နေပြည်တော်၌ မဟာသင်္ကြန်အကြတ်နေ့တွင် ပြည်သူများ စည်ကားများပြားစွာ အတာရေသဘင်ပွဲတော်နွှဲပျော်

 

နေပြည်တော်   ဧပြီ    ၁၅


၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းမည့် နှစ်သစ်ကူးအခါသမယတွင် မြန်မာ့ရိုးရာ ဓလေ့ထုံးစံများနှင့်အညီ အတာရေသဘင်သင်္ကြန်ပွဲတော်ကို နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ အပန်းဖြေနိုင်ရန် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။ 

 


ယနေ့တွင်    နေပြည်တော်တစ်ခွင်၌ မြန်မာ့ရိုးရာ  မဟာသင်္ကြန် အကြတ်နေ့ ဖြစ်သည်နှင့်အညီ ဘုရားစေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုကြသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းကြသူများ၊    အေးချမ်း ပျော်ရွှင်စွာ     ရေကစားကြသူများနှင့် အပန်းဖြေစခန်းများ၌ လာရောက်အပန်း ဖြေကြသူများ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ များအတွင်း မဏ္ဍပ်ငယ်များ ဆောက်လုပ် ၍     မိသားစုအလိုက်      ရေပက်ကစား ကြသူများဖြင့်    အထူးစည်ကားလျက် ရှိသည်။ 

 


နံနက်ပိုင်းမှ စတင်၍ နေပြည်တော် ဥပ္ပါတသန္တိ       စေတီတော်မြတ်ကြီး၊  ဓာတုဇယ    ဓာတ်ပေါင်းစုစေတီတော်၊ ရန်အောင်မြင်ရွှေလက်လှဘုရား၊ သတ္တ သတ္တာဟ  သံဝေဇနိယ လေးဌာနစေတီ၊ လှေခွင်းတောင်ဘုရား၊    အခြားတန်ခိုး ကြီး    ဘုရားများနှင့်    ဘုန်းတော်ကြီး ကျောင်းများတွင်     တရားဘာဝနာ  ပွားများ အားထုတ်ကြသူများ၊ ပုသ်သီလ ဆောက်တည်ကြသူများ၊   တရားစခန်းများ တွင်  တရားဘာဝနာ  ရှုမှတ်ပွားများကြ သူများ၊   ရေသပ္ပာယ်ကြသူများ၊  ဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ရွှေသင်္ကန်း လှူဒါန်း ကြသူများဖြင့်    စည်ကားလျက်ရှိသည်ကို တွေ့ရသည်။

 


ထို့အတူ နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး (ကြည်း) မဟာသင်္ကြန်ရေကစား မဏ္ဍပ်တို့တွင်     မြန်မာ့အသံခေတ်ပေါ် တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော် အနုပညာရှင်များ၊     တေးသံရှင်များက ပရိသတ်အကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေကြပြီး   ဝန်ကြီးဌာနများ၊ ခရိုင်/ မြို့နယ်များမှ သင်္ကြန်ယိမ်းအက အဖွဲ့များကလည်း ညီညာလှပသည့် ယိမ်း အကအလှများဖြင့် ပါဝင်ဖြည့်စွက် ကပြ ဖျော်ဖြေကြရာ ပါဝင်ဆင်နွှဲကြသူများဖြင့် အထူးစည်ကားလျက်   ရှိသည်ကိုလည်း တွေ့မြင်ရသည်။

 


 ပျဉ်းမနားမြို့မှ       နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်သို့        လာရောက် လည်ပတ်သူ          မောင်အာကာဖြိုးက “သူငယ်ချင်းတွေနဲ့ အတူလာတာပါ။ နိုင်ငံ ကျော်    အနုပညာရှင်နဲ့   တေးသံရှင်တွေ မြိုင်ဆိုင်စွာ သီဆိုဖျော်ဖြေပေးပြီး သင်္ကြန် ယိမ်းအဖွဲ့တွေကလည်း   ညီညာလှပစွာ ကပြဖျော်ဖြေမှုတွေကို ပါဝင်ဆင်နွှဲရတာ ပျော်ဖို့ကောင်းပါတယ်။ စတုဒိသာ မဏ္ဍပ် ကလည်း အယုတ်အလတ်အမြတ်မရွေး မြန်မာ့ရိုးရာအစားအစာတွေနဲ့ ကျွေးမွေး ဧည့်ခံပါတယ်။ ဒီနှစ်မှာ မြို့တော်ဝန်မဏ္ဍပ် အနီးမှာ    နေပြည်တော်လမ်းလျှောက် သင်္ကြန်ကို ထည့်သွင်းကျင်းပပေးတော့ လည်ပတ်စရာတစ်ခု    တိုးလာပါတယ်။ ညနေပိုင်းမှာ နေပြည်တော်လမ်းလျှောက် သင်္ကြန်ကို သွားမှာပါ” ဟု ပြောသည်။ 

 


အလားတူ     နေပြည်တော်ရေပန်း ဥယျာဉ်အတွင်းရှိ လမ်းလျှောက်သင်္ကြန်ပွဲ တော်တွင်လည်း    သင်္ကြန်ချစ်သူများ၊ လာရောက်ရေပက်ခံသူများ၊ ရေကစား ကြသူများဖြင့်   စည်ကားခဲ့ပြီး နေပြည် တော်ကောင်စီနယ်မြေအတွင်း အထင် ကရနေရာများဖြစ်သော    ဇေယျာသီရိ မြို့နယ်     ကျည်တောင်ကျေးရွာအုပ်စု အတွင်းရှိ      လှေခွင်းတောင်ကမ်းခြေ အပန်းဖြေစခန်း၊ ကျည်တောင်ရေဆိပ်၊ ပျဉ်းမနားမြို့နယ်ရှိ    အဝေရာကမ်းခြေ အပန်းဖြေစခန်း၊    တိရစ္ဆာန်ဥယျာဉ်၊ ဆာဖာရီဥယျာဉ်နှင့် မင်္ဂလာကန်တော်တို့ တွင် လာရောက်အပန်းဖြေ အနားယူကြ သူများဖြင့်    စည်ကားများပြားလျက် ရှိသည်။ 

 


“ ရန်ကုန်ကနေ နေပြည်တော်မှာရှိတဲ့ အစ်ကိုဆီကို     လာလည်ရင်း    ဒီနေ့မှာ မိသားစုနဲ့အတူ လှေခွင်းတောင်ကို အပန်း လာဖြေတာပါ။ လှေခွင်းတောင်ကိုလာတဲ့ လမ်းတစ်လျှောက်မှာလည်း  မိသားစု မဏ္ဍပ်လေးတွေမှာ ရေပက်ကြတဲ့ လူကြီး၊ ကလေးတွေကို တွေ့ရတဲ့အပြင် စတုဒိသာ မဏ္ဍပ်တွေမှာ    ရေပက်ခံထွက်ကြတဲ့ ဆိုင်ကယ်၊ ရေပက်ခံကားတွေကို မြန်မာ့ ရိုးရာ  အစားအစာတွေ  ဝေငှပေးနေတဲ့ မြင်ကွင်းနဲ့  ကျွေးမွေးလှူဒါန်းနေကြတဲ့ မြင်ကွင်းကို    မြင်တွေ့ရတာ   ဝမ်းသာ ကြည်နူးမိပါတယ်။       မြန်မာပြည်သူ အပေါင်း     ဒီနှစ်သစ်ကူးအချိန်ကစပြီး ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာနဲ့ နှစ်သစ်ကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေး ပါတယ်” ဟု   လှေခွင်းတောင်ကမ်းခြေ အပန်းဖြေစခန်းသို့ လာရောက်လည်ပတ် သူ ဦးဝဏ္ဏထွဋ်ခေါင်က ပြောသည်။

 


မဟာသင်္ကြန်ကာလအတွင်း ပြည်သူ များ အေးချမ်းပျော်ရွှင် ဘေးအန္တရာယ် ကင်းရှင်းစွာ ရေကစားနိုင်ကြစေရန်နှင့် အပန်းဖြေကမ်းခြေစခန်းများ၌ ပြည်သူ များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူ အပန်းဖြေနိုင်စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က   ပြည်သူများ၏   လုံခြုံရေးအတွက် တာဝန်ယူ        ဆောင်ရွက်ပေးလျက် ရှိပြီး   ယာဉ်ထိန်းရဲတပ်ဖွဲ့များကလည်း ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် ယာဉ်ကြောရှင်းလင်းခြင်း      လုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အပန်းဖြေ    အနားယူနေကြစဉ်အတွင်း အန္တရာယ်မရှိစေရေးအတွက်   သတိပေး နှိုးဆော်ခြင်းများကိုလည်း ဆောင်ရွက် လျက်ရှိသည်။

 


မြန်မာ့ရိုးရာယဉ်ကျေးမှု     မဟာ သင်္ကြန်ပွဲတော်သည်   မြန်မာသက္ကရာဇ် နှစ်တစ်နှစ်   ကုန်ဆုံးပြီး    နှစ်သစ်၏ အေးချမ်းမှုကို  ရရှိစေရန်၊ နှစ်ဟောင်းမှ အညစ်အကြေးများ ကင်းစင်လွင့်ပျောက် စေပြီး နှစ်သစ်သို့မပါလာစေရန် ရည်ရွယ် ၍ ရေစင်သွန်းလောင်းကြခြင်းဖြစ်သည် နှင့်အညီ နှစ်ဟောင်းမှ အညစ်အကြေး များကို သင်္ကြန်အတာရေဖြင့် တစ်ဦးကို တစ်ဦး    ကြည်နူးသိမ့်မွေ့စွာ  ပက်ဖျန်း ဆေးကြောပျော်ရွှင်စွာ ရေကစားကြသည့်    ရိုးရာယဉ်ကျေးမှုပွဲတော်    တစ်ခုလည်း ဖြစ်သည်။              
လုလင်ငယ်၊ ဓာတ်ပုံ - ကိုကြီးကျော်