ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေး

 

နေပြည်တော်   နိုဝင်ဘာ   ၅


မြန်မာနိုင်ငံတော်   ဗဟိုဘဏ်မှ ပြည်ပငွေလွှဲလုပ်ငန်း လိုင်စင်ရယူ ထားခြင်းမရှိဘဲ    ဟွန်ဒီငွေလွှဲ လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် တာချီလိတ်မြို့နှင့် မူဆယ်မြို့တို့မှ လုပ်ငန်းရှင်များအား    တရားဝင် လိုင်စင် ရယူဆောင်ရွက်နိုင်ရန်နှင့် ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို   ငွေကြေးထောက်ပံ့မှုတိုက် ဖျက်ရေးဆိုင်ရာ   အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်ရှိ     မြန်မာနိုင်ငံ တော်ဗဟိုဘဏ်၌       ကျင်းပ သည်။

 


အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်      ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက    လက်ရှိ မြန်မာနိုင်ငံ၏  ငွေကြေးခဝါချမှု နှင့်   အကြမ်းဖက်မှုကို    ငွေကြေး ထောက်ပံ့မှုဆိုင်ရာ    အကောင် အထည်ဖော်ဆောင်ရွက်ချက်များ၊   ယင်းလုပ်ငန်းစဉ်တွင်   ပါရှိသော    ပြည်ပငွေလွှဲလုပ်ငန်းများနှင့် စပ် လျဉ်းသည့် ဆုံးရှုံးနိုင်ခြေအန္တရာယ် များ၊       နယ်စပ်ဒေသများတွင်    ခွင့်ပြုပေးလျက်ရှိသော   ဘတ်-ကျပ်၊  ယွမ်-ကျပ်   အစီအစဉ်များ နှင့်    ဟွန်ဒီငွေလွှဲလုပ်ငန်းများ တရားဝင်လိုင်စင်ရယူ၍   လုပ်ကိုင် နိုင်ရေးဆိုင်ရာ    ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ 

 


ထို့နောက်   ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့နှင့်     အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန တာဝန်ရှိသူများက  ငွေကြေးခဝါချ မှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ပြည်ပငွေလွှဲလုပ်ငန်းများနှင့် စပ် လျဉ်းသည့် ကိစ္စရပ်များကိုလည်း ကောင်း၊   မြန်မာနိုင်ငံတော်ဗဟို ဘဏ်   နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုဌာန         ညွှန်ကြားရေးမှူးက  ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့်    နိုင်ငံခြားငွေ ရောင်းဝယ်လဲလှယ် ခွင့်လုပ်ငန်းလိုင်စင် လျှောက်ထား ခြင်းဆိုင်ရာ  လိုအပ်သောအချက် အလက်များကို  လည်းကောင်း ရှင်းလင်းဆွေးနွေးကြပြီး   ဟွန်ဒီ ငွေလွှဲလုပ်ငန်းဆောင်ရွက်သည့်လုပ်ငန်းရှင်များ၏  သိရှိလိုသော  မေးမြန်းချက်များကို     ပြန်လည် ဖြေကြားကြသည်။

 


အဆိုပါဆွေးနွေးပွဲသို့   မြန်မာ နိုင်ငံတော်ဗဟိုဘဏ်    ဒုတိယ ဥက္ကဋ္ဌများ၊    မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဌာန အကြီးအကဲများ နှင့် တာဝန်ရှိသူများ   တက်ရောက် ကြကြောင်း သိရသည်။ 


သတင်းစဉ်