
ဝါရှင်တန် ဇွန် ၂၈
လွန်ခဲ့သည့်နှစ်အတွင်းက နှစ်ဖက်စလုံးမှသဘောတူထားသည့် ငြိမ်းချမ်း ရေးသဘောတူညီမှုကို အမေရိကန်ပြည်ထောင်စုမှ လေးစားလိုက်နာရန် အတွက် ဆက်လက်တိုက်တွန်းမည်ဟု တာလီဘန်အဆင့်မြင့်အရာရှိ တစ်ဦးက ပြောသည်။
တာလီဘန်များသည် နောက်ကွယ်တွင်လည်း အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများရရှိအောင်ပြုလုပ်နေသည်ဟု ဆူဟေးရှာဟင်က ပြောသည်။ တာလီဘန်အဖွဲ့ဝင်များအပေါ်ထားရှိထားသည့် ကုလ သမဂ္ဂ၏ ပိတ်ဆို့မှုကိုဖြေလျှော့ပေးရန်နှင့် ဖမ်းဆီးခံထားရသည့် တာလီ ဘန်အကျဉ်းသားများအားလုံးကို ပြန်လွှတ်ပေးရေးအတွက် အမေရိကန် ဘက်မှ ကူညီလုပ်ဆောင်ပေးရေး ဆက်လက်တောင်းဆိုမည်ဟု ၎င်းကဆက်ပြောသည်။ ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းမှ စတင်ကာ တာလီဘန်နှင့် အမေရိကန်တို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး နိုင်ငံရေးစနစ်အပေါ် သဘောထားကွဲလွဲမှုများနှင့် အပစ် အခတ်ရပ်စဲရေးအတွက် သဘောထားကွဲလွဲမှုများ ဆက်လက်ရှိနေဆဲဖြစ် သည်။ အာဖဂန်အစိုးရနှင့် တာလီဘန်တို့အကြား တိုက်ပွဲများ ဆက် လက် ရှိနေဆဲဖြစ်သည်။ ခြောက်လတာကာလအတွင်း အာဖဂန် နစ္စတန်နိုင်ငံတွင် အရပ်သား သေဆုံးသူ ၁၄၆၇ ဦးရှိသည်ဟု ကုလ သမဂ္ဂက ပြောသည်။ အမေရိကန်နှင့် တာလီဘန်တို့၏ သဘော တူညီချက်မှာ အာဖဂန်နစ္စတန်နိုင်ငံအတွင်း ငြိမ်းချမ်းရေးရရှိစေရေး ရည်ရွယ်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဆင်ဟွာ