
သံတွဲ နိုဝင်ဘာ ၁၉
ငပလီဆောင်းဦးပွဲတော်ကို နိုဝင်ဘာ ၂၁ ရက်တွင် Ngapali Paradise ဟိုတယ်၌ ကျင်းပမည်ဖြစ်ပြီး သဲသောင်ပြင်ဘော်လီ ဘောပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ချောတိုင်တက်ပြိုင်ပွဲ၊ သဲပန်းချီပြပွဲနှင့် စက်ဘီးစီးပြိုင်ပွဲအစရှိသည့် အားကစားပွဲများ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပ ရေးကော်မတီမှ သိရသည်။
ငပလီကမ်းခြေသို့ လာရောက်အပန်းဖြေမည့် ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များအား ဆွဲဆောင်သည့်အနေဖြင့် ငပလီဆောင်းဦးပွဲတော်ကို ၂၀၁၉ ခုနှစ်က ပထမအကြိမ်စတင် ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုဝင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ဒုတိယအကြိမ် ကျင်းပခဲ့ကာ ယခုနှစ်တွင် တတိယအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ငပလီဆောင်းဦးပွဲတော် ဖွင့်ပွဲအကြို လေ့ကျင့်မှုကို ယနေ့နံနက် ၈ နာရီက Ngapali Paradise Hotel ၌ ကျင်းပရာ ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် ငပလီဆောင်းဦးပွဲတော်ဖဲကြိုးဖြတ်ဖွင့်လှစ်မည့် ငပလီကမ်းခြေသို့ရောက်ရှိ ကာ ပန်းပွား၊ဘင်ခရာအဖွဲ့၊ ရခိုင်မင်္ဂလာ စည်တော်အဖွဲ့၊ ရခိုင်ရိုးရာယိမ်းအဖွဲ့တို့ ကပြဖျော်ဖြေနေမှုများနှင့် ဖဲကြိုးဖြတ်ဖွင့်လှစ် ခြင်း သရုပ်ပြလေ့ကျင့်နေမှုတို့ကို ကြည့်ရှု အားပေးခဲ့ကြသည်။
ငပလီဆောင်းဦးပွဲတော်ဖွင့်ပွဲအကြိုလေ့ကျင့်မှုအပြီးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် မြပြင် ရပ်ကွက်ရှိ အများပြည်သူအပန်းဖြေကမ်းခြေ(Public Area) ရှိ WE LOVE NGAPALI ဆိုင်းဘုတ် ဆောင်ရွက်မည့်နေရာ၊ သံတွဲ-ငပလီ ကားလမ်းတွင် ငပလီမြို့အဝင် ဆိုင်းဘုတ် ဆောင်ရွက်မည့်နေရာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခရိုင်
(ပြန်/ဆက်)