နေပြည်တော်၌ အသက် (၅၀) နှစ်နှင့်အထက် ကျန်းမာရေးဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးခြင်း စတင်ဆောင်ရွက်

ပုဗ္ဗသီရိ   ဖေဖော်ဝါရီ   ၂၀


ပြည်ထောင်စုနယ်မြေ    နေပြည် တော်အတွင်းတွင် အသက်(၅၀) နှစ်နှင့်အထက်       ကျန်းမာရေး ဝန်ထမ်းများကို     ကျန်းမာရေး စစ်ဆေးခြင်းနှင့်    ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်စတင် ဆောင်ရွက်ခြင်းအနေဖြင့် ပုဗ္ဗသီရိ မြို့နယ်   နေပြည်တော်   ခုတင်-၃၀၀ ဆံ့  ပြည်သူ့ဆေးရုံကြီးတွင်  အသက်  (၅၀)     နှစ်နှင့်အထက် ကျန်းမာရေး     ဝန်ထမ်းများအား အထူးကုဆရာဝန်ကြီး    (ဆေး ပညာ) ဒေါက်တာပြည့်လင်းလင်း ဇော် ဦးဆောင်သည့် ကျန်းမာရေး ဝန်ထမ်းများက     ကျန်းမာရေး စောင့်ရှောက်ပေးခြင်းကို  ဖေဖော် ဝါရီ  ၁၉  ရက်က  စတင်ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ အသက် (၅၀) နှစ်နှင့်  အထက် ကျန်းမာရေးဝန်ထမ်းများ အား ကျန်းမာရေးစစ်ဆေးခြင်းနှင့်  ကျန်းမာရေး     စောင့်ရှောက်မှု အစီအစဉ်      ဆောင်ရွက်ခြင်းဖြင့်် ကျန်းမာရေး       ဝန်ထမ်းများ၏ ကိုယ်ပိုင် ငွေကြေးကုန်ကျစရိတ် လျော့နည်းစေပြီး အရည်အသွေး ပြည့်ဝသော    ကျန်းမာရေးစောင့် ရှောက်မှု   ရရှိစေရန်နှင့်  ရောဂါ  ရှိသော်လည်း   ရောဂါလက္ခဏာ မပြသေးသောသူများတွင် ကြိုတင် ၍ ရောဂါရှာဖွေ စစ်ဆေးခြင်းဖြင့်  ရောဂါများကို အချိန်မီတွေ့ရှိကုသ နိုင်ခြင်း၊ ပိုမိုပြင်းထန်သော ရောဂါ များနှင့် နောက်ဆက်တွဲ ကျန်းမာ ရေးပြသာနာများကို ရှောင်လွှဲနိုင် စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်သည်။   ယနေ့တွင်  အသက် (၅၀) နှစ်နှင့်အထက် နေပြည်တော် ခုတင်-၃၀၀ဆံ့ ပြည်သူ့ဆေးရုံကြီး၊  ပုဗ္ဗသီရိမြို့နယ်နှင့်     ဥတ္တရသီရိ မြို့နယ်များမှ        ကျန်းမာရေး ဝန်ထမ်း  ၃၈ ဦးအား ကျန်းမာရေး စောင့်ရှောက်မှု    ပေးနေမှုများကို  နေပြည်တော်     ပြည်သူ့ကျန်းမာ ရေး/ ကုသရေး            ဦးစီးဌာနမှူး ဒေါက်တာသန်းနိုင်စိုးနှင့် နေပြည် တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၃၀၀) မှ ဆေးရုံအုပ်ကြီး ဒေါက်တာ သီတာစိုးတို့က လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။ 

သန်းသန်းနွယ်(ပုဗ္ဗ)