
နေပြည်တော် နိုဝင်ဘာ ၁၅
အကြမ်းဖက် ဖောက်ခွဲဖျက်ဆီး ခြင်းနှင့် အပြစ်မဲ့ပြည်သူများအား အဓိက ပစ်မှတ်ထား၍ သတ်ဖြတ် ခြင်းတို့အား ဆောင်ရွက်နိုင်မှု မရှိ စေရေး ဖော်ထုတ်ဖမ်းဆီးခြင်း များ ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်မှု မလိုလားသော ပြည်သူများ၏ သတင်းပေးမှုများ ကြောင့် နိုဝင်ဘာ ၁၂ ရက်တွင် ဥတ္တရသီရိမြို့နယ် B-4 လမ်းမ ကြီးဓာတ်အားခွဲရုံအနီးရှိ နေအိမ်မှ တင်ကိုငြိမ်း(ခ) ရွှေကောင်း (၄၈)နှစ်နှင့် ခင်မောင်ရင်(၃၇)နှစ်တို့ ကို ပွိုင့် ၂၂ ကျည်ဖြင့် ပစ်ခတ်ရ သည့် လက်လုပ်သေနတ် လေး လက်၊ ၅ ဒသမ ၅၆ မမကျည် ၁၀ တောင့်၊ ပြောက်ကျား ယူနီဖောင်း/ဂျာစီ များ၊ ဖောက်ခွဲရေး ဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့ပြီး ၎င်းတို့၏ ထွက်ဆိုချက်အရ ဥတ္တရသီရိမြို့နယ် စည်သာအေး ရွာ ပျဉ်းမနား-တောင်ညိုလမ်းမ ကြီးအနီးရှိ ခင်မောင်ရင်၏ နေအိမ် မှ လက်လုပ်မိုင်း နှစ်လုံးနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်း များအား သိမ်းဆည်းရမိခဲ့သည်။
တရားခံ တင်ကိုငြိမ်း(ခ)ရွှေကောင်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၃ ရက်တွင် ဇမ္ဗူသီရိ မြို့နယ် ပညာသိဒ္ဓိရပ်ကွက် ခရေအိမ်ရာ တိုက်အမှတ်(၉၄) အခန်းအမှတ်(၁၄)သို့ ဝင်ရောက် ရှာဖွေခဲ့ရာ ပြောက်ကျားယူနီ ဖောင်းများ၊ NLD ပါတီတံဆိပ်ပါ အင်္ကျီများနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများအား သိမ်း ဆည်းရမိခဲ့သည်။
ဆက်လက်၍ တရားခံ တင်ကိုငြိမ်း(ခ) ရွှေကောင်း၏ ထွက်ဆိုချက်အရ နိုဝင်ဘာ ၁၃ ရက်တွင် ယမ်းကြိုးနှင့် ဆက်စပ် ပစ္စည်းများအား ဥတ္တရသီရိမြို့နယ် မင်းကုန်းကျေးရွာအုပ်စု ကျွဲရှင်း ကျေးရွာ စက်မှု(၁) အုတ်စက်ရှေ့ အိမ်အမှတ်(၃၈၅)နေ ဇော်မင်း အောင်ထံ အပ်နှံထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေခဲ့ ရာ ဇော်မင်းအောင်(၃၉)နှစ်ကို ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဆက်လက်၍ တရားခံ ဇော်မင်းအောင်၏ ထွက်ဆိုချက် အရ တင်ကိုငြိမ်း (ခ)ရွှေကောင်း နှင့် ခင်မောင်ရင်တို့ကို ဖမ်းဆီးရ ရှိသည့် ဖြစ်စဉ်သတင်းနှင့် မှတ်တမ်း ဓာတ်ပုံများအား မင်းကုန်းကျေးရွာနေ သိန်းဝင်းမှ ဇော်မင်းအောင်အား ပြသ၍ တိမ်းရှောင်စေရန် ပြောကြားခဲ့ ကြောင်း သိရှိရသဖြင့် သိန်းဝင်း (၅၀)နှစ်ကို ထပ်မံဖမ်းဆီးခဲ့ သည်။
ဖြစ်စဉ်တွင် ဖမ်းဆီးရမိ တရားခံ ကျား လေးဦးကို လက် လုပ်သေနတ် လေးလက်၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ လက်လုပ် မိုင်း နှစ်လုံး၊ ပြောက်ကျား ယူနီ ဖောင်း/ ဂျာစီများ၊ NLD ပါတီ တံဆိပ်ပါ အင်္ကျီများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ တရားခံ ခင်မောင်ရင်သည် ဧပြီလတွင် ပျဉ်းမနားမြို့နယ် အဝေရာဆည် အနီး၌ နေပြည်တော် PDF အဖွဲ့မှ ဖွင့်လှစ်သည့် ဖောက်ခွဲရေး သင်တန်း တက်ရောက်ခဲ့ကြောင်း နှင့် ပျဉ်းမနားမြို့နယ် NLD ပါတီအတွင်းရေးမှူး စိုင်းဝင်းနိုင်ဦး(ဖမ်းဆီးရန်ကျန်)မှ ဖီးနစ်မြို့ပြ ပြောက်ကျားအဖွဲ့အား ဟန်မင်း ထွန်း (ဖမ်းဆီးရန်ကျန်)အား ဖွဲ့စည်းစေကာ အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ လုပ် ဆောင်ရန် စီစဉ်ခဲ့ကြောင်း၊ နေပြည်တော် PDF အဖွဲ့အနေဖြင့် အကြမ်းဖက် အဖွဲ့အစည်းဖြစ် သော NUG မှ ရည်မွန်၏ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ရှိပြီး ၎င်း၏ ညွှန်ကြားချက်များ အတိုင်း အကြမ်းဖက်ဖောက်ခွဲရေး လုပ်ငန်းများ၊ ဒလန်ရှင်းလင်းရေး လုပ်ငန်းများအား ဆောင်ရွက်ရ ကြောင်း ဖော်ထုတ်သိရှိရသည်။
တရားခံ တင်ကိုငြိမ်း(ခ)ရွှေကောင်း၏ ထွက်ဆိုချက်အရ ဇွန်လတွင် တောင်ငူမြို့နေ ဝေဠု (ဖမ်းဆီးရန်ကျန်)ထံမှ လက်လုပ် သေနတ် လေးလက်၊ MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်ဗုံး တစ်လုံး၊ ယမ်းကြိုးနှင့် ဆက်စပ် ပစ္စည်းများအား ဝယ်ယူခဲ့ကြောင်း နှင့် ဇူလိုင်လတွင် အောင်ပန်း မြို့နေ ခွန်သူရ(ဖမ်းဆီးရန်ကျန်)ထံမှ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်ရရှိခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။
အကြမ်းဖက် ဖောက်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အနေဖြင့် မေလတွင် ဟန်မင်းထွန်း ၏ စေခိုင်းမှုဖြင့် ခင်မောင်ရင် သည်ဥတ္တရသီရိမြို့နယ် မောင်ရမ်း ကျေးရွာအုပ်စု ဝက်စုကျေးရွာရှိ ခေါင်ရည်ဆိုင်ရှေ့တွင် လက်လုပ် မိုင်း တစ်လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် ဇမ္ဗူ သီရိမြို့နယ် သုခသိဒ္ဓိရပ်ကွက်၊ တိုက်အမှတ် (၄၃၅၆) အနီး၌ ရပ်ထားသော လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ဝန်ထမ်းကြို/ပို့ ယာဉ်အား ထမင်းဘူးရီမုဒ်မိုင်း တစ်လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာ ၁၄ ရက်တွင် ဥတ္တရသီရိမြို့နယ် ရွှေနံ့သာရပ်ကွက် ဈေးအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနှင့် ကပ်လျက်ရဲကင်းကို လက်လုပ် ဗုံး တစ်လုံးဖြင့် လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ် အမှတ်(၃)ရဲစခန်းအနီးတွင် လက်လုပ်ဗုံး တစ်လုံးဖြင့် လည်းကောင်း၊ အောက်တိုဘာ ၂၈ ရက်တွင် ဇမ္ဗူ သီရိမြို့နယ် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဝန်ထမ်းလိုင်းခန်းရှေ့ ရှိ ဝန်ထမ်း ကြို/ပို့ယာဉ်အား ထမင်းဘူး ရီမုဒ်မိုင်း တစ်လုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၃ ရက် တွင် ဟန်မင်းထွန်းမှ ပေးပို့သော MG-1 လက်ပစ်ဗုံး တစ်လုံး၊ လက် လုပ်ဗုံး တစ်လုံးတို့အား တင်ကို ငြိမ်း (ခ)ရွှေကောင်း ထံမှတစ်ဆင့် ရယူ၍ နိုဝင်ဘာ ၆ ရက်တွင် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးအား MG-1 လက်ပစ်ဗုံးဖြင့် လည်း ကောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် ဇမ္ဗူသီရိမြို့နယ် နေပြည်တော် မြို့မဈေး အပေါ်ထပ်ရှိ စည်ပင် သာယာဈေး၊ အုပ်ချုပ်ရေးမှူးရုံး အား လက်လုပ်ဗုံးဖြင့်လည်း ကောင်း ဖောက်ခွဲခဲ့ကြောင်း ဖော် ထုတ်သိရှိရသည်။
အဆိုပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူ များကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေးတိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန် စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့် ပေးမည်ဖြစ်ကြောင်းနှင့် မြို့ရွာ များအမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါ ကြောင်း အသိပေးသတင်း ထုတ်ပြန်ထားကြောင်း သက်ဆိုင် ရာမှ သတင်းရရှိသည်။ သတင်းစဉ်