နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကြည့်ရှုစစ်ဆေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

 

နေပြည်တော်   ဖေဖော်ဝါရီ   ၂၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊  တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ် ကန်တော်မင်္ဂလာရှမ်းကန် ယာယီရှင်းလင်းဆောင်၌ ပျဉ်းမနားမြို့နယ် မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ပျဉ်းမနား မြို့ကို မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ အမှိုက်များစနစ်တကျစွန့်ပစ်သည့်  အလေ့အထများရှိစေရေး မှာကြားသည်။
ထို့နောက်     နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည်    ပျဉ်းမနားမြို့နယ်   ကန်တော်မင်္ဂလာ ရှမ်းကန်တွင် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိ သည့် ရေလယ်ကျောင်းဆောင်၊   ရှင်ဥပဂုတ္တကျောင်း ဆောင်အသစ်         တည်ဆောက်ခြင်းလုပ်ငန်းများ၊ လူလျှောက်လမ်းတံတားအသစ်  တည်ဆောက်ပြီးစီး မှုနှင့် ကန်တော်မင်္ဂလာရှမ်းကန်၊ ဗိုလ်တောက်ထိန် လမ်းတွင် RC တိုင်   အုတ်စီမြေထိန်းနံရံပြုလုပ်ခြင်း လုပ်ငန်း၊ ရေမြောင်းပြုပြင်ခြင်းလုပ်ငန်းနှင့် ကွန်ကရစ် ရေမြောင်းဖုံး ပြုလုပ်ခြင်းလုပ်ငန်းများ၊  ပျဉ်းမနားမြို့ ရွှေချီရပ်ကွက်အတွင်းရှိ     ရွှေချီ (၆) လမ်းတံတား ငလိုက်ချောင်းအတွင်း   သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု၊ ပျဉ်းမနားမြို့ မေတ္တာကန်ပတ်လမ်း တွင်  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု နှင့် လမ်းမီးတိုင်များ စိုက်ထူတပ်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ်   မအူတောကျေးရွာ အုပ်စု စိမ်းစားပင်ကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌  ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ နွေစပါးစိုက်ပျိုးသည့်   တောင်သူများထံ   သဘာဝ မြေဩဇာ၊ နွေသီးနှံစိုက်ပျိုးမည့်  တောင်သူများအား ရေဆင်းစပ်မျိုးနေကြာ-၁   မျိုးများကို   ထောက်ပံ့ ပေးအပ်သည်။
ဆက်လက်၍   နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ် ကြံဖိုစုကျေးရွာအနီးတွင် နေပြည်တော် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့်  ဆင်သေချောင်း လျှပ်စစ်ရေတင်လုပ်ငန်း  ဆောင်ရွက်နေမှုကို လည်း ကောင်း၊ ဇမ္ဗူသီရိမြို့နယ်  အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့်  ပဉ္စမတန်း(Grade - 5)နှင့်   အခြေခံပညာအလယ်တန်းအဆင့်  နဝမတန်း (Grade - 9)   နှစ်ဆုံးစာမေးပွဲတွင်   ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို မှာကြားသည်။
မွန်းလွဲပိုင်းတွင်   နေပြည်တော်ကောင်စီဥက္ကဋ္ဌ သည်   နေပြည်တော်ကောင်စီရုံး   အစည်းအဝေး ခန်းမ၌ကျင်းပသည့်        ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း   တရားမဝင်ကုန်သွယ်ရေး လုပ်ငန်းများမရှိစေရေးနှင့်  ကုန်ဈေးနှုန်းတည်ငြိမ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့   တက်ရောက်ပြီး အမှာစကားပြောကြားသည်။


ထို့နောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက  နေပြည်တော် အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေ ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေ၊ ကုန်ဈေးနှုန်း တည်ငြိမ်ရေးလုပ်ငန်းများ       ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌက  လိုအပ်သည်များကို     ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်