
နိုင်ဂျာနိုင်ငံ၌ မိုးရွာသွန်းမှုများကြောင့် စာသင်နှစ်ကို အောက်တိုဘာ ၂၈ ရက်အထိရွှေ့ဆိုင်း
နီယာမေ စက်တင်ဘာ ၂၀
နိုင်ဂျာအစိုးရသည် စာသင်နှစ်ကို ယခင်က အောက်တိုဘာ ၂ ရက် တွင် စတင်မည်ဟုသတ်မှတ်ထားရာမှ နိုင်ငံအတွင်း ဆိုးရွားသည့် ရာသီဥတုအခြေအနေများကြောင့် အောက်တိုဘာ ၂၈ အထိ ရွှေ့ဆိုင်း လိုက်သည်ဟု စက်တင်ဘာ ၁၉ ရက်က ပြုလုပ်သည့် ဝန်ကြီးများ အစည်းအဝေးတွင် ပြောသည်။
၂၀၂၄ -၂၀၂၅ စာသင်နှစ်အတွက် ကြိုတင်ပြင်ဆင်မှုများ ရှိသော်လည်း စာသင်ကျောင်းအချို့မှာ ရေလွှမ်းနေပြီး နောက်ထပ် ကျောင်းများမှာလည်း နေရပ်စွန့်ခွာသူများနေထိုင်နေသည်ဟု တရား ဝင်ကြေညာချက်အရ သိရသည်။
မေလမှစတင်၍ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် နိုင်ဂျာ နိုင်ငံတွင် ပျက်စီးဆုံးရှုံးမှုများနှင့်တွေ့ကြုံခဲ့ရသည်။ သေဆုံးသူဦးရေ မှာလည်း စက်တင်ဘာ ၄ ရက်အထိ ၂၇၃ ဦးရှိပြီး ၇၁၀၇၆၇ ဦးမှာ နေရပ်စွန့်ခွာခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးညွှန်ကြားရေးမှူးရုံးက ပြောသည်။
အဆိုပါ အရေးပေါ်အခြေအနေများကို တုံ့ပြန်ရန်အတွက် စက်တင်ဘာ ၁၇ ရက်မတိုင်မီအထိ နိုင်ဂျာအစိုးရသည် ရေဘေးသင့် ဒေသများထံသို့ ကောက်ပဲသီးနှံ တန်ချိန် ၉၇၄၂ တန်ကျော်ကို ဖြန့်ဝေ ပေးခဲ့ပြီးဖြစ်သည်။ အိမ်ထောင်စုပေါင်း ၁၁၂၄၀၀ အနက် ၈၄၂၃၀၀ နီးပါးကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
ဆင်ဟွာ