နေပြည်တော်မှာရှိတဲ့ ခမ်းနာထည်ဝါသပ္ပာယ်လှတဲ့ ဘုရား၊ စေတီတွေကို လူရည်ချွန်မောင်မယ်တွေနဲ့ အတူတူဖူးမြော်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်

 

၂၀၂၃ - ၂၀၂၄   ပညာသင်နှစ်အတွက် ရွေးချယ်ခံရသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ကချင်ပြည်နယ်၊  ကရင် ပြည်နယ်၊    စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊      ပဲခူးတိုင်း ဒေသကြီး၊     မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊   မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊   ရန်ကုန်တိုင်းဒေသကြီး၊  ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး တို့မှ နဝမတန်းလူရည်ချွန် ၁၄၀၊ ဒသမ တန်း လူရည်ချွန် ၁၄၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၃၇ ဦး၊ ဒွါဒသမတန်းလူရည် ချွန် ၁၃၇ ဦးစုစုပေါင်း လူရည်ချွန်ကျောင်း သား ကျောင်းသူ ၅၅၄ ဦးနှင့် ကြီးကြပ် ဆရာ  ဆရာမ ၆၄   ဦးတို့သည်   ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့်   ချောင်းသာ လူရည်ချွန်စခန်းအသီးသီးသို့ လေ့လာရေး ခရီးစဉ်အဖြစ် သွားရောက်နိုင်ရေးအတွက် နေပြည်တော်စုရပ်စခန်း၌      စုစည်း ရောက်ရှိနေကြပြီး နေပြည်တော်ရှိ အထင် ကရနေရာများအား သွားရောက်လေ့လာ လျက်ရှိကြသည်။ 
အဆိုပါ    လူရည်ချွန်ကျောင်းသား ကျောင်းသူများသည်  ယနေ့တွင်      မာရ ဝိဇယ       ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်  ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတို့အား သွားရောက်ဖူးမြော်     ကြည်ညိုကြရာ ခမ်းနားထည်ဝါစွာ   ပူဇော်ထုဆစ်ထား သည့် စေတီ၊ ပုထိုး၊ ဗုဒ္ဓရုပ်ပွားတော်များ အား မျက်မြင်ဖူးမြော်တွေ့ရှိရမှုနှင့် အံ့မခန်း ဗိသုကာလက်ရာများဖြင့် တည်ဆောက် ထားသည့် သာသနိကအဆောက်အဦများ အား လေ့လာခွင့်ရရှိမှု ရင်တွင်းခံစားချက် များကို မေးမြန်းရေးသားတင်ပြလိုက်ရပါ သည်။ 
ဒေါက်တာကျော်လွင် (တာဝန်ခံ၊ 
နေပြည်တော်လူရည်ချွန်စုရပ်စခန်း)
လူရည်ချွန်တွေဆိုတာက   ဘက်စုံ ထူးချွန်တဲ့ကျောင်းသား ကျောင်းသူတွေ ဖြစ်ပါတယ်။   နောင်တစ်ချိန်မှာလည်း တိုင်းပြည်အတွက် အားကိုးအားထားရတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေပဲ   ဖြစ်ပါ တယ်။   ဒါကြောင့်   လူရည်ချွန်တွေကို ဒီနေ့ညနေကစပြီး နေပြည်တော်က မာရ ဝိဇယဘုရားကြီးနဲ့ ဥပ္ပါတသန္တိစေတီတော် မြတ်ကြီးကို  ဖူးမြော်စေပြီး ၂၅ ရက်မှာ ဆိုရင်  စစ်သမိုင်းပြတိုက်နဲ့  အမျိုးသား ပြတိုက်တွေကို လေ့လာရေးပို့ဆောင်မှာ ဖြစ်ပါတယ်။ ၂၆ ရက်မှာတော့ နိုင်ငံတော် အကြီးအကဲရဲ့ဩဝါဒခံယူပြီး ၂၇ ရက်မှာ တော့ လူရည်ချွန်အပန်းဖြေစခန်းအသီးသီး ကို  သွားရောက်ကြမှာ    ဖြစ်ပါတယ်။ အခုလို တစ်နိုင်ငံလုံးက လာရောက်ကြတဲ့ လူရည်ချွန်တွေကို အခုလိုစုစည်းပြီးတော့ တာဝန်ယူ  ဆောင်ရွက်ပေးရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်။ 
မောင်ဂျူးသက်ကို (ဧကာဒသမတန်း၊ 
လူရည်ချွန်နှစ်ထပ်ကွမ်း၊ 
မကွေးတိုင်းဒေသကြီး)
လူရည်ချွန်ဖြစ်ဖို့ဆိုတာက ငယ်ငယ် ကတည်းက   ကျောင်းစာဘာသာရပ် တွေအပြင် အားကစား စတဲ့ကဏ္ဍအလိုက်  ကြိုးစားခဲ့ရတာပါ။ အခုလို ကြိုးစားခဲ့သမျှ တွေ အမှန်တကယ်ဖြစ်လာခဲ့တဲ့အတွက် လည်း အလွန်ကိုဝမ်းသာမိပါတယ်။ အရင် နှစ်ကလည်း ကျွန်တော်က လူရည်ချွန်ဖြစ် ခဲ့ပြီး တောင်ကြီးမြို့နဲ့ အင်းလေးဒေသ ဘက်တွေကို လေ့လာရေးသွားခဲ့ရပါတယ်။ အခုသွားရမယ့် ငွေဆောင်ခရီးစဉ်မှာဆိုရင် လည်း   အတွေ့အကြုံတွေ   အများကြီး ရလိမ့်မယ်လို့ ထင်မြင်မိပါတယ်။ ညီလေး၊ ညီမလေးတွေအနေနဲ့လည်း   လူရည်ချွန် ဖြစ်ဖို့ ကြိုးစားစေချင်ပါတယ်။   လူရည်   ချွန်ဖြစ်မယ်ဆိုရင်   ဘဝအတွက်အခွင့် အလမ်းတွေ အများကြီးရရှိမှာဖြစ်ပါတယ်။ နေပြည်တော်မှာလည်း   အခုလို  အထင် ကရနေရာတွေကို လိုက်လံပို့ဆောင်ပေးတဲ့ အတွက် ဝမ်းသာမိပါတယ်။ နေပြည်တော် မှာရှိတဲ့ ဘုရား၊ စေတီတော်မြတ်ကြီးတွေ ဟာ    အလွန်ကို    ခမ်းနားထည်ဝါပြီး ကြည်ညိုဖွယ်ရာကောင်းပါတယ်။ ဘုရား သမိုင်းတွေကိုလည်း အသေးစိတ်လေ့လာ ခွင့်ရတဲ့အတွက် အကျိုးရှိတဲ့လေ့လာရေး ဖြစ်ခဲ့ပါတယ်။ 
မောင်စိုင်းရန်လင်းရွှေ 
(နဝမတန်း၊ လူရည်ချွန်တစ်ထပ်ကွမ်း၊ 
ကချင်ပြည်နယ်)
လူရည်ချွန်ဆိုတာက ကျွန်တော့်ဘဝ မှာ  အများကြီး   မျှော်လင့်ကြိုးစားထား ခဲ့ရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ လူရည် ချွန်တစ်ယောက်ဖြစ်ဖို့ဆိုတာ ကျောင်းစာ တစ်ခုတည်း    တော်နေရုံနဲ့   မရပါဘူး။ စိတ်ဓာတ်ပိုင်း၊ စာရိတ္တပိုင်း၊ ကာယပိုင်းနဲ့ အထွေထွေ ဗဟုသုတပိုင်းတွေမှာ ထူးချွန် ရပါမယ်။ အခု လက်တွေ့လူရည်ချွန်ဖြစ် လာတဲ့အပေါ်မှာလည်း လွန်စွာပျော်ရွှင် မိပါတယ်။ တိုင်းဒေသကြီးနဲ့   ပြည်နယ် အသီးသီးက လူရည်ချွန်ညီအစ်ကိုမောင်နှမ တွေနဲ့အတူ  လေ့လာရေးခရီးထွက်ရတဲ့ အတွက်လည်း    အတိုင်းမသိ   ဝမ်းသာမိ ပါတယ်။ ကျွန်တော့်အတွက် ဒေသန္တရဗဟု သုတအသစ်တွေလည်း   ရရှိခဲ့ပါတယ်။ ဒီနေ့တော့ နေပြည်တော်မှာရှိတဲ့ ခမ်းနား ထည်ဝါသပ္ပာယ်လှတဲ့ ဘုရား၊ စေတီတွေကို လူရည်ချွန်မောင်မယ်တွေနဲ့   အတူတူ ဖူးမြော်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါ တယ်။ ဒီကနေ  သိရှိခဲ့ရတဲ့ အတွေ့အကြုံ တွေကိုလည်း ကျွန်တော့်ဒေသရောက်ရင် ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 
မထက်အံ့ရှား
(နဝမတန်း၊ လူရည်ချွန်တစ်ထပ်ကွမ်း၊ 
ကရင်ပြည်နယ်)
ကျွန်မအနေနဲ့   ကရင်ပြည်နယ် ကိုယ်စားပြု လူရည်ချွန်အဖြစ် လေ့လာ ရေးလာရတဲ့အတွက် အလွန်ကို ဝမ်းသာ ဂုဏ်ယူမိပါတယ်။   လူရည်ချွန်ဆိုတာက လည်း အလွန်ကိုဖြစ်ချင်နေတဲ့ အိပ်မက် တစ်ခုဖြစ်တဲ့အတွက်လည်း ပျော်ရွှင်မိပါ တယ်။    လူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့ရတဲ့ ခရီးလမ်းဟာ  တော်တော် ခက်ခဲခဲ့ပါတယ်။ လူရည်ချွန်တစ်ယောက် ဖြစ်ဖို့  ကျောင်းစာတင်မကပဲ   ဘက်စုံ တော်အောင် ကြိုးစားခဲ့ရပါတယ်။ အခုလို လေ့လာရေးခရီးစဉ်တွေမှာလည်း ကျွန်မ လို     လူရည်ချွန်တွေနဲ့    အတူတကွ သွားရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ လူရည်ချွန်အချင်းချင်းလည်း    အတွေ့ အကြုံတွ   မျှဝေကြတဲ့အတွက်လည်း ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ နေပြည် တော်မှာရှိတဲ့  လေ့လာစရာနေရာတွေ ဘုရားတွေကို    လိုက်လံပို့ဆောင်ပေးတဲ့ အတွက်လည်း     တာဝန်ရှိသူတွေကို ကျေးဇူးတင်ရှိပါတယ်။ 
မောင်ရန်နိုင် (ဒွါဒသမတန်း၊ လူရည်ချွန်
သုံးထပ်ကွမ်း၊ ရှမ်းပြည်နယ်)
အခုလို လူရည်ချွန်မောင်မယ်များ နဲ့အတူ ကျွန်တော့်ပြည်နယ်ကိုယ်စားပြုလာရတဲ့အတွက်  အလွန်ကိုဂုဏ်ယူမိပါ တယ်။ ကိုယ့်မြို့နယ်၊ ကျောင်းနဲ့ ပြည်နယ် အတွက်လည်း ဂုဏ်ဆောင်ပြီးသား ဖြစ် စေပါတယ်။    လူရည်ချွန်တစ်ယောက် ဖြစ်ဖို့အတွက်   မလွယ်ကူခဲ့ပါဘူး။    ဇွဲ၊ လုံ့လ၊  ဝီရိယပေါင်းစပ်ပြီး   ကြိုးစားခဲ့ရ ပါတယ်။   ကျွန်တော်က    လူရည်ချွန်  သုံးထပ်ကွမ်းဖြစ်တဲ့အတွက်     နှစ်တိုင်း ကို   ခက်ခက်ခဲခဲ    ကြိုးစားခဲ့ရပါတယ်။
ကျွန်တော်တို့လို  လူရည်ချွန်တွေကို လေ့လာရေးခရီးစဉ်    ပို့ဆောင်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ရှိ ပါတယ်လို့  ပြောကြားလိုပါတယ်။   ဒီလို လေ့လာရေး    ခရီးစဉ်တွေကတစ်ဆင့် အတွေ့အကြုံအသစ်တွေ   အများကြီး ရရှိလာမှာဖြစ်ပါတယ်။ အခုဆို နေပြည် တော်က ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး နဲ့  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ရတဲ့အတွက်လည်း    ရင်ထဲမှာ အတော်လေး    အေးချမ်းမှုကို      ရရှိခဲ့ ပါတယ်။

အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ-ဖိုးပြည့်စုံ