နီပေါနိုင်ငံ မြို့တော်ခတ္တမန္ဒူ၌ လေယာဉ်ပျက်ကျမှုကြောင့် ၁၈ ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

 

ခတ္တမန္ဒူ  ဇူလိုင်  ၂၄


နီပေါနိုင်ငံ     မြို့တော်ခတ္တမန္ဒူ မြို့  ထရီဘူဗန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဇူလိုင် ၂၄ ရက်က ပြည်တွင်း        လေကြောင်းလိုင်း လေယာဉ်တစ်စင်း    ပျံတက်စဉ် ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး ၁၈   ဦး သေဆုံး၍      တစ်ဦးဒဏ်ရာရရှိခဲ့ သည်ဟု သိရသည်။    လေယာဉ် သည်မြေပြင်ပေါ်သို့      ထိုးစိုက် ကျဆင်းသွားခဲ့ပြီး   ပေါက်ကွဲသည့် အသံကို         လေဆိပ်အတွင်းမှ ကြားရကြောင်း  မျက်မြင်သက်သေ တစ်ဦးက ပြောကြားခဲ့သည်။  


လေယာဉ်ပျက်ကျရာ  နေရာ တွင်     လူရှစ်ဦး၏   အလောင်းကို တွေ့ရှိရသည်ဟု      နီပေါနိုင်ငံ ပြည်တွင်း လေကြောင်းအာဏာ ပိုင်အဖွဲ့မှ     ပြောရေးဆိုခွင့်ရှိသူ ဟန်ဆာရာ့ဂျ်ပန်ဒေက    ပြော သည်။


ဒဏ်ရာရရှိထားသူ   တစ်ဦးကို ဆေးရုံသို့    ပို့ဆောင်ပေးထားပြီး ဆေးကုသမှု      ခံယူနေကြောင်း၊ လေဆိပ်ကို  ပိတ်ထားရကြောင်း  ၎င်းက   ဆက်လက်ပြောကြားခဲ့ သည်။   ပိုခါရာမြို့သို့    ဦးတည် ပျံသန်းသည့် ဆူရီယာလေကြောင်း လိုင်းသည် လူ ၁၉ ဦးကို တင်ဆောင် ပျံသန်းခဲ့ကြောင်း၊  ၎င်းတို့အားလုံး မှာ    လေကြောင်းလိုင်းမှ     လူများ ဖြစ်ကြကြောင်း  ပန်ဒေက ပြော သည်။  


အဆိုပါ       လေယာဉ်သည် ပြုပြင်ထိန်းသိမ်းမှု၊    စစ်ဆေးမှု များ    ပြုလုပ်ရန်    ပိုခါရာမြို့သို့  ဦးတည်ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း လေဆိပ်    ပြောရေးဆိုခွင့်ရှိသူက  ဆင်ဟွာသို့ ပြောသည်။ လေယာဉ် မှူးတစ်ဦးတည်းသာ   အသက်ရှင် ကျန်ရစ်ပြီး         ယင်းဖြစ်စဉ်နှင့် ပတ်သက်၍        စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်        ကော်မတီတစ်ရပ် ဖွဲ့စည်းသွားမည်ဟု သိရသည်။


ဆင်ဟွာ