
နေပြည်တော် စက်တင်ဘာ ၂၀
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ခေမာသီဝံကျောင်း တိုက်နှင့် မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်တို့မှ ပဓာနနာယကဆရာတော်ကြီးများအား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့ ခေမာသီဝံကျောင်းတိုက် ပဓာန နာယက ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တတေဇနိယ မဟာထေရ်မြတ်ကြီးထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး နေပြည်တော် ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ တေဇနိယ မဟာထေရ်မြတ်ကြီးနှင့် သံဃာတော် များအား ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း များကို ဆက်ကပ်လှူဒါန်းသည်။
အလားတူ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် နေပြည်တော်တိုင်း သံဃနာယကအဖွဲ့ အဖွဲ့ဝင် ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တစန္ဒောဘာသ မထေရ်မြတ် အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန် တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ သည် ပျဉ်းမနားမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်း ဟောင်းဘေးရှိ မေတ္တာကန်နှင့် ပျဉ်းမနားမြို့နယ် ကျီးအင်းအုပ်စု ကျီးဖြူရိုးကျေးရွာရှိ ရွှေကံကောင်း မွေးမြူရေးခြံတွင် အသားတိုးဝက်မွေးမြူရေးခြံနှင့် အသားတိုး ကြက်မွေးမြူရေးခြံများသို့ သွားရောက် ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ် ကန်တော်မင်္ဂလာ ရှမ်းကန်တွင် အဆင့်မြှင့်တင် တည်ဆောက်လျက် ရှိသည့် ရေလယ်ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်း ဆောင်တို့ အသစ်တည်ဆောက်ခြင်း၊ လူလျှောက် လမ်းတံတားအသစ် တည်ဆောက်နေမှုနှင့် ကန်တော် မင်္ဂလာ ရှမ်းကန်ပတ်လည်တွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ ကြောင်း သိရသည်။
သတင်းစဉ်