
နေပြည်တော် ဩဂုတ် ၂၉
နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်း ဆောင်ရွက်ရန် ဂမုန်းတောင် ကျေးရွာ၌ ရောက်ရှိနေသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူး ကြီး မင်းနောင် ဦးစီးပြီး ဌာန ဆိုင်ရာများ ပါဝင်သော ပူးပေါင်း အဖွဲ့က မဲပေါက်ကျေးရွာအုပ်စု အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များမှ ဆရာတော် သံဃာတော်များ အား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းပွဲ အခမ်း အနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပျဉ်းမနားမြို့နယ် မဲပေါက်ကျေးရွာအုပ်စု ဂမုန်းတောင် ကျေးရွာရှိ ဂမုန်းတောင်ရွာဦး ကျောင်း၌ ကျင်းပသည်။
ဦးစွာ မဲပေါက်အုပ်စု သံဃ နာယကအဖွဲ့ဥက္ကဋ္ဌ၊ ဂမုန်းတောင် ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တ ကုမာရထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြ သည်။
ထို့နောက် နေပြည်တော် ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဦးကျော် သိန်းဆိုင်၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်း ကြပြီး ဆရာတော် ဘဒ္ဒန္တကုမာရ ထံမှ အနုမောဒနာတရားနာကြား ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြ သည်။
ယင်းနောက် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးဆောင်၍ ဌာနဆိုင်ရာများပါဝင် သည့် ပူးပေါင်းအဖွဲ့သည် မဲပေါက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဒေသခံဌာနဆိုင်ရာ ဝန်ထမ်းများကို ဂမုန်းတောင်ရွာ ဦးကျောင်း၌ တွေ့ဆုံပြီး ဗိုလ်မှူး ကြီး မင်းနောင်က ဒေသခံတိုင်းရင်း သား ပြည်သူများအနေဖြင့် မိမိတို့ ကျေးရွာအတွင်း ဒေသဖွံ့ဖြိုးရေး အတွက် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း၊ ထိုသို့ဆွေးနွေးတင်ပြမှသာ မိမိ တို့ဘက်မှ ဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ယခုနှစ်ဘဏ္ဍာရေး နှစ်အတွင်း ဆောင်ရွက်ပေးမည် ဖြစ်ပြီး ယခုဆောင်ရွက်မပေးနိုင် သည့် ကိစ္စရပ်များကို လာမည့် ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်း၍ ဖြည့်ဆည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ယင်းသို့ ဆောင် ရွက်ပေးနိုင်ရန်အတွက် လည်း အစိုးရ၊ တပ်မတော်နှင့် ပြည်သူ များ တစ်သားတည်းရှိရန် လိုအပ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက မဲပေါက်ကျေးရွာ အုပ်စုအတွင်းရှိ မဲပေါက်၊ ဂမုန်း တောင်၊ ပင်ရဲ၊ မြေမြိုနှင့် ရစ်ထွေ ကျေးရွာများမှ အိမ်ထောင်စု ၄၀၃ စု ၊ အခြေခံပညာကျောင်း များမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန် ပစ္စည်းများ၊ ကျောင်းသုံး စာရေးကိရိယာများ၊ ဆေးစိမ်ခြင်ထောင်များ၊ တိရစ္ဆာန် ကုသရေး ဆေးဝါးပစ္စည်းများနှင့် ကလေးကစားစရာတို့ကို ထောက်ပံ့ ပေးအပ်ရာ သက်ဆိုင်ရာကျေးရွာ များမှ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ရာအိမ်မှူးများနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းအုပ် ကြီးများက လက်ခံရယူကြသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင် ဦးကျော်သိန်းဆိုင်နှင့် တာဝန်ရှိသူတစ်ဦးက ဂမုန်း တောင်ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံ ချက် (၂) ဖြင့် ဆောင်ရွက်ပေးခဲ့ သည့် အိမ်ထောင်စုလူဦးရေစာရင်း ၃၈ ခုနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ၁၅၀ တို့ကို ပေးအပ် ရာ ဂမုန်းတောင်ကျေးရွာ အုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူတစ်ဦးက လက်ခံရယူကြသည်။
ယင်းနောက် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် သည် ပျဉ်းမနားမြို့နယ် မဲပေါက် ပညာရေးအုပ်စုရှိ အခြေခံပညာ ကျောင်းများမှ ဆရာ ဆရာမများ၊ ဂမုန်းတောင် ကျေးလက်ကျန်းမာ ရေးဌာနနှင့် ဌာနခွဲများမှ ဝန်ထမ်း များအတွက် ထောက်ပံ့ငွေများကို လည်းကောင်း၊ ဂမုန်းတောင်နှင့် မြေမြို ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေများ၊ ဖုန်းငွေဖြည့်ကတ်များနှင့် စားသုံးကုန်ပစ္စည်းများကိုလည်းကောင်း၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အတွက် ဖုန်းငွေဖြည့်ကတ်များကိုလည်းကောင်း ပေးအပ်သည်။
ဆက်လက်၍ ဂမုန်းတောင် ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ဒေသခံပြည်သူများ က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် က နိဂုံးချုပ်အမှာစကားပြောကြား သည်။
မွန်းလွဲပိုင်းတွင် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် သည် နေပြည်တော်ပညာရေးမှူး ရုံးမှ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့နယ် တောင်ပေါ် ဒေသကျောင်းများမှ ကျောင်းအုပ် ကြီးများ၊ ဆရာ ဆရာမများအား ဂမုန်းတောင် အခြေခံပညာအထက် တန်းကျောင်း (ခွဲ) ၌ တွေ့ဆုံ၍ အမှာစကားပြောကြားပြီး အခြေခံ ပညာကျောင်းများမှ ကျောင်းသူ ကျောင်းသားများအတွက် ဗလာ စာအုပ်နှင့် ခဲတံတို့ကိုလည်းကောင်း၊ ဆရာ ဆရာမများအတွက် ဖုန်းငွေ ဖြည့်ကတ်များကို လည်းကောင်း ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော် ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲပေါက် ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ များမှ ကျေးရွာအုပ်ချုပ်ရေးမှူး များ၊ ရာအိမ်မှူးများနှင့် ရပ်မိ ရပ်ဖ များကို ဂမုန်းတောင်ကျေးရွာရှိ ဂမုန်းတောင် ရွာဦးကျောင်း၌ တွေ့ဆုံ၍ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည် ချက် (၉) ရပ်ကို ရှင်းလင်းပြော ကြားပြီး ဒေသတည်ငြိမ်အေးချမ်း ရေးအတွက် အဖျက်သမားများ ရန်မှ စုပေါင်းကာကွယ်ရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် ဆွေးနွေး ပြောကြားသည်။
ညနေပိုင်းတွင် ကျန်းမာရေး ဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဂမုန်းတောင် ကျေးလက် ကျန်းမာရေးဌာန၌ သံဃာတော်များ၊ သီလရှင်များနှင့် ကျေးလက်နေ ပြည်သူများအားအခမဲ့ကျန်းမာရေးစောင့်ရှောက်မှု များဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး သည်။
နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးဆောင်၍ ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မဲပေါက်ကျေးရွာ အုပ်စုအတွင်းရှိ ဘုန်းတော်ကြီး ကျောင်း ရှစ်ကျောင်းအတွက် လှူဒါန်းသည့် နဝကမ္မအလှူငွေ အပါအဝင် ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ လှူဖွယ်ပစ္စည်းများ၊ အိမ်ထောင် စု ၄၀၃ စု ၊ အခြေခံပညာကျောင်း များ၊ ဒေသခံဌာနဆိုင်ရာဝန်ထမ်း များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများ အပါအဝင် လူသုံးကုန်ပစ္စည်းများ၊ စားသောက် ကုန်ပစ္စည်းများ၊ ကျောင်းသုံး စာရေးကိရိယာများ၊ ဆေးစိမ် ခြင်ထောင်များ၊ တိရစ္ဆာန်ကုသရေး ဆေးဝါးပစ္စည်းများနှင့် ကလေး ကစားစရာများ၊ ဖုန်းငွေဖြည့်ကတ် များနှင့် မျိုးစေ့ထုပ်များ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၈၁၇၆၄၀၀ ရှိကြောင်း သိရ သည်။
သတင်းစဉ်