နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ JWG ပဉ္စမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်    သြဂုတ်   ၁၉  


နေရပ်စွန့်ခွာသူများ   ပြန်လည်လက်ခံရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့   JWG  ပဉ္စမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့်အချက်များအပေါ်  ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင်  နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီး ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 


အဆိုပါ ညှိနှိုင်းအစည်းအဝေးသို့  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ  ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌနယ်စပ်ရေးရာဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  ထွန်းထွန်းနောင်၊  ဒုတိယဥက္ကဋ္ဌ (၁) အပြည်ပြည်ဆိုင်ရာ    ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး   ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၂)   လူမှုဝန်ထမ်း၊  ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး  ဒေါက်တာသက်သက်ခိုင်၊   နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနှင့်    ဗိုလ်ချုပ် ဖြိုးသန့်၊     ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီနှင့်  လုပ်ငန်းကော်မတီ ၄ ခု တို့မှ    အတွင်းရေးမှူးများနှင့်    တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး    ရခိုင်ပြည်နယ်  အစိုးရအဖွဲ့ လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီးက    ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

 


ဦးစွာ  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ   လုပ်ငန်းများ   ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က    နေရပ် စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် မြန်မာ- ဘင်္ဂလားဒေ့ရှ်  ပူးတွဲလုပ်ငန်းအဖွဲ့ JWG  ပဉ္စမအကြိမ် အစည်းအဝေးတွင်   ဆွေးနွေးခဲ့သည့် အချက်များနှင့် ပတ်သက်၍   အသေးစိတ်   ညှိနှိုင်းဆွေးနွေးနိုင်ရန် ခေါ်ယူရခြင်းဖြစ်ပါကြောင်း၊   JWG   ပဉ္စမအကြိမ် အစည်းအဝေးကောက်နှုတ်ချက်များနှင့်      ကြိုတင် ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများကို   လုပ်ငန်း ကော်မတီများသို့     အကြောင်းကြားထားပြီးဖြစ်၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး မှုနှင့် ကြုံတွေ့ရသည့်အခက်အခဲများ၊   ဖြည့်ဆည်း ပေးရန်   လိုအပ်ချက်များကို   ဆွေးနွေးပေးကြစေလို ကြောင်း၊  Pilot Project  အပါအဝင် ပြန်လည်စိစစ် လက်ခံရေးလုပ်ငန်းစဉ်များ  အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးနှင့်   ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည့်     လုပ်ငန်းများ   အချိန်မီပြီးစီးရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်            ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြရန် ဆွေးနွေးမှာကြားသည်။

 


ထို့နောက် ဒုတိယဥက္ကဋ္ဌ (၁) နှင့်   ဒုတိယဥက္ကဋ္ဌ (၂) တို့က         ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး   လုပ်ငန်းကော်မတီများမှ အတွင်းရေးမှူးများနှင့် ရခိုင် ပြည်နယ်  အစိုးရအဖွဲ့  လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့က  သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက် ထားရှိမှု၊  ဆက်လက်ဆောင်ရွက်မည့်  ကိစ္စရပ်များကို ဆွေးနွေးတင်ပြခဲ့ကြရာ         ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီဥက္ကဋ္ဌနှင့်   ဒုတိယဥက္ကဋ္ဌများက   တင်ပြ ချက်များအပေါ်    ပြန်လည်ရှင်းလင်းဆွေးနွေး၍ လိုအပ်ချက်များကို   ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။       

            
သတင်းစဉ်