
နေပြည်တော် ဒီဇင်ဘာ ၂၀
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Ms. Christine Schraner Burgener ၏ ရုံးခန်းကို နေပြည်တော်၌ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ချမှတ်သည့် အဆိုဆုံးဖြတ်ချက်များမှ ထွက်ပေါ် သည့် လုပ်ပိုင်ခွင့်များကို အစဉ်တစိုက် ဆန့်ကျင်ကန့်ကွက်ခဲ့သော်လည်း ကုလသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပြသသည့်အနေဖြင့် Ms. Christine Schraner Burgener နှင့် ကိစ္စရပ်တစ်ခုချင်းစီ အလိုက် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး၊ ၎င်း၏ ရုံးခန်းကို မြန်မာနိုင်ငံ၌ ဖွင့်လှစ်ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂ၏ ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်စွဲပါ သတင်းထုတ်ပြန်ချက်အရ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ်က မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်သစ် ခန့်အပ်ကြောင်းနှင့် Ms. Christine Schraner Burgener ၏ နေရာတွင် ဆက်ခံမည်ဖြစ်ကြောင်း သိရှိရသည်။ ယခုအခါ Ms. Christine Schraner Burgener ၏ တာဝန်ပြီးဆုံးပြီဖြစ်ကြောင်း သိရှိရသဖြင့် ၎င်း၏ရုံးခန်းကို မြန်မာနိုင်ငံ၌ ဆက်လက်ထား ရှိခြင်းမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကုလသမဂ္ဂဘက်သို့ ယနေ့(ဒီဇင်ဘာ ၂၀ ရက်) တွင် အကြောင်းကြားထားရှိပြီးဖြစ်ကြောင်း သိရှိရသည်။
သတင်းစဉ်