ငွေဆောင်လူရည်ချွန်စခန်းနှင့် ချောင်းသာလူရည်ချွန်စခန်းသို့ သွားရောက်မည့် လူရည်ချွန်မောင်မယ်များအား ကြိုဆိုဧည့်ခံပွဲကျင်းပ

 

နေပြည်တော်   ဧပြီ   ၂၇
၂၀၂၃-၂၀၂၄     ပညာသင်နှစ် ဧကာဒသမတန်း    (ငွေဆောင် လူရည်ချွန်စခန်း)နှင့် ဒွါဒသမတန်း (ချောင်းသာလူရည်ချွန်စခန်း)များ သို့ သွားရောက်မည့် လူရည်ချွန် မောင်မယ်များအား ကြိုဆိုဧည့်ခံ ပွဲကို      ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးမရမ်းကုန်း မြို့နယ်ရှိ     မြန်မာကွန်ဗင်းရှင်း စင်တာခန်းမ၌  ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်  ဦးစိုး သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်ချုပ်  ဇော်ဟိန်းနှင့် တိုင်းဒေသကြီး    အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊     တာဝန်ရှိသူများ၊ လူရည်ချွန်မောင်မယ်များ၊ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီး ချုပ်၊  တိုင်းမှူးနှင့်   တာဝန်ရှိသူ များက      လူရည်ချွန်စခန်းသို့ သွားရောက်မည့်      လူရည်ချွန် မောင်မယ်များအား      ကြိုဆို နှုတ်ဆက်ကြသည်။     ထို့နောက် တိုင်းဒေသကြီး     ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။     ယင်းနောက် တိုင်းဒေသကြီး      ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့နှင့် လူရည်ချွန်မောင်မယ် များက  အက၊   တေးသီချင်းများ ဖြင့်  ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်က     လူရည်ချွန် မောင်မယ်များနှင့် ဆရာ  ဆရာမ များအား     ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ကာ        နေ့လယ်စာ ဖြင့်      တည်ခင်းဧည့်ခံခဲ့သည်။     ထို့နောက်     တိုင်းဒေသကြီးဝန်ကြီး ချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ က ဧကာဒသမတန်း (ငွေဆောင် လူရည်ချွန်စခန်း)နှင့် ဒွါဒသမတန်း (ချောင်းသာလူရည်ချွန်စခန်း) သို့ သွားရောက်မည့်      လူရည်ချွန် မောင်မယ်များ   မော်တော်ယာဉ် များဖြင့်     ထွက်ခွာသွားမှုအား နှုတ်ဆက်ခဲ့ကြောင်း  သတင်းရရှိ သည်။              
သတင်းစဉ်