
နေပြည်တော် ဒီဇင်ဘာ ၂၂
ရေလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းက စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အဂတိကင်းစွာဆောင်ရွက်
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ရေလုပ်ငန်းဆိုင်ရာ သုတေသန များ ပီပီပြင်ပြင်ဆောင်ရွက်နိုင် ရေး၊ အသုံးချသုတေသနကဏ္ဍ တွင် ပုဂ္ဂလိကပိုင်းနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ ဒေသရင်းငါးမျိုး စိတ်များ သားဖောက်အသားတိုး မွေးမြူရန် အလားအလာရှိသည့် ရေချို၊ ရေငန်၊ ငါး၊ ပုစွန် မျိုးစိတ် များအား စူးစမ်းလေ့လာခြင်း၊ သုတေသနပြု စမ်းသပ်သားဖောက် မွေးမြူခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်ရေး၊ အဆင့်မြင့် နည်းပညာ ဖွံ့ဖြိုးရေးအတွက် ငါးလုပ်ငန်းတက္ကသိုလ် ဖွင့်လှစ် နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး ရေလုပ်ငန်းကို အခြေခံသည့် အသက်မွေးဝမ်းကျောင်းပညာ သင်တန်းများ တိုးချဲ့ဆောင်ရွက် ရန်၊ စွမ်းဆောင်ရည်ပြည့်ဝသော လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး အပေါ် အစဉ်တစိုက်ဂရုပြု ဆောင်ရွက်ရန်၊ ရေလုပ်ငန်း ဆိုင်ရာ မူဝါဒများ စီမံကိန်းများ ရေးဆွဲဆောင်ရွက်ရန် အရေးပါ သည့် စာရင်းဇယားကိန်းဂဏန်း များ တိကျမှန်ကန်ရေးအတွက် လိုအပ်သည့် စာရင်းကောက်ယူ ပြုစုတည်ဆောက်ရေး လုပ်ငန်း များ ဆောင်ရွက်ရန်၊ အစားအစာ ဘေးကင်းလုံခြုံမှု စံချိန်စံညွှန်း များဆိုင်ရာ စစ်ဆေးကြပ်မတ် ရာတွင် အဂတိကင်းစွာဖြင့် ပညာရှင်ပီသစွာ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေး မှာကြားသည်။
ဆွေးနွေးမှာကြား
ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက တိုင်း ဒေသကြီး၊ ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနများ၏ ဘဏ္ဍာရေးနှစ် အလိုက် စီမံကိန်းများ၊ လုပ်ငန်း များတွင် ဖြည့်စွက်ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်များ၊ ဝန်ထမ်း ပြုန်းတီးမှု လျော့နည်းသက်သာ ရေးနှင့် ဝန်ထမ်းတစ်ဦးချင်း၏ စွမ်းဆောင်ရည် ပြည့်ဝရေးဆိုင်ရာ များကို ဆွေးနွေးမှာကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်က ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်ပြီး လုပ်ငန်း များနှင့် ဆက်လက်အကောင် အထည်ဖော်မည့် လုပ်ငန်းဆိုင်ရာ များကိုလည်းကောင်း၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ဦးစီးမှူးများက ဒေသအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင် ပြီးစီးမှုနှင့် လုပ်ငန်းသုံးသပ်ချက် များကိုလည်းကောင်း တင်ပြ ဆွေးနွေးကြသည်။
အားပေးကူညီဆောင်ရွက်
စားနပ်ရိက္ခာဖူလုံရေး၊ အစား အစာ ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် အာဟာရဖွံ့ဖြိုးရေး၊ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် ရေလုပ်ငန်းကဏ္ဍ သည်လည်း အရေးပါသည့် အခန်း ကဏ္ဍမှ ပါဝင်နေလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် စာရင်း များအရ တစ်မျိုးသားလုံး၏ ပြည်တွင်း အသားတင်ထုတ်လုပ် မှုနှင့် ဝန်ဆောင်မှုတန်ဖိုး(GDP)တွင် ငါးကဏ္ဍထုတ်လုပ်မှုအနေ ဖြင့် (၄ ဒသမ ၇ ရာခိုင်နှုန်း) ပါ၀င် နေကြောင်း ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ် တွင် ငါးလုပ်ငန်းဖြင့် အခွန်ငွေ ကျပ် ခြောက်ဘီလီယံ ရရှိခဲ့ပြီး ပြည်ပတင်ပို့မှုမှ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈၆ သန်း ကျော် ရရှိခဲ့သည့်အတွက် ငါးလုပ်ငန်းဖြင့် နေ့စဉ်ပျမ်းမျှ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ နှစ်သန်းကျော်ကို ရရှိနေ ကြောင်း၊ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ငါးကဏ္ဍတစ်ရပ်လုံး ရေရှည်တည်တံ့ ဖွံ့ဖြိုးတိုးတက် စေရေး၊ ငါးရိက္ခာများကို သားစဉ် မြေးဆက် ထုတ်ယူသုံးစွဲနိုင်ရေးတို့ အတွက် သက်ဆိုင်ရာလုပ်ငန်း ရပ်များအလိုက် ဥပဒေများပြဋ္ဌာန်း ၍ စီမံခန့်ခွဲခြင်း၊ ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ အပြည်ပြည် ဆိုင်ရာနှင့် အာဆီယံဒေသတွင်းမှ ငါးလုပ်ငန်းဆိုင်ရာ သဘောတူညီ မှုများ၊ လုပ်ငန်းလမ်းညွှန်ချက်များ နှင့်အညီ တစ်နိုင်တစ်ပိုင်မှ စီးပွား ရေးအရ အမြောက်အမြား ထုတ်လုပ်ခြင်းအထိ ပုဂ္ဂလိကပိုင်း မှ တိုးချဲ့ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင် ကြစေရန် အားပေးကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း၊ သဘာဝ ရေမြေနှင့် ကိုက်ညီစွာ မွေးမြူ နိုင်သော (Genetically Improved Farmed Tilapia- GIFT Tilapia) မျိုးစိတ်များတင်သွင်းပြီး ဌာန စခန်းများတွင် မျိုးပွားဖြန့်ဖြူး ပေးခြင်း၊ စီးပွားဖြစ် မွေးမြူရန် အလားအလာရှိသော ဒေသတွင်း ရေချိုငါးမျိုးစိတ်များကို သုတေ သနပြု စမ်းသပ်သားဖောက်ခြင်း၊ အမြောက်အမြား မွေးမြူထုတ် လုပ်နိုင်ရေး အလေးထားဆောင် ရွက်ပေးခြင်းကြောင့် ယခုအခါ စျေးကွက်၀င် ငါးမျိုးစိတ် ၂၁ မျိုး အောင်မြင်စွာ သားဖောက် ထုတ်လုပ်ပေးနိုင်ခဲ့သဖြင့် အသား တိုးမွေးမြူခြင်းမှ ပြည်တွင်း ငါးစားသုံးမှု ဖူလုံရေးသာမက ပြည်ပပို့ကုန် တိုးမြှင့်ရေးကိုပါ အကျိုးပြုနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်