နေပြည်တော်တွင် “လမ်းလျှောက်သင်္ကြန်”အောင်မြင်စွာ ကျင်းပနိုင်ရေး  ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော် မတ် ၁၅


၂၀၂၄ ခုနှစ်   မြန်မာ့ရိုးရာအတာ   သင်္ကြန်ပွဲတော်ကာလအတွင်း   နေပြည်တော်တွင်  လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီက  နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။


အစည်းအဝေးသို့   ပြန်ကြား ရေးဝန်ကြီးဌာန    ပြည်ထောင်စု ဝန်ကြီး      ဦးမောင်မောင်အုန်း၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ  (မြို့တော်ဝန်) ဦးသန်းထွန်းဦး၊   နေပြည်တော် ကောင်စီဝင်    ဗိုလ်မှူးကြီး  ရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီဒုတိယ ဥက္ကဋ္ဌ (ဒုတိယ မြို့တော်ဝန်)   ဦးမောင်မောင်၊ ဝန်ကြီးဌာနများမှ        အမြဲတမ်း အတွင်းဝန်များ၊   ညွှန်ကြားရေး မှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ Brilliant Aura Co.,Ltd  မှ တာဝန်ရှိသူများနှင့် ဖိတ်ကြား ထားသူများ     တက်ရောက်ကြ သည်။


ရှေးဦးစွာ        နေပြည်တော် လမ်းလျှောက်သင်္ကြန်  ကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ၊   ပြည်ထောင်စု ဝန်ကြီး   ဦးမောင်မောင်အုန်းက ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာ အတာ သင်္ကြန်ပွဲတော်   ကာလအတွင်း ယခင်နှစ်ကကဲ့သို့ နေပြည်တော် တွင်  လမ်းလျှောက်သင်္ကြန်ကိုပါ ထည့်သွင်း  ကျင်းပသွားမည်ဖြစ်ပါ ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုအရ   မြန်မာနိုင်ငံ၏ မြို့တော်    နေပြည်တော်တွင် နိုင်ငံတော်အဆင့်    မြန်မာ့ရိုးရာ အတာသင်္ကြန်          ပွဲတော်ကို ဖော်ဆောင်ရန်     ဖြစ်ပါကြောင်း၊ နေပြည်တော်တွင်  လမ်းလျှောက် သင်္ကြန်ကို  ရိုးရာပွဲတော်တစ်ခု အဖြစ်       ပြည်သူများသာမက ဝန်ထမ်းများအားလုံး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရန်        ရည်ရွယ် ကျင်းပခြင်း          ဖြစ်ပါကြောင်း၊      ဝန်ကြီးဌာနများ         အားလုံး ပေါင်းစည်းပြီး         ဝန်ထမ်းများ အားလုံး    စုပေါင်းပျော်ရွှင်သည့် သင်္ကြန်ပွဲတော်တစ်ခုဖြစ်အောင် ဆောင်ရွက်မည်ဖြစ်ပါကြောင်း။


နေပြည်တော် ကောင်စီဥက္ကဋ္ဌ နှင့်           ပေါင်းစပ်ညှိနှိုင်းကာ နေပြည်တော်      လမ်းလျှောက် သင်္ကြန်ကို        အတတ်နိုင်ဆုံး စည်စည်ကားကား   ဖြစ်အောင် ဆောင်ရွက်မည်  ဖြစ်ပါကြောင်း၊ အထူးအစီအစဉ်အနေဖြင့်   Boss and   Jobs   Company   နှင့် ကိုရီးယား ကုမ္ပဏီများပူးပေါင်း၍ လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ် တွင်   ကိုရီးယားနိုင်ငံမှ  K-POP အဆိုရှင်များနှင့်    နာမည်ကြီး အနုပညာရှင်များ    ပါဝင်သီဆို ကပြ           ဖျော်ဖြေမည်ဖြစ်ပြီး  မြန်မာနိုင်ငံမှ ထင်ပေါ်ကျော်ကြား သည့် အနုပညာရှင်များကိုလည်း နေပြည်တော်    လမ်းလျှောက် သင်္ကြန်တွင်    ပါဝင်ဆင်နွှဲနိုင်ရန် ဖိတ်ခေါ်ထားပါကြောင်း၊ ပြည်သူ များ၊    ဝန်ထမ်းများ    မြန်မာ့နှစ်သစ် ကူးကာလတွင်      စိတ်ရွှင်လန်း တက်ကြွပျော်ရွှင်စေရန်  စိတ်ရင်း စေတနာဖြင့် ဆောင်ရွက်ပေးခြင်း ဖြစ်ပြီး ဝန်ကြီးဌာနများအနေဖြင့် မိမိတို့ဝန်ထမ်းများ၊  ပြည်သူများ ပျော်ရွှင်စွာ     ဆင်နွှဲနိုင်စေရေး ပူးပေါင်းပါဝင်ကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက်   နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီဒုတိယဥက္ကဋ္ဌ၊   မြို့တော် ဝန် ဦးသန်းထွန်းဦးက မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော် တွင် ယခင်နှစ်မှစတင်၍ တိုင်းရင်း သားပြည်သူအားလုံး  ပျော်ရွှင်စေ ရေး         တီထွင်ဆန်းသစ်ပြီး  နေပြည်တော်         လမ်းလျှောက် သင်္ကြန်ကို  ထည့်သွင်းကျင်းပခဲ့ပါ ကြောင်း၊      ယခုနှစ်တွင်လည်း နိုင်ငံတော်အဆင့်နှင့် လျော်ညီစွာ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေး မှု အတာသင်္ကြန်ပွဲတော်ဖြစ်သည့် အတွက် ယဉ်ကျေးမှုနှင့်လျော်ညီ စွာ   စည်းကမ်းတကျ  ပျော်ပျော် ရွှင်ရွှင်    ရင်းရင်းနှီးနှီး    ချစ်ချစ် ခင်ခင်ဖြစ်စေရေး         ထိန်းသိမ်း ဆောင်ရွက်ရန်        လိုအပ်ပါ ကြောင်း  ပြောကြားသည်။


ယင်းနောက်   နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ပြန်ကြားရေး        ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်   ဦးမျိုးမြင့် မောင်က ၂၀၂၃ ခုနှစ်  မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်တွင်   လမ်း လျှောက်သင်္ကြန်  ဆောင်ရွက်ခဲ့မှု၊ ယခုနှစ်ဆောင်ရွက်မည့် အစီအစဉ်၊ ကော်မတီ၊   ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု၊ ဖျော်ဖြေရေး အစီအစဉ်၊ဝန်ထမ်းများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲရေးတို့နှင့် စပ်လျဉ်း၍   ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ Brilliant Aura Co.,Ltd  မှ ပရောဂျက်ဒါရိုက်တာ က  တိုင်းရင်းသားသင်္ကြန်၊   စတု ဒိသာသင်္ကြန်၊ ဝန်ကြီးဌာနသင်္ကြန် နှင့် လူငယ်သင်္ကြန်  စသည့်  ဇုန် လေးခု  ထည့်သွင်းကျင်းပနိုင်ရေး အပါအဝင်      နေပြည်တော် လမ်းလျှောက်သင်္ကြန်   စည်ကား သိုက်မြိုက်စွာ         ကျင်းပနိုင်ရေး စီမံ  ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍   ရှင်းလင်းတင်ပြသည်။
ထို့နောက်    လမ်းလျှောက် သင်္ကြန်အတွက် ပေါင်းစပ်ညှိနှိုင်း ရေးမှူးအဖြစ်   တာဝန်ယူဆောင် ရွက်နေသည့်   မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ         ဒုတိယ ညွှန်ကြားရေးမှူးချုပ်  ဦးမျိုးမြင့် အောင်က  ဝန်ကြီးဌာနမဏ္ဍပ်များ အား  နေရာချထားရန်   လျာထား ချက်၊   ရေပေးဝေမှု၊   ရေရယူမှု၊ လျှပ်စစ်မီးဖြန့်ဖြူးမှု၊   လျှပ်စစ်မီး သွယ်တန်းမှု၊     ဝင်/ထွက်ခွင့် လက်မှတ်  ဆောင်ရွက်ထားရှိမှု၊ မဏ္ဍပ်များ   စတင်ဆောက်လုပ်နိုင် ရေးတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။


ယင်းနောက်    နေပြည်တော် ကောင်စီဝင်၊  ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာ  တာဝန်ရှိသူများနှင့် တက်ရောက်   လာကြသူများက နေပြည်တော်          လမ်းလျှောက် သင်္ကြန်  ကျင်းပနိုင်ရေးအတွက် ရေရရှိရေး၊   ဖျော်ဖြေရေးဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ၊ စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ   ကိစ္စရပ် များ    အပါအဝင်     အားလုံး ပျော်ရွှင်စွာ   ပါဝင်ဆင်နွှဲနိုင်ရေး ပေါင်းစပ်  ဆောင်ရွက်သွားမည့် အစီအမံများနှင့်       စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ တင်ပြချက် များအပေါ် ပြည်ထောင်စုဝန်ကြီး နှင့် နေပြည်တော်စည်ပင်သာယာ ရေးကော်မတီ        ဥက္ကဋ္ဌတို့က ဖြည့်စွက်ဆွေးနွေးကြသည်။


ဆက်လက်၍  နေပြည်တော် လမ်းလျှောက်သင်္ကြန် ကျင်းပရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်က  အစည်းအဝေးဆုံးဖြတ် ချက်များ လျာထားမှုနှင့် ပတ်သက် ၍ ဖတ်ကြားတင်ပြသည်။
ထို့နောက်          ပြည်ထောင်စု ဝန်ကြီးက   နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။      

သတင်းစဉ်