နေပြည်တော်၌ ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချစိုက်ပျိုး

 

နေပြည်တော် ဇူလိုင် ၁၅ 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်  ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့်   ကာကွယ်ရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းစီစဉ်မှုဖြင့် ဇူလိုင် ၁၄ ရက်    နံနက် ၈ နာရီတွင် ပြည်ထောင်စုနယ်မြေ   နေပြည်တော်အတွင်း  သစ်တောပြုန်းတီးနေသော    နေရာ(၅)နေရာ၌ ရဟတ်ယာဉ်ဖြင့်  သစ်စေ့မြေလုံး များ ကြဲချစိုက်ပျိုးသည်။ 


နေပြည်တော်၊    တပ်ကုန်းမြို့နယ်၊     ဆင်သေချောင်းရေဝေ ရေလဲဧရိယာ  ဆင်သေကြိုးဝိုင်းရှိ နေရာ(၅)နေရာ (၈၂ ဒသမ ၅) ဧက၌   ဒေသနှင့်  ကိုက်ညီသော မြန်မာကုက္ကို၊     သင်္ဘောကုက္ကို၊  စစ်၊   စိန်ပန်း၊   မဲဇလီ၊   ဘောစကိုင်း၊   ဘုမ္မရာဇာ၊    မန်ဂျန်ရှားနှင့် ရေသကျည်း သစ်စေ့မြေလုံး (၁)သိန်းကို  ကာကွယ်ရေးဝန်ကြီး ဌာနနှင့် သစ်တောဦးစီးဌာန ဝန်ထမ်းများ  ပူးပေါင်း၍ ရဟတ် ယာဉ်ဖြင့်     ကြဲချစိုက်ပျိုးခဲ့ခြင်း ဖြစ်သည်။


အဆိုပါ  သစ်စေ့ကြဲချစိုက်ပျိုးခြင်း   အောင်မြင်ရှင်သန်မှု   အခြေ အနေများကို     ဒီဇင်ဘာလတွင် နမူနာကွက်ပြုလုပ်၍    စာရင်း ကောက်ယူ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်းစဉ်