နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ရေဘေးသင့်ရပ်ကွက်၊ကျေးရွာများ မှ မျောပါအိမ်နှင့်လူသေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား တက်ရောက်

 

တပ်ကုန်းမြို့နယ် ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာများ မှ မျောပါအိမ်နှင့်လူသေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ် 

တပ်ကုန်း စက်တင်ဘာ ၂၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာ များမှ မျောပါအိမ်နှင့် လူသေဆုံးသူများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ်အတွင်းမှာ မိုးအဆက် မပြတ်ရွာသွန်းခြင်းကြောင့် ရပ်ကွက် ၄ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများတွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း၊ ကယ်ဆယ်ကူညီရေးနှင့် မျောပါအိမ်၊ လူသေဆုံးသူများအား ထောက်ပံ့အပ်မှု များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယ စာရင်းဝင် မျောပါအိမ် ၄၁၃ အိမ်အတွက် တစ်အိမ်လျှင် တစ်သိန်းနှုန်း၊ ပစ္စည်း၁၆မျိုးပါပုံး တစ်ပုံးနှုန်း၊ လူသေဆုံးသူ ၉၇ ဦးအတွက် တစ်ဦးလျှင် သုံးသိန်းနှုန်းကို နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ၊ ဥတ္တရခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဇော်မိုးလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်တာဝန်ရှိသူများကမျောပါအိမ်နှင့် လူသေဆုံးသူများ၏ သက်ဆိုင်ရာအိမ်ထောင်စုဝင်များ လက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်အတွင်း နဝင်းချောင်း ရေကြီးရေလျှံမှုကြောင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ပထမစာရင်းဝင် မျောပါအိမ်  ၅၉ အိမ်၊ လူသေဆုံးသူ ၃၃ ဦးနှင့် ဒုတိယ စာရင်းဝင် မျောပါအိမ် ၄၁၃ အိမ်၊ လူသေဆုံးသူ ၉၇ ဦး၊  မျောပါအိမ်ပေါင်း ၄၇၂ အိမ်၊ လူသေဆုံးသူပေါင်း ၁၃၀ ရှိကြောင်း သိရသည်။

တင်စိုးလွင်