နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသော မြန်မာ့အားကစားသမားများ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှု စစ်ဆေးခြင်းနှင့် အားကစားနည်းအလိုက် လေ့ကျင့်နေမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   ဒီဇင်ဘာ   ၂

 


အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည်  ယနေ့နံနက်ပိုင်းက (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp) တွင် စခန်းသွင်းလေ့ကျင့်လျက် ရှိသော မြန်မာ့လက်ရွေးစင်အားကစားသမားများ၏ အားကစားနည်းအလိုက်  ခန္ဓာကိုယ်ကြံ့ခိုင်မှုစစ်ဆေးခြင်းနှင့် အားကစားနည်းများအလိုက် လေ့ကျင့်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 


ရှေးဦးစွာ      ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် အားကစား နှင့်   ဆေးဘက်ဆိုင်ရာ   ဌာနခွဲ၊    ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများ ၏  ကြီးကြပ်မှုဖြင့် နေပြည်တော် အားကစားလေ့ကျင့်ရေး    စခန်း (Gold   Camp)   ရှိ   (Medical Center) ၌  မြန်မာ့လက်ရွေးစင် အားကစားသမားများ၏   ခန္ဓာ ကိုယ်    ကြံ့ခိုင်မှုစစ်ဆေးခြင်းကို  အမျိုးအစားအလိုက် Power  ပိုင်း နှစ်မျိုး၊ Muscle Strength ပိုင်း ၁၀ မျိုး၊  Flexibility ပိုင်း လေးမျိုး၊ Speed    Test    ပိုင်း    သုံးမျိုး၊  Balance   Test    စစ်ဆေးမည့်   စက်ပစ္စည်းများနှင့်  အားကစား သမား   တစ်ဦးချင်းစီ    စစ်ဆေး ပြုလုပ်နေမှုကို    လိုက်လံကြည့်ရှု  စစ်ဆေးခဲ့ပြီး   တာဝန်ရှိသူများအား   လိုအပ်သည်များ မှာကြားသည်။

 


ယင်းနောက်    ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည်     ဝဏ္ဏသိဒ္ဓိ အားကစားကွင်း     အတွင်းရှိ    လက်ဝှေ့အားကစားရုံ၌     လက်ဝှေ့  အားကစားသမားများ၏ လေ့ကျင့် နေမှုများကို           လည်းကောင်း၊   တိုက်ကွမ်ဒို         အားကစားရုံ၌ တိုက်ကွမ်ဒို အားကစားသမားများ ၏ လေ့ကျင့်နေမှုများကိုလည်းကောင်း၊          ဗိုဗီနမ် အားကစားရုံ၌        ဗိုဗီနမ်   အားကစားသမားများ၏ လေ့ကျင့်နေမှုများကို    လည်း ကောင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ပိုက်ကျော်ခြင်း အားကစား သမားများ၏ လေ့ကျင့်နေမှုများကို လည်းကောင်း        လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး   အားကစားသမား များကို စိတ်ဓာတ်ခွန်အားမြှင့်တင် ပေးနိုင်ရေးအတွက်  ပြည်ထောင်စု ဝန်ကြီးက    (၃၁) ကြိမ်မြောက်  အရှေ့တောင်အာရှ       အားကစား ပြိုင်ပွဲကို မေလလယ်တွင် ကျင်းပ မည်ဖြစ်၍  ပြိုင်ပွဲနီးကပ်လာပြီ ဖြစ်သည့်အတွက်   အားကစား သမားအားလုံး ကျန်းမာရေးအထူး ဂရုစိုက်ကြရန်၊      အရည်အချင်း ပြည့်မီရန်၊      ကြံ့ခိုင်မှုစွမ်းအား တိုးတက်ရန်၊    လေ့ကျင့်နေမှု     ပျက်ကွက်ခြင်းများမရှိရန်    အမြဲ ကြိုးစားလေ့ကျင့်နေရန်  လိုအပ် ကြောင်း၊   မိမိနိုင်ငံ  ဂုဏ်သိက္ခာ မကျစေရန်နှင့် နိုင်ငံတကာအလယ် တွင် မျက်နှာမငယ်စေရန်အတွက်   အားကစားသမားများ အားလုံး  စိတ်ဓာတ်ခိုင်မာမှု၊      နည်းစနစ် ကျွမ်းကျင်မှု၊ ဖြတ်ထိုးဉာဏ်သုံး၍ ယှဉ်ပြိုင်ကစားနိုင်ရန်  ကိုယ်စွမ်း  ဉာဏ်စွမ်းရှိသရွေ့        ကြိုးစား လေ့ကျင့်ကြရန် လိုအပ်ကြောင်း။ 

 


ကျန်းမားရေးမကောင်းပါက  လေ့ကျင့်ထားမှုများ၊  အပင်ပန်းခံ ကြိုးစားထားမှုများ   အလဟဿ   ဖြစ်နိုင်သည့်အတွက်     ကျန်းမာ ရေး ကောင်းရန်နေထိုင်စားသောက် လေ့ကျင့်နေမှုများ အစစအရာရာ  အထူးဂရုစိုက်ကြရန်      လိုအပ် ကြောင်း၊    ခံနိုင်ရည်အားထက် ပိုမိုပြင်းပြင်းထန်ထန် လေ့ကျင့် မှုများ ပြုလုပ်ခြင်းကြောင့် Injury ရရှိပါက နိုင်ငံအတွက် နစ်နာနိုင် မည်ဖြစ်၍     မိမိကျွမ်းကျင်မှု၊ ကြိုးစားလေ့ကျင့်ခဲ့မှုများကို ပြသ နိုင်မည့် အခွင့်အရေးဆုံးရှုံးပြီး မိမိ ကိုယ်တိုင်ရော၊    မိမိအားကစား နည်းရော၊     မိမိနိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးရမည်ဖြစ်ပါကြောင်း၊   “လှေခွက်ချည်းကျန် အလံမလဲ” ဆိုသည့်    စကားပုံအတိုင်း  နိုင်ငံ ချစ်စိတ်၊     အားကစားနည်းကို ချစ်စိတ်၊ အဖွဲ့အစည်းစိတ်ဓာတ် ထားရှိပြီး   အချင်းချင်းရိုင်းပင်း ကူညီ၍ ကြိုးစားလေ့ကျင့်သွားကြ ရန် လိုအပ်ကြောင်း၊ မိမိကိုယ်ကို မညှာဘဲ    လေ့ကျင့်မှုပြုလုပ်နိုင် သလောက်၊ ခံနိုင်ရည်စွမ်းအားရှိ သလောက်   အစွမ်းကုန်ကြိုးစား လေ့ကျင့်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

 


ဆက်လက်၍     ပြည်ထောင်စု ဝန်ကြီးသည် အားကစားသမား များအားလုံး  သတ်မှတ်ထားသည့် လေ့ကျင့်ချိန်အတိုင်း၊ နည်းပြများ ၏          သင်ကြားပြသမှုအတိုင်း ကြိုးစား     လေ့ကျင့်ကြရန်နှင့်   အားကစားသမားများ၏  အခက် အခဲများ၊     လိုအပ်ချက်များကို  ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက်     တာဝန်ရှိသူများအား    လိုအပ်သည်များ     မှာကြားခဲ့ပြီး အားကစားနည်း          အလိုက် အားကစားသမားများကို ရင်းရင်း နှီးနှီး    တွေ့ဆုံအားပေးစကား  ပြောကြားခဲ့ကြောင်း သိရသည်။    
         

သတင်းစဉ်