
လာဂို့စ် ဇူလိုင် ၆
နိုင်ဂျီးရီးယားနိုင်ငံ အလယ်တန်းကျောင်းမှ ပြန်ပေးဆွဲခံရသူ ကျောင်းသားနှင့် ဆရာ စုစုပေါင်း ၂၇ ဦးကို ရဲတပ်ဖွဲ့မှ ကယ်တင်နိုင်ခဲ့ သည်ဟု နိုင်ဂျီးရီးယားရဲများက ဇူလိုင် ၅ ရက်တွင် အတည်ပြုပြောကြား ခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ပြည်နယ် ကာဒူနာရှိ အလယ်တန်းကျောင်းတွင် ပြန်ပေးဆွဲခံရမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သေနတ်သမားအုပ်စုသည် ဒါမစ်ရှိမို့ ဘတ်သယ်ဘတ်စတစ် ကျောင်းကို ဇူလိုင် ၅ ရက် နံနက်ပိုင်းက ဝင်ရောက်ခဲ့ပြီး ကျောင်းသား များကို ပြန်ပေးဆွဲသွားခဲ့ခြင်း ဖြစ်သည်ဟု ရဲများက ပြောသည်။
ကျောင်းသား၂၆ ဦးနှင့် ဆရာမတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပြန်ပေးဆွဲခံရသူများအားလုံး လုံခြုံစိတ်ချရမှုမရသရွေ့ ရှာဖွေကယ်ဆယ်ရေးများကို လုပ်ကိုင်ဦးမည် ဟု ကာဒူနာ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ဂျလီဂီက ပြော သည်။
ပြီးခဲ့သည့်လများအတွင်း နိုင်ဂျီးရီးယားနိုင်ငံတွင် သေနတ်ဖြင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီးလူသေဆုံးမှုနှင့် ပြန်ပေးဆွဲခံရမှုများ ဖြစ်ပေါ်ခဲ့သည်။ ဆင်ဟွာ