နေပြည်တော်၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လတာအတွင်းဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား  အပ်နှံတာဝန်ပေးအပ်

 

 

နေပြည်တော်  အောက်တိုဘာ   ၁၁


ပြည်ထောင်စုနယ်မြေ  နေပြည်တော် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ (အောက်တိုဘာလမှ  မတ်လ) စီမံကိန်းရည်မှန်းချက်များနှင့် နေပြည်တော်ကောင်စီ၏  ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အပ်နှံတာဝန်ပေးအပ်ပွဲ အခမ်းအနားကို  ယနေ့   နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ကောင်စီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က ဒေသဖွံ့ဖြိုးရေးတွင် အခြေခံကျသော လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်ဒေသ သောက်သုံးရေ ဖူလုံစွာရရှိရေး၊ စိုက်ပျိုးရေ လုံလောက်စွာရရှိရေး၊ ဒေသန္တရ ကျန်းမာ ရေးစောင့်ရှောက်မှုများနှင့် ပညာသင်ကြားရေးပိုင်း ဆိုင်ရာ အဆောက်အဦများကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာ နှစ်၊ (၆)လစီမံကိန်းတွင် အကောင်အထည်ဖော်ဆောင် ရွက်သွားကြရမည် ဖြစ်ကြောင်း၊ (၆)လ စီမံကိန်း ဖြစ်သော်လည်း လုပ်ငန်းများကို သတ်မှတ်ချက် များနှင့်အညီ အချိန်မီပြီးစီးအောင် အကောင်အထည် ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရန်ပုံငွေ၊   နေပြည်တော်ကောင်စီ    ရန်ပုံငွေဖြင့်  ဆောင်ရွက်ရမည့်လုပ်ငန်းစီမံကိန်းများ အကောင် အထည်ဖော်ရာတွင်လည်း ပြည်သူများ၏ အကျိုးကို ရှေးရှု၍      သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးနှင့်   ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရေးတို့ကို ကြပ်မတ်ဆောင်ရွက် ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်  ဗိုလ်မှူး ကြီးမင်းနောင်က ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ နေပြည်တော်ကောင်စီ၏  ငွေလုံးငွေရင်းရန်ပုံငွေ ဖြင့်ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း    နေပြည်တော်စီမံကိန်းဦးစီးရုံး ညွှန်ကြားရေးမှူးက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ (၆)လ စီမံကိန်းရည်မှန်းချက်များ၊     ကဏ္ဍများအလိုက် ဆောင်ရွက်မည့်    အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော်စည်ပင် သာယာရေးကော်မတီသို့လည်းကောင်း၊ လယ်ယာ ကဏ္ဍကြီးစီမံကိန်း ရည်မှန်းချက်များကို သက်ဆိုင် ရာ    ဌာနများကိုယ်စား     နေပြည်တော်စိုက်ပျိုးရေး ဦးစီးဌာနသို့ လည်းကောင်း အပ်နှံတာဝန်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံယူကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီးမင်းနောင်က စက်မှုကဏ္ဍကြီး စီမံကိန်းရည် မှန်းချက်များကို သက်ဆိုင်ရာဌာနများကိုယ်စား နေပြည်တော် စက်မှုကြီးကြပ်နှင့် စစ်ဆေးရေး ဦးစီး ဌာနသို့ လည်းကောင်း၊  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော် လမ်းဦးစီးဌာနသို့လည်းကောင်း၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော် ကျေးလက် လမ်းဦးစီးဌာနသို့ လည်းကောင်း၊ နေပြည်တော် ကောင်စီဝင် ဦးဇေယျာလင်းက ဝန်ဆောင်မှု ကဏ္ဍ ကြီး စီမံကိန်းရည်မှန်းချက်များကို သက်ဆိုင်ရာဌာန များကိုယ်စား နေပြည်တော် ဟိုတယ်နှင့် ခရီးသွား လာရေးဦးစီးဌာနသို့လည်းကောင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး ရေးဦးစီးဌာနသို့လည်းကောင်း၊   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို    နေပြည်တော်    ဆည်မြောင်းနှင့်  ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ထိန်းသိမ်းရေး) သို့လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး က  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို နေပြည်တော်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းသို့ လည်း ကောင်း၊ စီမံကိန်းရည်မှန်းချက်များကို ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့သို့လည်းကောင်း၊     စီမံကိန်း ရည်မှန်းချက်များကို ဒက္ခိဏခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့သို့လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ရဲမှူးကြီး ကိုကိုလွင် က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဥတ္တရခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့(၄)ဖွဲ့သို့  လည်းကောင်း၊ နေပြည်တော်ကောင်စီဝင် ဦးကျော်သိန်းဆိုင်က  ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒက္ခိဏခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(၄)ဖွဲ့သို့ လည်းကောင်း အပ်နှံတာဝန်ပေးအပ်ရာ တာဝန် ရှိသူများက လက်ခံယူကြကြောင်း သိရသည်။ 
သတင်းစဉ်