နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နိုင်ငံတကာသယ်ယူပို့ဆောင်ရေးထိပ်သီးအစည်းအဝေး တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့သို့ ထွက်ခွာ

 

ရန်ကုန်  ဩဂုတ်   ၂၂


ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကို မြို့၌  ကျင်းပမည့်    နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး    ထိပ်သီး အစည်းအဝေး (International Transport Summit 2023) သို့ တက်ရောက်ရန်   နေပြည်တော် ကောင်စီဥက္ကဋ္ဌ  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညပိုင်းက    ရန်ကုန်မြို့မှ   ရုရှား ဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့သို့ လေကြောင်းခရီးဖြင့်  ထွက်ခွာသွား သည်။


နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့်    အဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီး  အစိုးရအဖွဲ့ ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသ ကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့မှ တာဝန် ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌  ပို့ဆောင်နှုတ် ဆက်ကြသည်။


နိုင်ငံတကာ သယ်ယူပို့ဆောင် ရေး    ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်    နေပြည်တော် ကောင်စီဥက္ကဋ္ဌ     ဦးဆောင်၍ အဖွဲ့ဝင်များအဖြစ်       ရန်ကုန် တိုင်းဒေသကြီး     ဝန်ကြီးချုပ် ဦးစိုးသိန်း၊   ဒေါက်တာသက်ခိုင် ထွန်း (အင်ဂျင်နီယာ)   ဒုတိယ ညွှန်ကြားရေးမှူး  နေပြည်တော် စည်ပင်သာယာရေး    ကော်မတီ၊ ဦးချစ်ကိုကို ဒုတိယဥက္ကဋ္ဌ ရန်ကုန် တိုင်းဒေသကြီး  ပုဂ္ဂလိကသယ်ယူ ပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ တို့ လိုက်ပါသွားကြသည်။


အဆိုပါ ထိပ်သီးအစည်းအဝေး ကို ဩဂုတ် ၂၄ ရက်မှ ၂၆ ရက် အထိ မော်စကို အစိုးရပို့ဆောင်ရေး နှင့်  လမ်းပန်းဆိုင်ရာ    အခြေခံ အဆောက်အအုံ      ဖွံ့ဖြိုးမှုဌာန နှင့်  ပြည်ပစီးပွားဆက်သွယ်ရေး နှင့်  နိုင်ငံတကာဆက်ဆံရေးဌာန တို့ ပူးပေါင်း၍ စီစဉ်ကျင်းပခြင်းဖြစ် ပြီး မျက်မှောက်ခေတ်နိုင်ငံများ၏မြို့တော်များတွင် လက်ရှိကြုံတွေ့ နေရသည့် သယ်ယူပို့ဆောင်ရေး ဆိုင်ရာ   ပြဿနာများအတွက် ဆွေးနွေးနိုင်မည့်   အပြည်ပြည် ဆိုင်ရာကျွမ်းကျင်သူများ  တွေ့ဆုံ ရာ စင်္ကြံတစ်ရပ်    ဖြစ်ပေါ်လာစေ ရေးနှင့်ပို့ဆောင်ရေးဆိုင်ရာကဏ္ဍ တွင် မြို့တော်များအကြား ဆက်ဆံ ရေး    ပိုမိုအားကောင်းလာစေပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှု များဆုံးဖြတ်ရေးကို ရည်ရွယ်ကျင်းပ ခြင်းဖြစ်ကြောင်း သိရသည်။


ဆန်းကျော်ဦး(ပြန်/ဆက်)