နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့် ပြခန်းများခင်းကျင်းနေမှု ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်း ကြည့်ရှုစစ်​ဆေး​

 

နေပြည်​တော်    ဧပြီ    ၂၄


နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီဥက္ကဋ္ဌထံမှ ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲ အခမ်းအနားအတွက်  မြန်မာအပြည်ပြည်ဆိုင်ရာ  ကွန်ဗင်းရှင်းဗဟိုဌာန (၂)  (MICC II)  ၌ ကြိုတင်ပြင်ဆင်လေ့ကျင့်​နေမှုနှင့်   ပြခန်းများ   ခင်းကျင်းနေမှုတို့ကို ယ​နေ့ ည​နေပိုင်းတွင် ပြန်ကြား​ရေးဝန်ကြီးဌာန ပြည်​ထောင်စုဝန်ကြီး ဦး​မောင်​မောင်အုန်း သွား​ရောက်ကြည့်ရှု စစ်​ဆေးအား​ပေးသည်။


လေ့ကျင့်​နေမှုကို ကြည့်ရှုစစ်​ဆေး


ရှေးဦးစွာ ပြည်​ထောင်စုဝန်ကြီးသည် ခန်းမအတွင်း သာသနာ​ရေး နှင့်  ယဉ်ကျေးမှုဝန်ကြီးဌာန   အနုပညာဦးစီးဌာနနှင့်  ပြန်​ကြား​ရေး ဝန်ကြီးဌာန  မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့မှ  အနုပညာရှင်များ၊ ​ကျောင်းသား ​ကျောင်းသူများက  ​တေးသီချင်းများ၊ ​တေးသရုပ်​ဖော် များဖြင့် သီဆို​ဖျော်​ဖြေတင်ဆက်​ရန် ​လေ့ကျင့်​နေမှုကို ကြည့်ရှုစစ်​ဆေး အား​ပေးသည်။


ထို့​နောက် ဝန်ကြီးဌာနအလိုက် ခင်းကျင်းပြသရန် ပြင်ဆင်ဆောင်ရွက်​ နေသည့် ပြခန်းများကို ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များ  မှာကြားခဲ့သည်။


အဆိုပါ  အခမ်းအနားတွင်   ဝန်ကြီးဌာန  ၂၃ ခုမှ   ပြခန်း​ပေါင်း ၇၆   ခန်း ခင်းကျင်းပြသသွားမည်ဖြစ်​ကြောင်း သိရသည်။   

သတင်းစဉ်