံတားများ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအဖြစ် တံတား လုပ်ငန်းများ၏ ကွင်းမြေနမူနာထုတ်ယူခြင်း (Soil Drilling Work)၊ မြေနမူနာများအား ဓာတ်ခွဲ စမ်းသပ်ခြင်း၊ Soil Report များထုတ်ပြန်ခြင်း၊ Test Pile များအတွက် မြေသားဂုဏ်သတ္တိ စမ်းသပ်ခြင်း လုပ်ငန်းများ၊ တံတားလုပ်ငန်း(Bored Pile)များ၏ SIT(Sonic Integrity Testing) များ စမ်းသပ်ခြင်း၊ SIT Result များ ထုတ်ပြန်ခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်း
ထို့ပြင် မိုခါ (MOCHA) ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကြောင့် တိုင်းဒေသကြီး/ ပြည်နယ်ခုနစ်ခုရှိ ပျက်စီးခဲ့သည့် လမ်း၊ တံတား၊ အဆောက်အအုံ လုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုမှာ ချင်း ပြည်နယ်တွင် လမ်းတစ်လမ်း၊ မကွေးတိုင်းဒေသကြီး တွင် လမ်းရှစ်လမ်းနှင့် တံတား ၁၆ စင်း၊ မန္တလေး တိုင်းဒေသကြီးတွင် လမ်းခုနစ်လမ်းနှင့် တံတား သုံးစင်း၊ ရခိုင်ပြည်နယ်တွင် လမ်းခုနစ်လမ်းနှင့် တံတား ၁၅ စင်း၊ အဆောက်အအုံ သုံးခု၊ ရန်ကုန် တိုင်းဒေသကြီးတွင် တံတားနှစ်စင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် လမ်းတစ်လမ်းတို့ကို ဆောင်ရွက် နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ လမ်းတစ်လမ်း ကို ဒေသခံပြည်သူများ၏ အစီအစဉ်ဖြင့် ပြန်လည် ဆောင်ရွက်ပြီးဖြစ်ပါသည်။
အဓိကချိတ်ဆက်သည့်
လမ်းကွန်ရက်စနစ်
အမျိုးသားအဆင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာရည်မှန်းချက်အပေါ် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် အဓိကချိတ်ဆက် သည့် လမ်းကွန်ရက်စနစ် (Core Rural Road Network - CRRN) များကိုလည်း ရွေးချယ် ဆောင်ရွက်လျက်ရှိပါသည်။
လူမှုစီးပွားဘဝများ
ပိုမိုမြင့်မားကောင်းမွန်လာ
မြန်မာနိုင်ငံရှိ မြို့ပြနှင့်ကျေးလက်ဒေသများ၌နေထိုင်ကြသည့် လူဦးရေအချိုးအရ ကျေးလက် ဒေသများတွင် နေထိုင်ကြသူများက ပိုမိုများပြား သည့်အတွက် ကျေးလက်ဒေသတွင်နေထိုင်ကြသည့် ပြည်သူလူထုအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ ကျန်းမာရေးနှင့် ပညာရေးအဆင့်မြှင့်တင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်စေရေးတို့အတွက် အခြေခံကျသော အခြေခံအဆောက်အအုံသည် လမ်းတံတားများပင်ဖြစ်သည်။
ကျေးလက်ဒေသများတွင် လမ်းတံတားများ ကောင်းမွန်သည်နှင့်အမျှ ကျေးလက်နေပြည်သူ များ၏ နေ့စဉ်လူမှုစီးပွားဘဝများ မြင့်မားတိုးတက် လာမည်ဖြစ်ရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန အနေဖြင့် ကျေးလက်လမ်းများ ဖွံ့ဖြိုးရေး မျှော်မှန်း ချက်၊ ရည်မှန်းချက်၊ မူဝါဒများ၊ မဟာဗျူဟာများ ချမှတ်၍ အကောင်အထည်ဖော်လျက်ရှိပါသည်။
ကျေးလက်ပြည်သူ ရိုင်းပင်းကူ
လက်တွဲငြိမ်းချမ်း ဒို့ကြိုးပမ်း
လမ်းများဖောက်လုပ် ဒို့အလုပ်
ဖွံ့ဖြိုးရေးဆောင်ရွက် ပြည်သူ့အတွက်ဟူသည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ရည်မှန်းချက် ဆောင်ပုဒ်နှင့်အညီ နိုင်ငံ၏အင်အား လမ်းနှင့်တံတား အထူးသဖြင့် ကျေးလက်လမ်း၊ တံတားများ ဖွံ့ဖြိုး ရေးအတွက် အားသွန်ခွန်စိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မကြာတော့သည့် ကာလ အတွင်း မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး၏ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတွင်းရှိ ကျေးလက်လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအတွက် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများ ဖြစ်ထွန်းပေါ်ပေါက်ကာ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုမြင့်မားကောင်းမွန်လာမည်ဟု ယုံကြည်မိပါ သည်။ ။
- Log in to post comments