နေပြည်တော်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များ၌ ကျောင်းသား ကျောင်းသူများအတွက် နွေရာသီသင်တန်းဖွင့်လှစ်သင်ကြားနေမှု ကြည့်ရှု

 

နေပြည်တော်  ဧပြီ   ၂၁


နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် သား၊ သမီးများ၊ ကျောင်းသား ကျောင်း သူ၊  လူငယ်၊ မောင်မယ်များအနေ ဖြင့်  နွေရာသီကျောင်းပိတ်ရက် ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗလငါးတန် နှင့်ပြည့်စုံပြီး လူတော်၊ လူကောင်း များ  ဖြစ်လာစေရန်  ရည်ရွယ်၍ ယဉ်ကျေးလိမ္မာ        သင်တန်း၊ အင်္ဂလိပ်စာအခြေခံသင်တန်းနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ကို ဧပြီ   ၁၈   ရက်မှစတင်၍  တပ်နယ်အသီးသီး၌     ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

 


ယနေ့နံနက်ပိုင်းတွင် နေပြည် တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့်  အဖွဲ့ဝင် များက ပုဗ္ဗသီရိတပ်နယ် အမှတ် (၃)  အခြေခံပညာအထက်တန်း ကျောင်းနှင့် ဇေယျာသီရိတပ်နယ်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင်     ဖွင့်လှစ် ထားရှိသည့် ကွန်ပျူတာအခြေခံ သင်တန်းများသို့     သွားရောက် ကြည့်ရှုအားပေးပြီး  တာဝန်ရှိသူ များနှင့်တွေ့ဆုံကာ လိုအပ်သည် များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးသည်။

 


နေပြည်တော်   တိုင်းစစ်ဌာန ချုပ်ကွပ်ကဲမှုအောက်   တပ်နယ် အသီးသီးတွင်   ယဉ်ကျေးလိမ္မာ သင်တန်း သင်တန်းသားသင်တန်း သူ ၂၁၆၈ ဦး၊ အင်္ဂလိပ်စာအခြေခံ သင်တန်း သင်တန်းသားသင်တန်း သူ    ၁၇၅၀   နှင့်    ကွန်ပျူတာ အခြေခံသင်တန်း သင်တန်းသား သင်တန်းသူ ၆၉၁ ဦးတို့ကို ဧပြီ ၁၈ ရက်မှ ၂၈ ရက်အထိ  ဖွင့်လှစ် သင်ကြားပေးမည်  ဖြစ်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်