
နေပြည်တော် စက်တင်ဘာ ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အဖွဲ့ဝင်၊ ပုဗ္ဗသီရိမြို့ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ မဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန စုပေါင်းရုံးခန်းမ၌ ကျင်းပသည့် ပျဉ်းမနား ခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများအား တွေ့ဆုံ အားပေး ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနား တက်ရောက်သည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော် မှ ပညာရေးကဏ္ဍ မြင့်မားတိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆရာ၊ ဆရာမ များအနေဖြင့် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများ ကို အရည်အသွေးပြည့်ဝပြီး ဗလငါးတန်နှင့် ပြည့်စုံ သော လူတော်လူကောင်းများ၊ နိုင်ငံ့သားကောင်းများ၊ ယဉ်ကျေးလိမ္မာသည့် ကလေးများဖြစ်အောင် ပြုစု ပျိုးထောင်ကြရန် စေတနာ၊ ဝါသနာ၊ အနစ်နာ နာသုံးနာ နှင့်အညီ သင်ကြားပေးစေလိုကြောင်း၊ အနာဂတ် ပညာရေး နယ်ပယ်ကဏ္ဍများ မြင့်မားတိုးတက်ရေး အတွက် တစ်မျိုးသားလုံး ပညာရည် မြှင့်တင်မှုကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆရာ ဆရာမ များအားလုံးက ဝိုင်းဝန်းပူးပေါင်းပြီး ကြိုးပမ်းဆောင် ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ပျဉ်းမနား ခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်းများအား ဆေးစိမ် ခြင်ထောင်များနှင့် ဗဟုသုတရဖွယ် စာအုပ်စာတမ်း များပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများက လက်ခံရယူကြပြီး ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသ ရှိ ဆရာ ဆရာမများကိုယ်စား ကျောင်းအုပ်ဆရာကြီး တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားခရိုင်အတွင်းရှိ ပညာရေးဝန်ထမ်း များအား သက်သာသောဈေးနှုန်းဖြင့် တစ်ဦးလျှင် ဆန်လေးပြည်နှုန်း၊ ဆီ တစ်ပိသာနှုန်းစီဖြင့် ရောင်းချ ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ယနေ့တွင် နေပြည်တော်ရှိ မြို့နယ် ရှစ်မြို့နယ်ရှိ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား တစ်ဦး လျှင် ဆန်လေးပြည်နှုန်း၊ ဆီတစ်ပိဿာနှုန်းစီကို သက်သာသောဈေးနှုန်းဖြင့် တစ်ပြိုင်တည်း ရောင်းချ ပေးလျက်ရှိရာ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ မြို့နယ်အလိုက် သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပျဉ်းမနားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး၌ ပျဉ်းမနားမြို့နယ် တောင်ပေါ်ဒေသကျေးရွာများဘက်စုံဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ တက်ရောက်အမှာစကား ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် ဌာနဆိုင်ရာများက တောင်ပေါ်ဒေသများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက်ရေရရှိရေး၊ လယ်ယာမြေကိစ္စများ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ် များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကိစ္စရပ်များ လက်ရှိ ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ သည် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ မိုးသီရိအထည်ချုပ် လုပ်ငန်းသို့ သွားရောက်၍ အထည်ချုပ်လုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး၍ လိုအပ်သည် များကို မှာကြားသည်။
သတင်းစဉ်