နေပြည်တော်၌ မဲခေါင်-လန်ချန်း စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အအုံဖွင့်

 

နေပြည်တော်  ဩဂုတ်  ၃၀


မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ  (၂၀၁၈)  ဖြင့်  အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းအတွက်အသုံးပြုရန် မဲခေါင်-လန်ချန်းစီမံကိန်း     သတင်းအချက်အလက်ဗဟို ဌာန   အဆောက်အအုံဖွင့်ပွဲကို  ယနေ့နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင် လယ်ယာမြေစီမံခန့်ခွဲရေး နှင့်  စာရင်းအင်းဦးစီးဌာနရုံးဝင်းအတွင်း၌  ကျင်းပ သည်။

 


 အခမ်းအနားသို့   စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန         ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဌ              ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီဝင်    ဗိုလ်မှူးကြီးမင်းနောင်၊ ပြည်ထောင်စုသမ္မတ   မြန်မာနိုင်ငံဆိုင်ရာ   တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံးယာယီတာဝန်ခံ Dr. Zheng Zhihong နှင့်  ဌာနဆိုင်ရာ  တာဝန်ရှိသူများ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်         ပြည်ထောင်စုဝန်ကြီးက ယနေ့ဖွင့်လှစ်သည့်   မဲခေါင်-လန်ချန်း   စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာနအနေဖြင့်  မဲခေါင်-လန်ချန်းဒေသတွင်း    နိုင်ငံများအကြား    သတင်း အချက်အလက်ဖလှယ်မှု စင်္ကြံမှတစ်ဆင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊     ရေလုပ်ငန်းနှင့်     လယ်ယာကဏ္ဍ ကျေးလက်ကဏ္ဍဆိုင်ရာ   စီမံကိန်းအချက်အလက် များ၊   ညွှန်းကိန်းများကို   အပြန်အလှန်ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ သတင်းအချက်အလက် ဌာနတွင်  တာဝန်ထမ်းဆောင်ကြမည့်  ဝန်ထမ်းများ ၏ ကျွမ်းကျင်မှုတိုးတက်ရေး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ဆက်သွယ်ဆောင်ရွက်မှု    မူဘောင်များရေးဆွဲရေး စသည့်လုပ်ငန်းများကို      ဖော်ဆောင်သွားရမည်ဖြစ် ကြောင်း၊ ယခုကဲ့သို့ သတင်းအချက်အလက်ဌာနရှိ ခြင်းဖြင့် မိမိတို့နိုင်ငံအတွင်း၌ ဖြစ်ပေါ်လျက်ရှိသည့် စားနပ်ရိက္ခာထုတ်လုပ်မှုဆိုင်ရာ  ကိန်းဂဏန်းအချက် အလက်များ စုစည်းခြင်း၊ စာရင်းပြုစုခြင်း၊ စိစစ်ခြင်း စသည့်  အလေ့အကျင့်နှင့်  အတွေ့အကြုံများကို မြှင့်တင်နိုင်မည်ဖြစ်ပြီး  နိုင်ငံအချင်းချင်း  ပူးပေါင်း ဆောင်ရွက်မှုများလည်း   အားကောင်းလာမည်ဖြစ် ကြောင်း ပြောကြားသည်။

 


ဆက်လက်၍  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဆိုင်ရာ   တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံရုံးယာယီ တာဝန်ခံက      နှုတ်ခွန်းဆက်စကားပြောကြားပြီး မဲခေါင်-လန်ချန်း   ပူးပေါင်းဆောင်ရွက်မှု  စီမံကိန်း (၂၀၁၈)  ညှိနှိုင်းကွပ်ကဲရေးအဖွဲ့   ဒုတိယဥက္ကဋ္ဌက စီမံကိန်းလုပ်ငန်းဆိုင်ရာများကို    ရှင်းလင်းတင်ပြ သည်။

 


ထို့နောက် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်က  မဲခေါင်- လန်ချန်း   ပူးပေါင်းဆောင်ရွက်မှုအထူး   ရန်ပုံငွေ (၂၀၁၈)ဖြင့် ဆောင်ရွက်သည့် စားနပ်ရိက္ခာ လုံခြုံရေး နှင့် သတင်းအချက်အလက်များ လေ့လာသုံးသပ်ခြင်း နှင့်  ညွှန်ကိန်းများအတွက်  ပံ့ပိုးပေးနိုင်ရန်    စိုက်ပျိုး ရေးနှင့်ကျေးလက်ဒေသဆိုင်ရာ  စာရင်းအင်းအချက် အလက်စင်္ကြံတစ်ခု   တည်ထောင်ခြင်း   စီမံကိန်း လုပ်ငန်းနှင့်  ပတ်သက်၍  ရှင်းလင်းတင်ပြသည်။

 


ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ သံရုံးယာယီ တာဝန်ခံနှင့်  ညွှန်ကြားရေးမှူးချုပ်တို့က ဖွင့်ပွဲအထိမ်း အမှတ်လက်ဆောင်ပစ္စည်းများ         အပြန်အလှန် ပေးအပ်ကြသည်။

 


ဆက်လက်၍              ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ သံရုံးယာယီတာဝန်ခံ နှင့်  တာဝန်ရှိသူများက  မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အဆောက်အအုံကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြပြီး   မုခ်ဦးဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးကြသည်။ 

 


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ သံရုံးယာယီတာဝန်ခံနှင့်  တာဝန်ရှိ သူများက စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဆိုင်ရာ စာရင်းအင်းအချက်အလက်ဌာန ကြေးပြားဆိုင်းဘုတ် ကို အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းပေးကြပြီး မဲခေါင်-လန်ချန်းစီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

 


မဲခေါင်မြစ် ဖြတ်သန်းစီးဆင်းရာ မြန်မာ၊ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများ ပါဝင်သော    မဲခေါင်-လန်ချန်း   နိုင်ငံများအကြား  အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ တန်းတူညီမျှရှိမှု၊ တစ်ဦးပေါ်တစ်ဦး   နားလည်ပေးနိုင်မှု   စသည်တို့ အပေါ်  အခြေခံသည့် ချစ်ကြည်ရင်းနှီးမှုနှင့် နွေးထွေး သော ဆက်ဆံမှုများကို အခြေပြုပြီး မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံကိန်း ၃၁ ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့ဖွင့်လှစ်သည့်   မဲခေါင်-လန်ချန်း  စီမံကိန်း သတင်းအချက်အလက်ဗဟိုဌာန   လုပ်ငန်းသည် လည်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရသည်။                                          

သတင်းစဉ်