နိပါတ်တော်လာ ဇာတ်သဘင်မဟာအစီအစဉ်မှ “အပဏ္ဍက လှည်းသားငါးရာ” ဇာတ်တော်ကို မြန်မာ့ရုပ်မြင်သံကြား၌ ပြသမည်

 

နေပြည်တော်  မတ်  ၁
မိဘပြည်သူများ ဇာတ်သဘင်ဖျော်ဖြေတင်ဆက်မှုဖြင့် စိတ်အပန်းပြေ စေရန်၊   လူငယ်လူရွယ်များ ဗုဒ္ဓဝင်ဇာတ်နိပါတ်တော်များအကြောင်း  သိရှိနားလည်ပြီး အသိပညာဗဟုသုတရရှိနိုင်ရန်နှင့်  သဘင်ပညာရှင် များ၏ အနုပညာစွမ်းရည်များ ဖော်ထုတ်ပြသနိုင်ရန် ရည်ရွယ်ချက်များ ဖြင့်  “နိပါတ်တော်လာ  ဇာတ်သဘင်မဟာအစီအစဉ်” ဆန်းသစ်တင်ဆက် မှုကို အောက်တိုဘာ ၂၂ ရက်မှစတင်၍ အပတ်စဉ် စနေနေ့  ညတိုင်း  မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသ လျက်ရှိသည်။
အဆိုပါ အစီအစဉ်မှ “အပဏ္ဍက လှည်းသားငါးရာ”  ဇာတ်တော် ကို  ပတ္တမြားကေခိုင် စီစဉ်ပြီး  Art  Director ဆန်းမင်း၏ အနုပညာ ဖန်တီးမှု၊ ရွာစားဝါးခယ်မ စိန်မုန့်လုံး၏ တီးခတ်မှု၊ ဇံဟိန်း၊ ဖြိုးကျော်၊ ဆန်းနေအောင်၊ ပေါက်ကျော်၊ ချမ်းချမ်းမိုး၊ မစိမ်းစိမ်းနှင့်အတူ  သဘင် အနုပညာရှင်များက ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို  မတ် ၄ ရက်(စနေနေ့) ည  ၉  နာရီခန့်တွင် ပြသမည်ဖြစ်ပြီး မတ် ၈ ရက်(ဗုဒ္ဓဟူးနေ့)ညနေ ၆ နာရီခွဲတွင်လည်း ပြန်လည်ပြသမည်ဖြစ်ကြောင်း သိရသည်။                     သတင်းစဉ်