နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် တတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ပေးအပ်လှူဒါန်းခြင်း အခမ်းအနား တက်ရောက်

 

နေပြည်တော်   ဖေဖော်ဝါရီ    ၂၁


နေပြည်တော်ကောင်စီက ကြီးမှူး၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင် တို့အမှူးပြု၍ မိတ်ဆွေသင်္ဂဟများက လှူဒါန်းသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားတော်မြတ် ၄၃၂၀ ဆူတို့အား ဗုဒ္ဓါဘိသေကအနေကဇာတင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်  ၆ နာရီခွဲတွင် ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီးရှိ လိုဏ်ဂူတော်အတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ    ဆရာတော်ကြီး ကိုးပါးတို့က   ပန်းပေါင်းစုံ    ဗုဒ္ဓ ရုပ်ပွားတော်မြတ်  ၄၃၂၀ ဆူတို့ အား  ဗုဒ္ဓါဘိသေက  အနေကဇာ တင်ခြင်းအစီအစဉ်ကို    ဆောင် ရွက်တော်မူကြသည်။

 


ထို့နောက်  ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး    ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ၊     နေပြည်တော် ပုဗ္ဗသီရိမြို့နယ် သီရိမင်္ဂလာဝဲကြီးပရိယတ္တိစာသင်တိုက်      ပဓာန နာယကဆရာတော်     အဘိဓဇ မဟာရဋ္ဌဂုရု     ဘဒ္ဒန္တအာဒိစ္စဝံသ မဟာထေရ်မြတ်ထံမှ ပရိသတ် များက ငါးပါးသီလခံယူ ဆောက် တည်၍ ဆရာတော် သံဃာတော် များ    ရွတ်ဖတ်   ပူဇော်အပ်သော      မေတ္တသုတ်   ပရိတ်တရားတော် မြတ်များကို နာယူကြသည်။

 


ယင်းနောက်    နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အလှူရှင်များ က ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားတော် မြတ်များ ဗုဒ္ဓါဘိသေကအနေကဇာ တင်       ပူဇော်လှူဒါန်းခြင်းနှင့်      စပ်လျဉ်း၍     ရှင်းလင်းလျှောက် ထားသည်။ 

 


ထို့နောက်     နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဇနီး ဒေါ်မေမြင့်မောင်နှင့် တာဝန် ရှိသူများက  ဆရာတော်  သံဃာ တော်များအား      လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသည့်   ဧည့် ပရိသတ်များက    နေပြည်တော် တိုင်း သံဃမဟာနာယက ဥက္ကဋ္ဌ ဆရာတော်၊       နေပြည်တော် ပျဉ်းမနားမြို့နယ်၊    သရက်ကုန်း ကျောင်းတိုက်   ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိ ကုမာရ   မထေရ်မြတ်ကြီးထံမှ အနုမောဒနာ တရားနာကြားကြ ကာ  လှူဒါန်းမှု   အစုစုအတွက် ရေစက်သွန်းချ        အမျှပေးဝေ ကြသည်။

 


အခမ်းအနား     ပြီးနောက် နေပြည်တော်ကောင်စီ     ဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့်    ဇနီးအမှူးပြု သော အလှူရှင်များက နေပြည် တော်ကောင်စီရုံးရှိ ဝန်ထမ်းများ၊  နေပြည်တော်စည်ပင်သာယာရေး ကော်မတီ      ရုံးဝန်ထမ်းများ၊  နေပြည်တော်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ    စစ်မှုထမ်းများ၊ နေပြည်တော်    စည်ပင်သာယာ ဖွံ့ဖြိုးရေးဘဏ်ရှိ  ဝန်ထမ်းများ၊  ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရှိ      ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများအတွက်  ပန်းပေါင်းစုံ     ဗုဒ္ဓရုပ်ပွားတော်  မြတ် များအား         ပေးအပ်လှူဒါန်း ရာ   သက်ဆိုင်ရာ    တာဝန်ရှိပုဂ္ဂိုလ် များက    လက်ခံ       ရယူကြ သည်။

 


ပြည်ထောင်စု       နယ်မြေ နေပြည်တော်  ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီးရှိ     လိုဏ်ဂူတော် အတွင်း၌    ပထမအကြိမ်     ပန်း ပေါင်းစုံ    ဗုဒ္ဓရုပ်ပွားတော်မြတ်  ၃၂၂၂   ဆူတို့အား   ၂၀၂၂   ခုနှစ် ဒီဇင်ဘာ  ၂၀  ရက်တွင်   လည်း ကောင်း၊   ဒုတိယအကြိမ် ပန်း ပေါင်းစုံ     ဗုဒ္ဓရုပ်ပွားတော်မြတ်  ၃၃၃၉  ဆူတို့အား  ၂၀၂၃  ခုနှစ်၊ ဇန်နဝါရီ    ၂၃   ရက်တွင်လည်း ကောင်း ဗုဒ္ဓါဘိသေက အနေကဇာ တင်ပူဇော်ခြင်း  အခမ်းအနားကို ကျင်းပ၍    လှူဒါန်းခဲ့ပြီး   ယခု တတိယအကြိမ် ပန်းပေါင်းစုံဗုဒ္ဓ ရုပ်ပွားတော်မြတ်  ၄၃၂၀  ဆူတို့ အား   ဗုဒ္ဓါဘိသေက   အနေကဇာ တင် ပူဇော်ခြင်း အခမ်းအနားကို ကျင်းပပြီး လှူဒါန်းခဲ့ကြောင်း သိရ သည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)