
နေပြည်တော် မေ ၂၀
အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် မုန်တိုင်း ဒဏ်ခံခဲ့ရသည့် ရခိုင်ပြည်နယ်ရှိ ပြည်သူများလိုအပ် သည့် သဘာဝဘေး အန္တရာယ် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အတွက် သွားရောက်မည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်မီးသတ်ဦးစီးဌာန ဗဟိုမီးသတ်စခန်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦး လွင်က မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် သဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက်သွားရောက်မည့် သန္ဓေ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် ပြန်လည်ထူထောင် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ကျရာ ကဏ္ဍအလိုက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အားသွန်ခွန်စိုက် ပူးပေါင်းဆောင်ရွက်ကြစေလို ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော်အနေဖြင့် စံပြဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် ကျန်းမာ ရေးကို အထူးဂရုပြုကြစေလိုကြောင်း ပြောကြား သည်။
ထို့နောက် ကူညီကယ်ဆယ်ရေးအဖွဲ့များအတွက် နေပြည်တော်ကောင်စီက ထောက်ပံ့သည့် ဂုဏ်ပြု ထောက်ပံ့ငွေကျပ် ၃၅ သိန်း၊ ဆန်၊ ဆီ၊ ငါးခြောက်၊ ငါးပိ၊ အသင့်စားဆန်၊ ကြက်ဥ၊ အသင့်စားခေါက်ဆွဲ ခြောက် တို့ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦး လွင်က ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံ ရယူပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ရန်အတွက် ပြည်ထောင်စုနယ်မြေ နေပြည်တော် မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်