နေပြည်တော်ရှိ လီဆူတိုင်းရင်းသားမိသားစုများ၏ ခရစ္စမတ်အကြို ဆုတောင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဒီဇင်ဘာ  ၁၉


နေပြည်တော်အတွင်းရှိ  လီဆူတိုင်းရင်းသားမိသားစု များ၏ ခရစ္စမတ်အကြို ဆုတောင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ညောင်ပင်ကြီးစုကျေးရွာရှိ လီဆူခရစ်ယာန်ရိပ်သာ၌ ကျင်းပရာ   တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် တက်ရောက်သည်။


ခရစ္စမတ်နှုတ်ခွန်းဆက်စကား


ဦးစွာ ဆရာမဒေါ်အလေးမီးက အဖွင့်ဆုတောင်း ချီးမွမ်းပြီး ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် က ခရစ္စမတ်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ  မေတ္တာရှေ့ထား၍ ကမ္ဘာမြေငြိမ်းချမ်းအောင် ဝိုင်းဝန်းလုပ်ဆောင်ကြစေလိုကြောင်း၊ မေတ္တာပေး၍ မေတ္တာပြန်ယူကြစေလို ကြောင်း၊  တိုင်းပြည်ငြိမ်းချမ်းမှသာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မည်ဖြစ်ကြောင်း၊ ကမ္ဘာကြီးငြိမ်းချမ်းပါစေ၊ မြန်မာပြည်ကြီး    ငြိမ်းချမ်းပါစေ၊   လောကီသား အားလုံး မေတ္တာ၊ ကရုဏာထားနိုင်ပါစေဟု ခရစ္စမတ် နှုတ်ခွန်းဆက်စကား ပြောကြားသည်။


ထို့နောက်   ပြည်ထောင်စုဝန်ကြီးက  လီဆူ အသင်းတော်   တိုင်းရင်းသားမိသားစုများအား သမ္မာကျမ်းစာအုပ်များ ခရစ္စမတ်လက်ဆောင်ပေးအပ် ပြီး   လီဆူတိုင်းရင်းသားများကလည်း   ခရစ္စမတ် လက်ဆောင်များ  ပေးအပ်ကြသည်။


ယင်းနောက် သင်းအုပ်ဆရာတော် ဆရာချာလူး က ကောင်းချီးပေးအပ်ကာ အခမ်းအနားကို ရုပ်သိမ်း လိုက်ကြောင်း သိရသည်။

 
သတင်းစဉ်