
ဂါဇာ မေ ၇
ရာဖာအရှေ့ပိုင်းတွင် အကြမ်းဖက်တန်ပြန်စစ်ဆင် ရေးတစ်ခုကို စတင်ဆောင်ရွက်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးက ပြောကြားလိုက်သည်။
အစ္စရေးတပ်ဖွဲ့များက အီဂျစ်သို့ ဖြတ်ကျော် သွားရောက်နိုင်သည့် ဂါဇာဘက်အခြမ်းကို ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ပြောကြားလိုက် သည်။ ဟားမားစ်တို့နှင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး အဆိုပြုချက်အတွက် ဆွေးနွေးမှုများလုပ်ဆောင် နေသည့် ယခုလိုအရေးပါသည့်အချိန်တွင် အစ္စရေး တို့၏ထိုးစစ်ဆင်မှု စတင်ခဲ့ခြင်းဖြစ်သည်။
တနင်္လာနေ့က ဟားမားစ်တို့က ၎င်းတို့၏ ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့သည် အီဂျစ်နှင့် ကာတာ ကြားဝင်စေ့စပ်သူများကို မိမိတို့အဖွဲ့သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပတ်သက်သည့် သဘောတူညီချက်ကို အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သည် အစ္စရေး နှင့် ဟားမားစ်တို့ကို ငြိမ်းချမ်းရေးသဘောတူညီချက် ကို သဘောတူရန်နှင့် ဓားစာခံများ လွှတ်ပေးရန် တိုက်တွန်းပြောကြားခဲ့သည်။
အဆိုပါအခြေအနေသည် လက်မလွှတ်သင့် သော အခွင့်အလမ်းကောင်းကြီး တစ်ခုဖြစ်ကြောင်း နှင့် ရာဖာရှိ မြေပြင်ထိုးစစ်သည် သည်းမခံနိုင်စရာ ကောင်းကြောင်း အဘယ်ကြောင့်ဆိုသော် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပျက်စီးစေကြောင်းနှင့် ဒေသတွင်းမတည်မငြိမ် ဖြစ်စေကြောင်း အန်တိုနီယို ဂူတာရက်ဇ်က ပြောကြားလိုက်သည်။
အမေရိကန်ကလည်း ရာဖာသို့ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကို ဆန့်ကျင်ကြောင်း သတိပေးခဲ့ပြီး ဟားမားစ်တို့နှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခြင်း သည် အကောင်းဆုံး ရွေးချယ်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
သို့သော်လည်း အစ္စရေးတို့က နောက်ဆုံး ကမ်းလှမ်းချက်သည် ၎င်းတို့၏အဓိကလိုအပ်ချက် နှင့် ကိုက်ညီမှုမရှိကြောင်းနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိရန်အတွက် အီဂျစ်သို့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဖော်ဆောင်နေ သည့်ကြားမှ အစ္စရေးစစ်မက်ရေးရာဝန်ကြီးအဖွဲ့က ရာဖာတွင် ထိုးစစ်ဆင်နွှဲရန် တညီတညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့သည်။
အစောပိုင်းတွင် အစ္စရေးစစ်ဘက်က ရာဖာ အရှေ့ပိုင်းရှိ ပြည်သူ ၁၀၀၀၀၀ ကို ရွှေ့ပြောင်းမိန့် ထုတ်ပြန်ခဲ့ကြောင်း သည်အဆိုစီရိတ်တက်ပရက်စ် က ဖော်ပြခဲ့သည်။
အစ္စရေးသည်တနင်္လာနေ့တွင် အမိန့်ထုတ်ပြန် ပြီးနောက် ရာဖာတွင် လေကြောင်းတိုက်ခိုက်မှု အများအပြားပြုလုပ်ခဲ့သည်။ ဂါဇာရှိ ကျန်းမာ ရေးအရာရှိများက လွန်ခဲ့သော ခုနစ်လ ပဋိပက္ခ စတင်ဖြစ်ပွားချိန်ကတည်းက အခုချိန်အထိ လူပေါင်း ၃၄၇၀၀ ကျော် သေဆုံးခဲ့သည်ဟု ထုတ်ပြန် ခဲ့သည်။
အင်န်အိတ်ချ်ကေ