ငဝန်မြစ်နှင့် တိုးမြစ်တို့၏ မြစ်ရေကြီးမှုအခြေအနေ

နေပြည်‌တော်    ဇူလိုင်   ၁၇
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ငဝန်မြစ်ရေသည် သာပေါင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်တစ်ပေခွဲခန့်    (၄၃  စင်တီမီတာ) တွင် ရောက်ရှိနေပါသည်။  အဆိုပါမြစ်ရေသည်          နောက်သုံးရက်အတွင်း   ယင်းမြို့၏   စိုးရိမ်ရေမှတ်သို့  ရောက်ရှိ နိုင်သည်။
ယနေ့ မွန်းလွဲ ၂ နာရီခွဲ  တိုင်းထွာချက်အရ  တိုးမြစ်ရေသည်  မအူပင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်လက်မခန့် ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက် အတွင်းလေးလက်မခန့်  မြင့်တက်လာနိုင်ပြီး  ယင်းမြို့၏  စိုးရိမ် ရေမှတ်အထက်  ဆက်လက်တည်ရှိနိုင်သည်။
မိုး/ဇလ